သွေးလည်ပတ်မှုကောင်းစေဖို့ ကလေးတွေကို ဗီတာမင်ကျွေးကြမယ်

by: Phyo Pyae Thu
 1 comments  1 love

ဖေဖေ မေမေတို့ရေ သားသားမီးမီးလေးတွေ သွေးလည်ပတ်မှုအားကောင်းစေမယ့် အရာတွေအများကြီးထဲကမှ ဗီတာမင်တွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။

ခန္ဓာကိုယ်မှာ သွေးရဲ့ လည်ပတ်မှုက အရေးကြီးဆုံးပါနော်။ သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှု ကောင်းမွန်နေဖို့ လုပ်ဆောင်ပေးမှသာ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ သားသားမီးမီးလေးတွေမှာလည်း သွေးလည်ပတ်မှုက အရေးကြီးပါတယ်။

သားသားမီးမီးလေးတွေမှာလည်း သွေးလည်ပတ်မှုက အရေးကြီးပါတယ်(Photo:HDFootageStock.com)

သားသားမီးမီးလေးတွေမှာ သွေးလည်ပတ်မှု အားနည်းတဲ့အခါမှာ

နှလုံးရောဂါ၊ အသက်ရှူကျပ်ခြင်း၊ ဆီးချိုရောဂါနဲ့ တခြား ရောဂါတွေပါ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို ဗီတာမင်တွေနဲ့ အားဖြည့်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။ သားသားမီးမီးလေးတွေရဲ့ ဦးနှောက်ဆီကို သွေးပုံမှန်မရောက်ဘူးဆိုရင်လည်း ဥာဏ်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။

သားသားမီးမီးလေးတွေကို ဖြည့်စွက်စာတွေထဲမှာလည်း ထည့်သွင်းကျွေးပေးနော်(Photo:HDFootageStock.com)

Vitamin B-6

Vitamin B 6 ကတော့ သားသားမီးမီးလေးတို့ကို သွေးလည်ပတ်မှုအားကောင်းစေတဲ့အပြင် သွေးအားနည်းခြင်းကြောင့် ဖြစ်တဲ့ နှလုံးရောဂါနဲ့ သွေးခဲခြင်းတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။  နေကြာစေ့၊ တူနာငါး၊ ထောပတ်သီး၊ ကြက်သား၊ ငှက်ပျောသီး၊ ဟင်းနုနွယ်တွေကနေ Vitamin B 6 ကို ရရှိနိုင်ပါတယ်။

Vitamin D

Vitamin D ဆိုတာကတော့ ခန္ဓာကိုယ် ကျန်းမာရေးမှာ အလွန်အရေးကြီးလွန်းတဲ့ ဗီတာမင် တစ်မျိုးပါ။ သားသားမီးမီးလေးတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မနက်ခင်းနေရောင်ခြည်နုနုလေးကနေလည်း ရရှိနိုင်သလို အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ ဥအမျိုျးမျိုး၊ မှို၊ အဆီထုတ်ထားတဲ့ နွားနို့၊ ဒိန်ချဉ်ကနေ ရရှိနိုင်ပါတယ်။

Vitamin E

Vitamin E ကတော့ သွေးလည်ပတ်မှုကို တိုးတက်စေပြီး အသားအရည်ကြည်လင်ဖို့ သွေးရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ကောင်းစေပါတယ်။ Vitamin Eကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးအဖြစ်လည်း တိုက်ကျွေးနိုင်ပါတယ်။ ကန်စွန်းဥနဲ့ သံလွင်ဆီတွေကနေ ရရှိနိုင်တယ်နော်။

Vitamin K

Vitamin K ကတော့ သွေးလည်ပတ်မှုကို ကောင်းမွန်စေရုံသာမက သွေးယိုစီးမှုကိုပါ မဖြစ်စေပါဘူး။ ဒါဟာ သားသားမီးမီးလေးတွေ ကျန်းမာဖို့ အလိုအပ်ဆုံး ဗီတာမင်ဓါတ်ပါပဲ။ ဟင်းသီးဟင်းရွက်စိမ်း၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ ဆလပ်ရွက်တွေကနေ ရရှိနိုင်တယ်နော်။ သားသားမီးမီးလေးတွေကို ဖြည့်စွက်စာတွေထဲမှာလည်း ထည့်သွင်းကျွေးပေးနော်။

သားသားမီးမီးလေးတွေ သွေးလည်ပတ်မှုအားကောင်းစေမယ့် အရာတွေအများကြီးထဲကမှ ဗီတာမင်တွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles