သားသားမီးမီးလေးတွေ အရေပြားအတွက် မရှိမဖြစ်လိုတဲ့ ဗီတာမင် (၅)မျိုး

by: Phyo Pyae Thu
 0 comments  2 love

သားသားမီးမီးလေးရဲ့ အရေပြား ကောင်းမွန်ကြည်လင်နေပြီး အရေပြားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေချင်တယ်ဆိုရင်တော့ ဗီတာမင်တွေနဲ့ ဖြေရှင်းလို့ ရပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်မှာ ရာခိုင်နှုန်းအများဆုံးကတော့ အရေပြားပါပဲ။ သားသားမီးမီးလေးရဲ့ အရေပြား ကောင်းမွန်ကြည်လင်နေပြီး အရေပြားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေချင်တယ်ဆိုရင်တော့ ဗီတာမင်တွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ ဘယ်လို ဗီတာမင်တွေလဲဆိုတာ ကြည့်ကြည့်ပါဦးနော်။

ဗီတာမင် A

အရေပြားပေါ်က တစ်ရှူးတွေ ထိန်းသိမ်းခြင်း၊ ပြန်လည်သန်စွမ်းခြင်းတွေအတွက် ဗီတာမင် A က အရေးကြီးပါတယ်။ ဗီတာမင် A အားနည်းရင် အရေပြားက မွဲခြောက်ခြောက် ဖြစ်နေတတ်ပါတယ်။ အာလူး၊ မုန်လာဥနဲ့ အစိမ်းရင့်ရောင် အရွက်တွေမှာ ဗီတာမင် A လုံလုံလောက်လောက် ပါဝင်ပါတယ်။

ဗီတာမင် B

ဂျုံ၊ ဆန်၊ ဥ၊ ငှက်ပျောသီး စတဲ့ အစားအသောက်တွေမှာ ဗီတာမင် B ပါဝင်ပါတယ်။ ဗီတာမင် B အစားနည်းရင် အရေပြားရောဂါနဲ့ ဆံပင်ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို ဗီတာမင် ဓါတ်ပါတာတွေ ကျွေးဖို့ မမေ့နဲ့နော်။

ဗီတာမင် C

အရည်ရွှမ်းတဲ့ အသီးအရွက်တွေ၊ ငရုတ်ပွနဲ့ ပန်းဂေါ်ဖီတို့မှာ ပါဝင်တဲ့ ဗီတာမင် C က အအေးမိခြင်းကို ကာကွယ်ပေးသလို၊ အရေပြားမှာရှိတဲ့ အရေးအကြောင်းတွေကိုလည်း ပျောက်စေပါတယ်။ အရေပြားကိုလည်း နူးညံ့စေပြီး နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုတွေကို နည်းစေပါတယ်။

ဗီတာမင် K

အရေပြားပေါ်က အမဲကွက်တွေ၊ အညိုအမဲစွဲတာတွေအတွက် အကောင်းဆုံးကတော့ ဗီတာမင် K ပါပဲ။ ဗီတာမင် K က အရေပြားပေါ်က အရောင်မညီညာမှုတွေကို လျော့ပါးစေသလို အရေးအကြောင်းတွေကိုလည်း ပျောက်ကင်းစေတယ်။ အစိမ်းရောင် အရွက်တွေဆီကနေ ဗီတာမင် K ရရှိနိုင်ပါတယ်။

ဗီတာမင် E

ဗီတာမင် E ကတော့ အရေပြားမှာ အမာရွတ်ကျန်တာ၊ မွဲခြောက်တာတွေကို ပျောက်စေပါတယ်။ အခွံမာသီးနဲ့ သံလွင်ဆီတို့ကို စားပေးတာက ဗီတာမင်Eကို ရနိုင်ပါတယ်။ အရေပြားနူးညံ့မှုကို အထောက်အကူပြုပါတယ်။ အမာရွတ်အတွက်လည်း ဗီတာမင်Eကို မှန်မှန်လိမ်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

အသားအရည်ကောင်းမွန်နေဖို့က ဗီတာမင်ဓါတ်စုံစုံလင်လင်လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicecarehealthvitamine


Comments

0 comments
Latest video
Refer to more useful articles