ကြွက်သားသန်မာဖွံ့ဖြိုးတဲ့ သားသားမီးမီးလေးတွေ ဖြစ်စေဖို့အတွက်

by: Phyo Pyae Thu
 0 comments  0 love

ကြွက်သားတွေ ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့ အစာအာဟာရဓါတ်တွေကို သွေးကြောတွေက လုပ်ဆောင်ပေးပြီး ဗီတာမင်စီကတော့ လည်ပတ်ဖို့ ထောက်ပံ့ပါတယ်။

ဗီတာမင်တွေဟာ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးပါပါတယ်(Photo: Bright Horizons)

ခန္ဓာကိုယ် ဖွံ့ဖြိုးစေဖို့ဆိုတာ အရိုးအဆစ်တွေ သန်မာခြင်းနဲ့ ကြွက်သားတွေ တောင့်တင်းခြင်းတွေ အချိုးညီညီ ရှိမှ ဖြစ်မှာပါ။ ဒါမှလည်း ဘက်စုံညီတူ ညီမျှ ဖွံ့ဖြိုးတာတွေ ဖြစ်မှာပါနော်။ ဗီတာမင်တွေဟာ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးပါပါတယ်။ ဗီတာမင် အမျိုးအစားတွေကလည်း များလွန်းတာမို့  ဘယ်ဗီတာမင်က သားသားမီးမီးလေးတွေရဲ့ ကြွက်သားသန်မာဖို့ အထောက်အကူပြုတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အင်ဆူလင်ဓါတ်ရဲ့ တုံ့ပြန်မှု့ အားနည်းလာတဲ့အခါမှာ ကြွက်သားကလည်း အားနည်းလာပါတယ်(Photo: Bright Horizons)

အိုမီဂါ

ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဓါတ်ရဲ့ တုံ့ပြန်မှု့ အားနည်းလာတဲ့အခါမှာ ကြွက်သားကလည်း အားနည်းလာပါတယ်။ ဒီအချိန်မှာ သားသားမီးမီးလေးတွေရဲ့ လက်မောင်းလေးတွေ ပျော့စိစိ ဖြစ်တယ်လို့ မေမေတို့ ခံစားမိကြမှာပါ။ အိုမီဂါကတော့ အင်ဆူလင်တုံ့ပြန်မှုကို အားကောင်းစေတဲ့အတွက် ကြွက်သားအားနည်းတာတွေ မဖြစ်စေပါဘူး။ ပင်လယ်စာတွေမှာ အိုမီဂါတွေ ပါဝင်ပါတယ်။ သားသားမီးမီးလေးတွေကို ငါးကျွေးဖို့ လိုပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါနော်။ ဗီတာမင်စီဟာ ခန္ဓာကိုယ်ကျန်းမာစေဖို့ အရမ်းအရေးကြီးပါတယ်။ တချို့ဆိုရင် ဗီတာမင်စီ ဆေးဝါးလေးတွေ မှီဝဲတာတောင် ရှိပါတယ်။ ကြွက်သားတွေ ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့ အစာအာဟာရဓါတ်တွေကို သွေးကြောတွေက လုပ်ဆောင်ပေးပြီး ဗီတာမင်စီကတော့ ဒီသွေးကြောတွေ ကောင်းမွန်စွာ လည်ပတ်ဖို့ ထောက်ပံ့ပါတယ်။ ကလေးငယ်တွေကိုတော့ ဗီတာမင်စီဆေးဝါးတိုက်ဖို့ မလိုအပ်ဘဲနဲ့ အစားအစာထဲမှာပဲ ဗီတာမင်စီ ထည့်ကျွေးရမှာပါ။ ခရမ်းချဉ်သီး၊စတော်ဘယ်ရီသီး၊လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးတွေကနေ ဗီတာမင် စီကို ရရှိနိုင်ပါတယ်။

ဗီတာမင်ဘီအုပ်စုဟာ ကြွက်သားတွေကို သန်မာစေပါတယ်(Photo: Bright Horizons)

ဗီတာမင်ဘီ

မေမေတို့ရေ ဗီတာမင်ဘီအုပ်စုဟာ သားသားမီးမီးလေးတွေရဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဗီတာမင်ဘီအုပ်စုကို မှို၊ ထောပတ်၊ ပဲပိစပ်၊ ငါး၊ အမဲအသည်း၊ မြေပဲ၊ ဂျုံ၊ ပေါင်မုန့်နဲ့ ဆန်ကနေ ရရှိနိုင်ပါတယ်။ ဒိန်ခဲ၊ ဥနဲ့ နွားနို့တွေကလည်း B2 ကို ရရှိနိုင်ပါသေးတယ်။ သားသားမီးမီးလေးတွေ စားသုံးတဲ့ အစားအစာတွေထဲမှာ ဒါလေးတွေ ထည့်ကျွေးရင် ကြွက်သားတွေ သန်မာလာမှာ အသေအချာပါပဲ။

From Kalay with

Tag: advicegood tipshealthvitamin

Comments

0 comments
Latest video