သားသားမီးမီးလေးတွေ အမြင်အာရုံကြည်လင်ဖို့နဲ့ အသားအရည်ကောင်းလာဖို့

by: Phyo Pyae Thu
 1 comments  6 love


သားသားမီးမီးလေးတွေ အမြင်အာရုံကြည်လင်ဖို့နဲ့ အရိုးအဆစ်တွေ သန်မာစေဖို့အတွက် ဗီတာမင် အေက မရှိမဖြစ် လိုအပ်ပါတယ်။ ဗီတာမင် အေ ဟာ ခန္ဓာကိုယ်ထဲမှာ တစ်ရှူးတွေ ကောင်းမွန်စွာ ကြီးထွားဖို့အတွက် အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တာမို့ သားသားမီးမီးလေးတွေ ကျန်းမာစေဖို့အတွက် ဗီတာမင် အေ ရရှိဖို့ လိုပါတယ်။

သားသားမီးမီးလေးတွေ အမြင်အာရုံကြည်လင်ဖို့နဲ့ အရိုးအဆစ်တွေ သန်မာစေဖို့အတွက် ဗီတာမင် အေက မရှိမဖြစ် လိုအပ်ပါတယ် (Photo by Happy Family Organics)

သံဓါတ်

ကလေးငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သံဓါတ်က မရှိမဖြစ် အရေးပါနေပါတယ်။ သံဓါတ်အားနည်းနေမယ်ဆိုရင် ကလေးငယ်မှာ ဆေးဘက်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ သွေးအားနည်းရောဂါတွေ၊ သင်ယူနိုင်စွမ်းကျဆင်းတာ၊ ဖွံ့ဖြိုးမှုဆိုင်ရာနှောက်နှေးတာနဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

မွေးကင်းစကလေးငယ်မှာ သံဓါတ်အားနည်းတာတွေမဖြစ်အောင် နို့တိုက်မေမေတွေက သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ မွေးကင်းစကနေ အသက်(၆)လအထိ ကလေးငယ်အတွက် လိုအပ်တဲ့ သံဓါတ်ကို မိခင်နို့ကနေ ရရှိပါတယ်။ ခြောက်လအထက် ကလေးငယ်တွေကိုတော့ သံဓါတ်ကြွယ်ဝစွာပါတဲ့ ဖြည့်စွက်စာတွေကို ကျွေးပေးဖို့ လိုအပ်ပါတယ်။

ဖလိုရိုက်

မွေးကင်းစကလေးငယ်တွေမှာတော့ ဖလိုရိုက်ဓါတ်မလိုအပ်သေးပါဘူး။ အသက်ခြောက်လအထက် သွားလေးတွေ စပေါက်တဲ့အချိန်ကစပြီး ဖလိုရိုက်ဓါတ် လိုအပ်လာပါပြီ။ ဖလိုရိုက်က အပို ဗီတာမင်ဓါတ်မဟုတ်ပါဘူး။ ကလေးငယ်တွေအတွက် လိုအပ်နေတဲ့ ဗီတာမင်တစ်ခုပါ။

ဗီတာမင် D

ဗီတာမင် D နည်းတဲ့ကလေးငယ်ေ်တွမှာ အရိုးပြဿနာဖြစ်ပွားနိုင်ပါတယ်။ ဖော်မြူလာနို့မှုန့် တိုက်ကျွေးနေတဲ့ ကလေးငယ်တွေအတွက်တောာ့ စိတ်ပူစရာမလိုပါဘူး။ မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးငယ်တွေအတွက်တော့ မေမေတို့က ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးပါနော်။ ဖြည့်စွက်စာစားနေတဲ့ သားသားမီးမီးလေးတွေအတွက်လည်း ဗီတာမင် D ပါဝင်တဲ့ အစားစာတွေကို ထည့်သွင်းကျွေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အမြင်အာရုံကို ဂရုစိုက်ပါ (Photo by Kidspot)

 ဖြည့်စွက်စာ စတင်စားတဲ့ အချိန်ကစပြီး ဗီတာမင် အေ ထည့်ကျွေးဖို့ မေမေတို့ သတိပြုရပါမယ်

သားသားမီးမီးလေးတွေရဲ့ အသားအရေ စိုပြည်ခြင်းဆိုတာကလည်း ဗီတာမင်ပေါ်မှာ အများကြီး မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဆဲလ်တွေကို အသစ်တဖန်ပြန်လည် မွေးဖွားနိုင်အောင် ပြုလုပ်ပေးတာ ဗီတာမင် အေ ပါပဲ။ သားသားမီးမီးလေးတွေ အသက်(၆) လဆိုရင် တစ်နေ့ကို ဗီတာမင် အေ (၄၀၀) mcg လိုအပ်ပြီး အသက်(၇) လကနေ (၂) နှစ်အတွင်းဆိုရင်တော့ (၅၀၀) mcg လိုအပ်ပါတယ်။ မေမေတို့ သားသားမီးမီးလေးတွေအတွက် ဗီတာမင် အပြည့်အ၀ ရအောင် ဒီလို အစားအစာတွေ ကျွေးပေးသင့်ပါတယ်။

အမဲအသည်း

အမဲသားဟာ သွေးအားကောင်းစေတယ်ဆိုတာ မေမေတို့ သိထားပြီးသား ဖြစ်မှာပါ။ အမဲအသည်းဟာ ဗီတာမင် အေအပြည့်အဝပေးနိုင်တဲ့ အသားတစ်မျိုးပါပဲ။ ဒီတော့ ဗီတာမင် အေ အတွက် အသားကျွေးချင်တယ်ဆိုရင် မေမေတို့ အမဲအသည်းကို ကျွေးပေးသင့်ပါတယ်။

ကြက်ဥနဲ့ ချိစ်

ကြက်ဥမှာလည်း ဗီတာမင် အေလုံလုံလောက်လောက်ပါတယ်ဆိုတာ မေမေတို့ မမေ့သင့်ပါဘူး။ သားသားမီးမီးလေးတွေဟာ အသီးအရွက်မကြိုက်၊ အသားမစားချင်ဆိုရင်တောင် ကြက်ဥ ကျွေးပေးလို့ ရပြီး ချိစ်မှာလည်း ဗီတာမင် အေ တွေ ပါဝင်ပါတယ်။

မုန်လာဥမှာလည်း ဗီတာမင် အေလုံလုံလောက်လောက်ပါတယ်ဆိုတာ မေမေတို့ မမေ့သင့်ပါဘူး (Photo by Cathe Friedrich)

မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင် အေ အပြည့်အဝ ပါဝင်တာမို့ သားသားမီးမီးလေးတွေအတွက် အကောင်းဆုံးပါ။ မုန်လာဥနီကို မကြိုက်ကြတာလည်း ရှိတာကြောင့် မုန့်လာဥနီ တစ်မျိုးတည်း ကျွေးတာမျိုး မလုပ်ဘဲ ပြုတ်ပြီး အသားတစ်ခုခုနဲ့ ရောကျွေးတာမျိုး ပြုလုပ်ပေးပါ။ လက်နဲ့ ကိုင်စားတတ်တဲ့ အရွယ်ဆိုရင်တော့ ရေလေးစင်အောင်ဆေးပြီး ကိုင်စားခိုင်းတာမျိုး လုပ်ပေးပါ။

ဟင်းနုနွယ်နဲ့ ပန်းဂေါ်ဖီစိမ်း

ဗီတာမင် အေ ပေးနိုင်တဲ့ အရွက်တွေထဲမှာ ဟင်းနုနွယ်နဲ့ ပန်းဂေါ်ဖီစိမ်းက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဟင်းနုနွယ်ဟာ ဗီတာမင် အေ (၁၃) ရာခိုင်နှုန်းနဲ့ ပန်းဂေါ်ဖီစိမ်းက (၁၁) ရာခိုင်နှုန်း ပေးစွမ်းနိုင်တာကြောင့် မေမေတို့ သားသားမီးမီးလေးတွေကို ကျွေးသင့်ပါတယ်။

မွေးကင်းစထဲက အသားအရေလေး ကောင်းနေစေဖို့

မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ အသားအရေလေးတွေ အမြဲကြည်လင်ကောင်းမွန်စေဖို့ မေမေတို့မှာ တာဝန်ရှိတယ်နော်။ အသားအရေလေးတွေ လှဖို့ ဗီတာမင်လေးတွေကနေ ရယူလို့ရပါတယ်။ ဒီတော့ ဘယ်လို ဗီတာမင်လေးတွေက သားသားမီးမီးလေးတွေရဲ့ ချစ်စရာကောင်းလှတဲ့အရေပြားအသားအရည်လေးတွေကို ထောက်ပံ့ပေးမလဲဆိုတာ ဖတ်ကြည့်ပေးနော်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို နေပြတာက ကျန်းမာရေးအတွက်လည်း ကောင်းသလို အသားအရည်ကြည်လင်လှပဖို့လည်း အထောက်အကူပြုပါတယ်နော်။ နေရောင်ခြည်နုနုလေးမှာ ဗီတာမင္ဒီပါတာကြောင့်ပါ။ သားသားမီးမီးလေးတွေရဲ့ အသားအရေလေးတွေ နူးနူးအိအိလေးတွေ ဖြစ်မနေစေချင်ဘူးလား။ ဒါဆိုရင်တော့ Vitamin e လေးသာ ဆောင်ထားလိုက်ပါနော်။ သားသားမီးမီးလေးတွေအတွက် ဗီတာမင် E ပါတဲ့ အဆီလေးတွေ လိမ်းပေးဖို့ ရသလို အစားအစာတွေလည်း ကျွေးလို့ ရပါတယ်နော်။နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးတာတွေကို လျော့ကျစေပါတယ်။ သားသားမီးမီးလေးတွေ နေပူထဲ အရမ်းဆော့လို့ အသားလေးတွေမဖြူတော့ဘူးဆိုရင် ဗီတာမင်စီပါတဲ့ အစားအစာလေးတွေ ကျွေးပေးနော်။ သံပရာသီး၊ လိမ္မော်သီးလေးတွေ ကျွေးပေးပါ။ နွားနို့ကလည်း အသားအရေ ကြည်လင်တောက်ပစေတဲ့ အစားအစာတွေထဲက တစ်ခုပါ။ သားသားမီးမီးလေးတွေမှာ သံဓါတ်ရဖို့ နွားနို့လည်း တိုက်ပါ။ သားသားမီးမီးလေးတွေ အသက်(၃) နှစ်လောက်ဆိုရင်တော့ ဒိန်ချဉ်တိုက်လို့ ရပါပြီနော်။ ဒိန်ချဉ်က အသားအရေ စိုပြည်ကြည်လင်စေတဲ့ ဗီတာမင်တွေ များစွားရှိတာမို့ တိုက်ပေးပါ။

ရေကတော့ များများတိုက်လေ ကောင်းလေနော်

ရေရဲ့ အသားအရေနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးတွေက အတော့်ကို များပြားပါတယ်။ ရေဓါတ်တွေ ပြည့်ဝနေမယ်ဆိုရင် အသားအရေ ညစ်ညစ်ကြီး ဖြစ်နေမှာ မဟုတ်တော့ဘဲ ကြည်တောက်နေမှာပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေ (၄) နှစ်လောက် အရွယ်ဆိုရင်တော့ အသားအရေ စိုပြေစေဖို့အတွက် အလှဆီခရင်မ် လေးတွေ လိမ်းပေးလို့ ရသေးတယ်နော်။ Vitamin E ပါတဲ့ lotion လေးတွေ လိမ်းပေးနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles