ကာကွယ်ဆေးထိုးပြီး ကလေးငယ်ဖျားမှာ စိုးရိမ်တတ်တဲ့ မိဘတွေအတွက်

by: Nang Htwe
 0 comments  2 love


ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးကို ပြည့်ပြည့်စုံစုံထိုးရပါတယ်။ ကာကွယ်ဆေးက ကလေးငယ်တွေ ကြုံတွေ့နိုင်တဲ့ ကြောက်လန့်စရာကောင်းတဲ့ အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မေမေတို့စိုးရိမ်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ကလေးငယ် ကာကွယ်ဆေးထိုးပြီးတဲ့အခါ နေမကောင်းဖြစ်တာကိုပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်လေးတွေကို Kalay ကနေ တဆင့် ပြန်လည်ဖော်ပြပေးပါ့မယ်။

(Photo by Ministry of Health and Sports, Myanmar)

 

 ကလေးအသက် ထိုး၊ တိုက်ပေးရမယ့် ကာကွယ်ဆေး ထိုးနှံပေးသော နေရာ ကာကွယ်နိုင်သောရောဂါများ
 မွေးကင်းစ  ဘီစီဂျီ

အသည်းရောင်အသားဝါ(ဘီ)

 ဘယ်လက်မောင်း

ဘယ်ဘက်ပေါင်

 ပြင်းထန်တီဘီရောဂါ

အသည်းရောင်အသားဝါ(ဘီ)ရောဂါ

 (၂)လ  ဘီစီဂျီ

ပိုလီယို

ပီစီဗီ

ငါးမျိုးစပ်

ဘယ်လက်မောင်း

ပါးစပ်မှ (ဆေးနှစ်စက်)

ညာဘက်ပေါင်

ဘယ်ဘက်ပေါင်

 ပြင်းထန်တီဘီရောဂါ

ပိုလီယိုအကြောသေရာဂါ

ပြင်းထန်အဆုတ်ရောင်ရောဂါ

ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)

 (၄)လ  ပိုလီယို

ပီစီဗီ

ပိုလီယိုထိုးဆေး

ငါးမျိုးစပ်

 ပါးစပ်မှ (ဆေးနှစ်စက်)

ညာဘက်ပေါင်

ညာဘက်ပေါင်

ဘယ်ဘက်ပေါင်

 ပိုလီယိုအကြောသေရာဂါ

ပြင်းထန်အဆုတ်ရောင်ရောဂါ

ပိုလီယိုအကြောသေရာဂါ

ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)

ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါ

 (၆)လ  ပိုလီယို

ပီစီဗီ

ငါးမျိုးစပ်

ပါးစပ်မှ (ဆေးနှစ်စက်)

ညာဘက်ပေါင်

ဘယ်ဘက်ပေါင်

 ပိုလီယိုအကြောသေရာဂါ

ပြင်းထန်အဆုတ်ရောင်ရောဂါ

ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)

ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါ

 

 (၉)လ ဝက်သက် – ဂျိုက်သိုး

ဂျပန်ဦးနှောက်ရောင်

ဘယ်လက်မောင်း

ညာလက်မောင်း

ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ

ဂျပန်ဦးနှောက်ရောင်ရောဂါ

 (၁)နှစ်ခွဲ  ဝက်သက် – ဂျိုက်သိုး  ဘယ်လက်မောင်း  ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ

 

(Photo by Ministry of Health and Sports, Myanmar)

 

ထိုး/တိုက်ပေးရမယ့် ကာကွယ်ဆေး ဆေးထိုးပြီး ဖြစ်တတ်သော သာမန်လက္ခဏာများ
ဘီစီဂျီ  ဆေးထိုးသောနေရာတွေ နာခြင်း၊ ရောင်ခြင်း (၁၀၀%)
အသည်းရောင်အသားဝါ(ဘီ)  ဖျားခြင်း(၁%-၆%)၊ ဆေးထိုးသောနေရာတွေနာခြင်း၊ ရောင်ခြင်း(၅%)
ပိုလီယိုအစက်ချဆေး  ဖျားခြင်း(၁%)၊ မအီမသာဖြစ်ခြင်း (၁%)
ငါးမျိုးစပ်  ဖျားခြင်း(၅၀%)၊ ဆေးထိုးသောနေရာတွေ နာခြင်း၊ ရောင်ခြင်း(၅၀%)၊ မအီမသာဖြစ်ခြင်း(၆၀%)
ပိုလီယိုထိုးဆေး  ဖျားခြင်း(၁%)
ဝက်သက်-ဂျိုက်သိုး  ဖျာခြင်း(၁၀%)၊ ဆေးထိုးသောနေရာတွင်နာခြင်း၊ ရောင်ခြင်း(၅%)၊ အရေပြားတွင် အနီစက်ထွက်ခြင်း(၅%)
ဂျပန်ဦးနှောက်ရောင်  ဖျားခြင်း(၅-၂၀%)၊ ဆေးထိုးသောနေရာတွင်နာခြင်း၊ ရောင်ခြင်း(၅%)၊ အရေပြားတွင် အနီစက်ထွက်ခြင်း(၅%)
ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ လက္ခဏာများ  ပြုစုပုံ
ဆေးထိုးသောနေရာတွင် ရောင်ခြင်း၊နာခြင်း  ဆေးထိုးသောနေရာကို သန့်ရှင်းသော ရေအေးဖတ်ဖြင့် အုပ်ပါ။ Paracetamol တိုက်ပါ။
ဖျားခြင်း  အရည်များများတိုက်ပါ။ ဆေးသောအဝတ်အစားများ ဝတ်ပေးပါ။ ရေပတ်တိုက်ပေးပါ။ Paracetamol တိုက်ပါ။
အခြားလက္ခဏာများ  (၁)ရက်၊ (၂)ရက်အတွင်း အလိုလိုပျောက်ကင်းလေ့ရှိပါသည်။ လက္ခဏာပြင်းထန်လျှင်သော်လည်းကောင်း၊ အချိန်ကြာရှည်သော်လည်းကောင်း ဆေးထိုးပေးသော သားဖွားဆရာမ (သို့မဟုတ်) ဆရာဝန်နှင့် ချက်ချင်းပြသပါ။

 

Ref: Ministry of Health and Sports, Myanmar

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles