ကလေးမှာထိုးတဲ့ ကာကွယ်ဆေးနဲ့ အကျိုးသက်ရောက်မှု

by: Nang Htwe
 0 comments  1 love

ကလေးငယ်တွေမှာ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးသက်ရောက်မှု အလွန်နည်းပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကို စိတ်ချလက်ချကာကွယ်ဆေး အပြည့်အစုံထိုးပေးပါ။

သားသားမီးမီးလေးတွေကို ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ ဆယ့်ငါးမိနစ်ခန့် စောင့်ကြည့်နေပေးဖို့လိုပါတယ်။ သားသားမီးမီးလေးတွေမှာ ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး သက်ရောက်မှု နည်းပါတယ်။ဒါပေမယ့်လည်း ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ မေမေဖေဖေတို့သိထားသင့်ပါတယ်။

သားသားမီးမီးလေးတွေကို ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ ဆယ့်ငါးမိနစ်ခန့် စောင့်ကြည့်နေပေးဖို့လိုပါတယ် (Photo by iStock)

ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအများစုက ပြဿနာအပျော့စား ဖြစ်တာကြောင့် အသက်အန္တရာယ်ထိခိုက်မှု နည်းပါတယ်။ ကာကွယ်ဆေးမထိုးပေးမှသာ အသက်အန္တရာယ်ကိုထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအများစုကတော့

  • နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ အနီဖုထွက်ခြင်း
  • အပျော့စားဖျားခြင်း
  • ချမ်းတုန်ခြင်း
  • ပင်ပန်းခြင်း
  • ခံတွင်းပျက်ခြင်း
  • ယားယံခြင်း
  • ကိုယ်ပူဖျားခြင်း
  • အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်းနဲ့
  • ကြွက်သားအဆစ်အမြစ်နာကျင်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ကလေးငယ်တွေမှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးသက်ရောက်မှု နည်းပါတယ်။ ကလေးငယ်(၁)သန်းမှာ ကာကွယ်ဆေးဓာတ်မတည့်နှုန်း(၁)ယောက် သို့မဟုတ် (၂)ယောက်နှုန်းသာရှိပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကို စိတ်ချလက်ချကာကွယ်ဆေး အပြည့်အစုံထိုးပေးပါ။

ကလေးငယ်တွေမှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးသက်ရောက်မှု နည်းပါတယ် (Photo by MOMs Club)

ကာကွယ်ဆေးထိုးပြီးနောက်

  • ဖျားလာခဲ့ရင် သို့မဟုတ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ လက္ခဏာတစ်ခုခုကို ခံစားရခဲ့ရင် ဆရာဝန်တွေဆီမှာ သွားရောက်ပြသသင့်ပါတယ်။
  • ကာကွယ်ဆေး ထိုးပြီးနောက် သားသားမီးမီးလေးတွေ (၃)နာရီဆက်တိုက်ငိုနေတယ်ဆိုရင်တော့ ဆရာဝန်တွေဆီမှာ အမြန်ဆုံးပြသပေးပါ။
  • ကာကွယ်ဆေး ထိုးပြီးနောက် သားသားမီးမီးလေးတွေမှာ အဖျား(၁၀၅)ဒီဂရီဖာရင်ဟိုက်ကို ကျော်သွားခဲ့ရင်လည်း ဆရာဝန်တွေဆီမှာ ပြသပေးပါ။
  • ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်တဲ့နာကျင်တဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင် ဆရာဝန်တွေဆီမှာ အမြန်ဆုံပြသပေးပါ။
  • ကာကွယ်ဆေးကို ပထမကြိမ်ထိုးခဲ့ပြီးလို့ ဓာတ်မတည့်မှုကို ခံစားရပြီး နေမကောင်းဖြစ်နေတယ်ဆိုရင် နောက်တစ်ကြိမ်ကိုတော့ နေကောင်းပျောက်မှ ထိုးပေးသင့်ပါတယ်။ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တဲ့ ဝေဒနာခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက သားသားမီးမီးလေးတို့အပေါ် သက်ရောက်မှုနည်းတာကြောင့် စိတ်ချလက်ချ အသက်အရွယ်အလိုက် ကာကွယ်ဆေးအပြည့်အစုံထိုးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: FeverHeadachePain


Comments

0 comments
Latest video
Refer to more useful articles