သားသားမီးမီးလေးတွေကို ဥာဏ်ရည်မြင့်မားစေမယ့် ဗီတာမင် E

by: Nang Htwe
 0 comments  2 love

သားသားမီးမီးလေးတို့ကို သဘာဝအစားအစာတွေ ကျွေးပေးပါ။ သဘာဝအစားအစာတစ်ခုချင်းစီမှာ သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ 

သားသားမီးမီးလေးတွေရဲ့ အသက်ပထမ(၂)နှစ်အတွင်းမှာ သူတို့လေးတွေရဲ့ ဦးနှောက်က အလျင်အမြန်ဖွံ့ဖြိုးနေပါတယ်။ ဒီလိုအရေးပါတဲ့ အချိန်မှာ အာဟာရအပြည့်အဝ မရခဲ့ရင် သားသားမီးမီးလေးတွေမှာ ဘာသာစကားသင်ယူနိုင်စွမ်းအားနည်းခြင်း၊ အသိပညာနိမ့်ပါးခြင်းနဲ့ IQ နိမ့်ခြင်းတို့ကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့် အသက်(၁)နှစ်နဲ့(၂)နှစ် သားသားမီးမီးလေးတွေက အာဟာရပြည့်ပြည့်ဝဝ လိုအပ်ပါတယ်။

အသက်(၁)နှစ်နဲ့(၂)နှစ် သားသားမီးမီးလေးတွေက အာဟာရပြည့်ပြည့်ဝဝ လိုအပ်ပါတယ် (Photo by Momjunction)

သားသားမီးမီးလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကတော့ DHA,  AA, choline, taurine နဲ့ lutein တို့လိုအပ်ပါတယ်။ နောက်ထပ်အရေးတကြီးလိုအပ်တဲ ဗီတာမင်ကတော့ ဗီတာမင် E ဖြစ်ပါတယ်။ ဗီတာမင် E ကို အစားအသောက်တွေနဲ့ ဖြည့်စွက်ဆေးဝါးတွေကနေ ရရှိစေပါတယ်။

ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကတော့

  • အခွံမာအသီးများ (ဥပမာ- ဗာဒံသီး၊ သစ်အယ်သီး၊ မြေပဲနဲ့ နေကြာစေ့)
  • အသီးအရွက်များ (ဥပမာ- ဟင်းနုနွယ်ရွက်၊ ဘရိုကိုလီ(ပန်းမုန်လာစိမ်း))
  • ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ- နေကြာဆီ၊ ဆူးပန်းဆီ၊ ပဲပိစပ်ဆီ)
  • ပင်လယ်စာ (ဥပမာ- ဆော်လမွန်ငါး၊ ရေချိုငါး၊ ပုစွန်)

သားသားမီးမီးလေးတို့ကို အလွယ်စာတွေမကျွေးပါနဲ့။ သဘာဝအစားအစာတွေကို ကျွေးပေးပါ။ သဘာဝအစားအစာတစ်ခုချင်းစီမှာ သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

ဗီတာမင်အီးကတော့ သားသားမီးမီးလေးတွေ ဥာဏ်ကောင်းဖို့ မရှိမဖြစ် လိုအပ်ပါတယ် (Photo by thenewageparents)

 

ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကို တစ်ရက်လျှင် ဘယ်လောက်ပမာဏအထိ ကျွေးသင့်လဲ

  • မွေးကင်းစကနေ အသက်(၆)လအတွင်းမှာ တစ်ရက် (၄)မီလီဂရမ် လိုအပ်ပါတယ်။
  • အသက်(၇)လကနေ (၁၂)လအတွင်းမှာတော့ တစ်ရက် (၅)မီလီဂရမ် လိုအပ်ပါတယ်။
  • အသက်(၁)နှစ်ကနေ (၃)နှစ်အတွင်းမှာတော့ တစ်ရက် (၆)မီလီဂရမ် လိုအပ်ပါတယ်။
  • အသက်(၄)နှစ်ကနေ (၈)နှစ်အတွင်းမှာတော့ တစ်ရက် (၇)မီလီဂရမ် လိုအပ်ပါတယ်။
  • အသက် (၉)နှစ်ကနေ (၁၃)နှစ်အတွင်းမှာတော့ တစ်ရက် (၁၁)မီလီဂရမ် လိုအပ်ပါတယ်။

သားသားမီးမီးလေးတို့  ဥာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ဖြည့်စွက်ဆေးဝါးတွေကို သောက်သုံးခြင်းထက် သဘာဝအစားအစာတွေကို စားခြင်းက ပိုပြီးကောင်းမွန်ပြည့်စုံနိုင်တာကို Kalay ကနေ ပြောပြလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles