မေမေ့ကလေးလေး Penumococcus ကူးစက်ခြင်းနဲ့ကာကွယ်ဆေး

by: Phyo Pyae Thu
 0 comments  4 love

မေမေတို့ရေ သားသားမီးမီးလေးတွေကို ကြိုတင်ကာကွယ်ပေးဖို့ လိုပါတယ်။ မေမေတို့ အိမ်ကို သန့်ရှင်းအောင် ထားရပါမယ်။ ကလေးပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။

ကိုယ်ခံအားနည်းတဲ့ အချိန်မှာ ပိုဖြစ်နိုင်ပါတယ် (photo: tunisie-telegraph.com)

မေမေတို့ရေ သားသားမီးမီးလေးတွေ ကာကွယ်ဆေး ထိုးပေးဖို့ လိုပါတယ်။ ကာကွယ်ဆေးများစွာထဲမှာ ထိုးပေးဖို့ လိုအပ်တဲ့ ကာကွယ်ဆေးကတော့ Pneumococcal ဆိုတဲ့ ရောဂါကူးစက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဆေးလည်း ထိုးရပါမယ်။

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရောဂါတစ်မျိုးပါ (photo: tunisie-telegraph.com)

Pneumococcus ရောဂါက ဘာလဲ

ဒီရောဂါကတော့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရောဂါတစ်မျိုးပါ။ မေမေ့ကလေးလေး မွေးကင်းစကနေ အသက်(၂) နှစ်အတွင်းမှာ ကူးစက်ခံရနိုင်ခြေများပါတယ်။ ကိုယ်ခံအားနည်းတဲ့ အချိန်မှာ ပိုဖြစ်နိုင်ပါတယ်။

ရောဂါကူးစက်ခံရခြင်း ရှိမရှိသိရမယ့် လက္ခဏာများ

မေမေ့ကလေးလေး အဖျားကြီးပြီး စိတ်တိုလွယ်ခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းကြောက်ခြင်း၊ ထိုင်းမှိုင်းနေခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အဆုတ်ရောင်ခြင်း ဖြစ်တဲ့အတွက် အသက်ရှူကြပ်တာတွေ ဖြစ်နိုင်ပါတယ်။ နားကိုက်ခြင်းအပြင် လည်ချောင်းနာခြင်း၊ (၂) ပတ်လောက် အအေးမိတာတွေ ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးခြင်း

Pneumococcus ရောဂါကို ကာကွယ်ဖို့အတွက် ထိုးရမယ့် ကာကွယ်ဆေးကတော့ Pneumococcal polysaccharide ပါ။ ဒီဆေးကတော့ ကလေးလေး အသက်(၂) နှစ်ကျော်မှ ထိုးပေးလို့ ရမှာပါ။ Pneumococcal conjugate ကတော့ အသက်(၆) လမှာ ထိုးနိုင်ပါတယ်။ ကိုယ်ခံအားမှတ်ညဏ်နဲ့ အစုလိုက် ကိုယ်ခံအားကို ဖြစ်စေပါတယ်။ ဒီကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ဘက်တီးရီးယား ကူးစက်ခြင်းကို ရပ်တန့်စေပြီး ထိုးထားပြီးရင်လည်း တခြားသူဆီကနေ မကူးစက်နိုင်ပါဘူး။ ဒါကြောင့် ကလေးကို ဒီကာကွယ်ဆေး ထိုးပေးဖို့ ဆရာဝန်နဲ့ မြန်မြန်တိုင်ပင်ပါ။

ဘယ်လိုကာကွယ်မလဲ

မေမေတို့ရေ သားသားမီးမီးလေးတွေကို ကြိုတင်ကာကွယ်ပေးဖို့ လိုပါတယ်။ မေမေတို့ အိမ်ကို သန့်ရှင်းအောင် ထားရပါမယ်။ ကလေးပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။ လေထု ညစ်ညမ်းတဲ့ နေရာတွေမှာ ကလေးကို မထားပါနဲ့။ ခန္ဓာကိုယ်ကနေ အာဟာရ များများစုပ်ယူနိုင်အောင် အနည်းဆုံး(၆) လလောက်အထိ မေမေ့နို့တိုက်ပါ။ နေမကောင်းတဲ့အခါမှာ ကလေးကို ဆေးခန်းပြပါ။ လူထူတဲ့နေရာတွေဆီ မသွားခိုင်းပါနဲ့။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicegood tipsvaccine


Comments

0 comments
Latest video
Refer to more useful articles
x