မေမေ့ကလေးလေး ကာကွယ်ဆေးထိုးချိန်မှာ မနာစေဖို့

by: Nang Htwe
 0 comments  9 love

ကလေးငယ်တွေ ကာကွယ်ဆေးထိုးပေးတဲ့အခါမှာ မေမေဖေဖေတို့ ဖက်ထားပေးတာက နာကျင်မှုတွေကို သက်သာစေပြီး အပြင်းအထန်ငိုတာကိုလည်း လျော့နည်းစေပါတယ်။

သားသားမီးမီးလေးတွေကို ကာကွယ်ဆေးထိုးပေးတာက အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကာကွယ်ဆေးက ကလေးငယ်တွေအတွက် ရောဂါတွေကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကောင်းစေပါတယ်။ ကလေးငယ်တွေကို ကာကွယ်ဆေးမထိုးပေးဘူးဆိုရင် ပြင်ပက ရောဂါပိုးတွေ အလျင်အမြန်ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ်။ ကာကွယ်ဆေးထိုးလို့ အခန့်မသင့်တဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုတွေ သက်သာအောင် အခုလို ပြုလုပ်ပေးနိုင်ပါတယ်။

ကာကွယ်ဆေးထိုးလို့ အခန့်မသင့်တဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ် (Photo by Dr. Mercola)

သားသားမီးမီးလေးတွေ ကာကွယ်ဆေးထိုးတဲ့အခါမှာ မထိတ်လန့်စေဖို့

၁။ မိသားစု

သားသားမီးမီးလေးတွေကို ကာကွယ်ဆေးထိုးပေးတဲ့အခါမှာ မေမေဖေဖေတို့က ဖက်ထားပေးပါ။ သူတို့လေးတွေရဲ့ ဘေးနားမှာ ဖေဖေမေမေတို့ ရှိနေတာက နာကျင်မှုတွေကို သက်သာစေပြီး အပြင်းအထန်ငိုတာကိုလည်း လျော့နည်းစေပါတယ်။

သားသားမီးမီလေးတွေကို ကာကွယ်ဆေးထိုးပေးတဲ့အခါမှာ မေမေဖေဖေတို့က ဖက်ထားပေးပါ (Photo by Asian Scientist Magazine)

၂။ အရုပ်

သားသားမီးမီလေးတွေကို ကာကွယ်ဆေးထိုးတဲ့အခါမှာ နာကျင်မှုသက်သာအောင် အရုပ်လေးတွေကို ကိုင်ထားစေပြီး အာရုံလွဲနိုင်ပါတယ်။ ကာကွယ်ဆေးသွားထိုးပေးတဲ့အခါမှာ အရုပ်လေးတွေ ဝယ်ပေးထားပါ။ ကာကွယ်ဆေးထိုးနေစဉ်မှာလည်း အရုပ်လေးတွေကို ကိုင်ခိုင်ထားပါ။

၃။ ရေခဲ

သားသားမီးမီးလေး ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ နာကျင်မှုသက်သာအောင် ရေခဲကပ်ပေးနိုင်ပါတယ်။ ရေခဲကပ်ပေးတာက နာကျင်မှုတွေကို သက်သာစေပြီး ရောင်ရမ်းတာတွေကိုလည်း လျော့နည်းစေပါတယ်။

၎။ ပေါင်းစပ်ခြင်း

အသက်အရွယ်လိုက် လိုအပ်တဲ့ ကာကွယ်ဆေးကို တစ်ကြိမ်ထဲ ပေါင်းစပ်ထိုးတာက မကြာခဏ နာကျင်တာကို နည်းသွားစေပါတယ်။  သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးအခြေအနေကိုကြည့်ပြီး ကာကွယ်ဆေးထိုးပေးမယ့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

၅။ ပွတ်သပ်ပေးခြင်း

သားသားမီးမီးလေးတွေ ကာကွယ်ဆေးထိုးထားတဲ့နေရာကို မေမေဖေဖေတို့က လက်နဲ့ပွတ်သပ်ပေးပါ။ ဒီလိုပြုလုပ်ပေးတာကလည်း သားသားမီးမီးလေးတွေ ခံစားရတဲ့ နာကျင်မှု ဝေဒနာကို သက်သာစေပါတယ်။

ကာကွယ်ဆေးက သားသားမီးမီးလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ရောဂါတွေကို မဝင်ရောက်နိုင်အောင် တားဆီးပေးတာကြောင့် အသက်အရွယ်လိုက် မပျက်မကွက်ထိုးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: EasePainVaccination

Comments

0 comments
Latest video
Refer to more useful articles
x