သားသားမီးမီးလေးတွေမှာ ဗီတာမင်ချို့တဲ့ရင် ဘာတွေဖြစ်မလဲ

by: Phyo Pyae Thu
 2 comments  2 love

မေမေတို့ရေ သားသားမီးမီးလေးတွေ ကျန်းမာရေး ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်မှု မှန်ကန်နေစေဖို့အတွက် ဗီတာမင်ဓါတ်တွေ အပြည့်အဝ ရရှိဖို့ လိုပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေ ကျန်းမာရေး ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်မှု မှန်ကန်နေစေဖို့အတွက် ဗီတာမင်ဓါတ်တွေ အပြည့်အဝ ရရှိဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ ဗီတာမင် ချို့တဲ့မှု ရှိမရှိ သိထားဖို့ လိုသလို ဘယ်လို ဗီတာမင် ချို့တဲ့ရင် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာလည်း သိထားဖို့ လိုပါသေးတယ်။ ဒါမှ သားသားမီးမီးလေးတွေကို သေချာဂရုစိုက်နိုင်မှာ ဖြစ်ပြီး ကျန်းမာလို့ ဝဖြိုးနိုင်မှာပါ။

ဖွံ့ဖြိုးတိုးတက်မှု မှန်ကန်နေစေဖို့အတွက် ဗီတာမင်ဓါတ်တွေ အပြည့်အဝ ရရှိဖို့ လိုပါတယ် (Photo: enfamil)

ဗီတာမင်ချို့တဲ့တာတွေ ရှိမရှိနိုင်ဖို့အတွက်တော့

လက္ခဏာတွေကို ကြည့်နိုင်ပါတယ်။ သားသားမီးမီးလေးတွေ အတက်ကြွလွန်ခြင်း၊ စကားပြောနှေးခြင်း၊ စကားထစ်ခြင်း၊ ဆွံ့အခြင်း၊ ဆံပင်၊ အရေပြား ခြောက်သွေ့ခြင်း၊ သွားထပ်ခြင်း၊ သွားအခေါင်းပေါက်ခြင်း၊ မကြာခဏ ဖျားနာခြင်း၊ အဝလွန်ခြင်းတွေ ဖြစ်တယ်ဆိုရင်တော့ ဗီတာမင် ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။

သံဓါတ်

သံဓါတ်ချို့မယ်ဆိုရင်တော့ သွေးအားနည်းရောဂါ၊ ဦးနှောက်ဖွံဖြိုးမှု အားနည်းခြင်းနဲ့ ကလေးမှာ အသက်အန္တရာယ် ဖြစ်လောက်သည် အထိ ဖြစ်နိုင်ပါတယ်။ မေမေလောင်းတို့ ကိုယ်ဝန်ဆောင်ချိန်က သံဓါတ် အပြည့်အဝ ရရှိခဲ့တယ်ဆိုရင်တော့ သံဓါတ်ကို မေမေနို့ရည်ကနေ ရရှိနိုင်မှာပါ။

မေမေနို့ရည်ဟာ ဗီတာမင် အေ ရဲ့ အရင်းအမြစ်တစ်ခုပါ (Photo: Shutterstock)

ဗီတာမင်အေ

မေမေနို့ရည်ဟာ ဗီတာမင် A ရဲ့ အရင်းအမြစ်တစ်ခုပါ။ ဗီတာမင် A ဆေးတွေတော့ အများကြီး မတိုက်သင့်ပါဘူး။ ဗီတာမင် A တွေ အများကြီးတိုက်မယ်ဆိုရင်တော့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။

ဇင့်ဓါတ်

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ ဇင့်ဓါတ် ချို့ယွင်းမယ်ဆိုရင် အစားအသောက် ပျက်ခြင်း၊ ကိုယ်ခံအားကျခြင်း၊ ကြီးထွားမှု နှေးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ပေါင်မပြည့်ခြင်း၊ အရွယ်အစားသေးခြင်းတွေလည်း ဖြစ်စေနိုင်ပါသေးတယ်။

အကယ်လို့များ သားသားမီးမီးလေးတွေ အစားအစာ မစားလို့ အာဟာရ မပြည့်ဝဘူး ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့တဲ့ လဏာတွေ ပြနေတယ်ဆိုရင်တော့ ဆရာဝန် ပြဖို့ လိုပါတယ်။ ကလေးမှာ အန္တရာယ် မဖြစ်စေဖို့အတွက် ဆရာဝန်က ညွှန်ကြားပေးမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles