သားသားမီးမီးလေးတွေ ဗီတာမင်ချို့တဲ့နေပြီလား

by: Phyo Pyae Thu
 0 comments  0 love

မေမေတို့ရေ ကလေးငယ်တွေမှာ ဗီတာမင်တွေ ချို့တဲ့မယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဗီတာမင်ချို့တဲ့ခြင်းရဲ့လက္ခဏာတွေသိထားဖို့လိုပါတယ်။

ဗီတာမင်တွေ ချို့တဲ့လာပြီဆိုရင် ရောဂါမျိုးစုံ ဝင်ရောက်လာမှာပါ (Photo: Auburn)

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ  ဗီတာမင်တွေ ချို့တဲ့လာပြီဆိုရင် ရောဂါမျိုးစုံ ဝင်ရောက်လာမှာပါ။ ဗီတာမင်တွေ ချို့တဲ့မယ်ဆိုရင် ကလေးငယ်တွေမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက် ပြီးပြည့်စုံတဲ့ အာဟာရတွေ ကျွေးဖို့ လိုပါတယ်နော်။ မေမေတို့ ကျွေးလည်း ကျွေးကြမှာပါ။

အကယ်လို့များ သားသားမီးမီးလေးတွေက အစားအစာတွေ မှန်အောင် မစားဘူးဆိုရင် အားအင်မပြည့်ရုံသာမက ဗီတာမင်တွေပါ ချို့တဲ့သွားမှာပါ။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကြံ့ခိုင်သန်စွမ်းဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ် အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒီလိုမျိုး ဗီတာမင်ဓါတ်တွေ ချို့တဲ့လာပြီဆိုရင်တော့ ပင်ပန်းနွမ်းနယ်တာ၊ ဖြူဖပ်ဖြူရော်ဖြစ်တာ၊ ဖျားနာလွယ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဗီတာမင်မှာ ဗီတာမင် အေ၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ သံဓါတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် E တို့ ပါဝင်ပါတယ်။

ဗီတာမင်ဓါတ်တွေ ချို့တဲ့ခဲ့မယ်ဆိုရင် လက္ခဏာတွေ ပြမှာပါ(photo:Auburn)

အကယ်လို့များ သားသားမီးမီးလေးတွေမှာ ဗီတာမင် တစ်မျိုးမျိုး ချို့တဲ့ခဲ့မယ်ဆိုရင် ဘယ်လိုသိနိုင်မလဲတာ မေမေတို့ မေးသင့်တဲ့ မေးခွန်းတစ်မျိုးပါပဲ။ သားသားမီးမီးလေးတွေမှာ ဗီတာမင်ဓါတ်တွေ ချို့တဲ့ခဲ့မယ်ဆိုရင် လက္ခဏာတွေ ပြမှာပါ။ ဘယ်လိုလက္ခဏာတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ခြေလက်မသယ်နိုင်ခြင်း

အကယ်လို့ သားသားမီးမီးလေးတွေမှာ ဗီတာမင် စီ ချို့တဲ့တယ်ဆိုရင် ကလေးက မောပန်းနွမ်းနယ်ခြင်း၊ အဆစ်တွေ နာကျင်ခြင်း၊ ခြေလက်မသယ်နိုင်ခြင်း၊ အနီစက်တွေ အရေပြားမှာ ထွက်လာခြင်းတွေ ဖြစ်မှာပါ။ ဒါဆိုရင် ဗီတာမင်စီ ချို့တဲ့တာပါ။ မေမေတို့ သားသားမီးမီးလေးတွေကို အချဉ်ဓါတ် နည်းနည်းပါတဲ့ အသီးလေးတွေ ကျွေးပေးပါ။

နှုတ်ခမ်းမှာ အနာဖြစ်ခြင်း

မေမေတို့ သားသားမီးမီးလေးတွေ နှုတ်ခမ်းကွဲတာ၊ နှုတ်ခမ်းမှာ အနာဖြစ်တာတွေ ရှိလာပြီဆိုရင် ဒါဟာ သံဓါတ်ချို့တဲ့ခြင်းနဲ့ ပရိုတင်းဓါတ် များများ မရတာကြောင့်ပါ။ မေမေတို့ ကလေးမှာ သံဓါတ်ရဖို့ ဥအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ကမာ၊ အမဲသား၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ဒိန်ခဲတွေ ကျွေးပေးပါ။

အသားအရေ ခြောက်သွေ့ခြင်း

မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ အရေပြားခြောက်သွေ့တာနဲ့ အသားအရေ ကြမ်းလာတာတွေ ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ ဗီတာမင် အေ ချို့တဲ့လာတာပါ။ ဗီတာမင် A ရရှိစေဖို့အတွက် ကန်စွန်းဥ၊ မုန်လာဥနီ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ဇီးသီးခြောက်၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတွေ ကျွေးပေးဖို့ လိုပါတယ်။

 

 

From Kalay with


Comments

0 comments
Latest video