သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ငါးကြီးဆီ

by: Nang Htwe
 0 comments  0 love

ငါးကြီးဆီမှာ ဗီတာမင်အေ၊ ဒီ နဲ့ အိုမီဂါ (၃) တို့ပါဝင်တာကြောင့် သားသားမီးမီးလေးတို့ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှု နဲ့ အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။

ငါးကြီးဆီက သားသားမီးမီးလေးတို့ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးပြီး အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်

သားသားမီးမီးလေးတွေကို ငါးကြီးဆီ တိုက်တော့မယ်ဆိုရင် သားသားမီးမီးလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ငါးကြီးဆီကို ရွေးချယ်တိုက်သင့်ပါတယ်။ လူကြီးသောက်တဲ့ ငါးကြီးဆီကို မတိုက်သင့်ပါဘူး။ သားသားမီးမီးလေးတွေရဲ့ အားဆေးတွေထဲမှာလည်း ငါးကြီးဆီထည့်သွင်းထားတာကို တွေ့ရပါတယ်။

ငါးအနံ့မကြိုက်တဲ့ သားသားမီးမီးလေးတွေမှာတော့ ငါးကြီးဆီသောက်ဖို့ ခက်ခဲနေပါလိမ့်မယ်။ ငါးကြီးဆီ သောက်တဲ့ ပမာဏ များသွားရင်လည်း သားသားမီးမီးလေးတွေ အတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိလာစေပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ ပမာဏ ထက်ပိုပြီး မတိုက်သင့်ပါဘူး။

ငါးကြီးဆီမှာ ဗီတာမင်အေ၊ ဒီ နဲ့ အိုမီဂါ( ၃ )တို့ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထောက်ပံ့ပေးပြီး သားသားမီးမီးလေးတွေ မှာဖြစ်တတ်တဲ့ အရိုးပျော့နာကိုလည်း ကာကွယ်ပေးပါတယ်။ ငါးကြီးဆီက သားသားမီးမီးလေးတို့ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးပြီး အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။

သားသားမီးမီးလေးတွေမှာ အရိုးပျော့နာ ဘာလို့ဖြစ်ရတာလဲ

ဗီတာမင်ဒီ လျော့နည်းလာတာကြောင့် အရိုးတွေပျော့ပျောင်းလာပြီး အရိုးပျော့နာ ဖြစ်လာတာပါ။ အရိုးပျော့နာဖြစ်တဲ့ သားသားမီးမီးလေးတွေမှာ လမ်းလျောက်တဲ့အခါ ခြေထောက်ယိုင်တာ၊ ခြေဆစ်လက်ဆစ်တွေ ထူထဲနေတာ နဲ့ အရိုးကျိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ကနေလည်း ရရှိနိုင်ပါတယ်။ ငါးကြီးဆီ သို့မဟုတ် ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါနော်။

ငါးကြီးဆီက  တုပ်ကွေးမိခြင်း နဲ့ အအေးမိဖျားနာ တို့ကို ကာကွယ်ပေးပါတယ်

ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ဗီတာမင်ဒီ ပါဝင်တာကြောင့် အရိုးများကို သန်စွမ်းစေပါတယ်။ ဗီတာမင်အေ နဲ့ ဒီ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဗီတာင်အေဟာ အမြင်အာရုံကို ကြည်လင်စေပြီး မျက်စိရေတိမ်စွဲခြင်းကို ကာကွယ်ပေးပါတယ်။ အမြင်အာရုံ နဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကိုလည်း ကာကွယ်ပေးပြီး မျက်စိမှုန်တာကိုလည်း ကာကွယ်ပေးပါတယ်။ အိုမီဂါ(၃) ပါဝင်တာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး အာရုံကြောကျန်းမာရေးကို ကောင်းစေပါတယ်။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles