မွေးကင်းစထဲက အသားအရေလေး ကောင်းနေစေဖို့

by: Phyo Pyae Thu
 0 comments  1 love

သားသားမီးမီးလေးတွေရဲ့ အသားအရေလေးတွေ နူးနူးအိအိလေးတွေ ဖြစ်မနေစေချင်ဘူးလား။ ဒါဆိုရင်တော့ Vitamin e လေးသာ ဆောင်ထားလိုက်ပါနော်။

အသားအရေလေးတွေ အမြဲကြည်လင်ကောင်းမွန်စေဖို့ မေမေတို့မှာ တာဝန်ရှိတယ်နော်(photo: KooBits)

မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ အသားအရေလေးတွေ အမြဲကြည်လင်ကောင်းမွန်စေဖို့ မေမေတို့မှာ တာဝန်ရှိတယ်နော်။ အသားအရေလေးတွေ လှဖို့ ဗီတာမင်လေးတွေကနေ ရယူလို့ရပါတယ်။ ဒီတော့ ဘယ်လို ဗီတာမင်လေးတွေက သားသားမီးမီးလေးတွေရဲ့ ချစ်စရာကောင်းလှတဲ့အရေပြားအသားအရည်လေးတွေကို ထောက်ပံ့ပေးမလဲဆိုတာ ဖတ်ကြည့်ပေးနော်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို နေပြတာက ကျန်းမာရေးအတွက်လည်း ကောင်းသလို အသားအရည်ကြည်လင်လှပဖို့လည်း အထောက်အကူပြုပါတယ်နော်။ နေရောင်ခြည်နုနုလေးမှာ ဗီတာမင်ဒီပါတာကြောင့်ပါ။ သားသားမီးမီးလေးတွေရဲ့ အသားအရေလေးတွေ နူးနူးအိအိလေးတွေ ဖြစ်မနေစေချင်ဘူးလား။ ဒါဆိုရင်တော့ Vitamin e လေးသာ ဆောင်ထားလိုက်ပါနော်။ သားသားမီးမီးလေးတွေအတွက် ဗီတာမင် E ပါတဲ့ အဆီလေးတွေ လိမ်းပေးဖို့ ရသလို အစားအစာတွေလည်း ကျွေးလို့ ရပါတယ်နော်။

သံဓါတ်ရဖို့ နွားနို့လည်း တိုက်ပါ(photo: KooBits)

 ဗီတာမင်စီပါတဲ့ အစားအစာတွေက

နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးတာတွေကို လျော့ကျစေပါတယ်။ သားသားမီးမီးလေးတွေ နေပူထဲ အရမ်းဆော့လို့ အသားလေးတွေမဖြူတော့ဘူးဆိုရင် ဗီတာမင်စီပါတဲ့ အစားအစာလေးတွေ ကျွေးပေးနော်။ သံပရာသီး၊ လိမ္မော်သီးလေးတွေ ကျွေးပေးပါ။

နွားနို့ကလည်း အသားအရေ ကြည်လင်တောက်ပစေတဲ့ အစားအစာတွေထဲက တစ်ခုပါ။ သားသားမီးမီးလေးတွေမှာ သံဓါတ်ရဖို့ နွားနို့လည်း တိုက်ပါ။ သားသားမီးမီးလေးတွေ အသက်(၃) နှစ်လောက်ဆိုရင်တော့ ဒိန်ချဉ်တိုက်လို့ ရပါပြီနော်။ ဒိန်ချဉ်က အသားအရေ စိုပြည်ကြည်လင်စေတဲ့ ဗီတာမင်တွေ များစွားရှိတာမို့ တိုက်ပေးပါ။

ရေကတော့ များများတိုက်လေ ကောင်းလေနော်

ရေရဲ့ အသားအရေနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးတွေက အတော့်ကို များပြားပါတယ်။ ရေဓါတ်တွေ ပြည့်ဝနေမယ်ဆိုရင် အသားအရေ ညစ်ညစ်ကြီး ဖြစ်နေမှာ မဟုတ်တော့ဘဲ ကြည်တောက်နေမှာပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေ (၄) နှစ်လောက် အရွယ်ဆိုရင်တော့ အသားအရေ စိုပြေစေဖို့အတွက် အလှဆီခရင်မ် လေးတွေ လိမ်းပေးလို့ ရသေးတယ်နော်။ Vitamin E ပါတဲ့ lotion လေးတွေ လိမ်းပေးနော်။

From Kalay with

Tag: advicegood tips

Comments

0 comments
Latest video