မိခင်နို့ထဲမှာ ကလေးအတွက် လိုအပ်တဲ့ဗီတာမင် ဘယ်နှစ်မျိုးပါဝင်လဲ

by: Nang Htwe
 0 comments  0 love

ကလေးငယ်တွေအတွက် မိခင်နို့က မရှိမဖြစ်ပါ။ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားစနစ် ကောင်းမွန်စေပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အကူအညီပေးပါတယ်။

မိခင်နို့က ကလေးငယ်တွေအတွက် အကျိုးကျေးဇူတွေအများကြီးရှိတယ်ဆိုတာ အားလုံးလည်းသိကြပါတယ်။ မိခင်နို့ရည်မှာ ကလေးငယ်တွေဖွံ့ဖြိုးကြီးထွားဖို့အတွက် ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

မိခင်နို့က ကလေးငယ်တွေအတွက် အကျိုးကျေးဇူတွေအများကြီးရှိတယ်ဆိုတာ အားလုံးလည်းသိကြပါတယ် (Photo by momjunction)

မိခင်နို့မှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်များ

ဗီတာမင် A

  • ကလေးငယ်ရဲ့ အမြင်အာရုံကို ဖွံ့ဖြိုးစေပါတယ်။ အရောင်တွေကို ခွဲခြားနိုင်ပြီး အမြင်အာရုံကို ကောင်းမွန်လာစေပါတယ်။
  • အသားအရေနဲ့ တစ်သျှူးတွေကို ကျန်းမာလာစေပါတယ်။ အထူးသဖြင့် အသားအရေနဲ့ ဆံပင်ပါ။
  • ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။

ဗီတာမင် B1

  • ခန္ဓာကိုယ်က ဆဲလ်တွေအတွက် စွမ်းအင်ရရှိစေပါတယ်။
  • ဆဲလ်တွေရဲ့ ဇီဝဖြစ်စဉ်ကို အကူအညီပေးပါတယ်။
  • ဦးနှောက်အာရုံကြောဖွံ့ဖြိုးဖို့အတွက် ဗီတာမင်B1 က မရှိမဖြစ်ပါပဲ။

ဗီတာမင် B12

  • ဗီတာမင် B12 က ခန္ဓာကိုယ်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေကို အကူအညီပေးပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်ပေါ့။
  • အာရုံခံ(အာရုံကြောဆဲလ်)တွေကို  ကျန်းမာစေပါတယ်။ အာရုံကြောဆဲလ်တွေ ဖွံ့ဖြိုးဖို့အတွက် အကူအညီပေးပါတယ်။
  • DNA နဲ့ RNA ဖွဲ့စည်းဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

ဗီတာမင် B2

  • ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူဖို့အတွက် မရှိမဖြစ်အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဟေမိုဂလိုဘင် level ကို ထိန်းသိမ်းပေးပါတယ်။
  • ဆဲလ်ပျက်စီးမှုတွေကို ကာကွယ်ပေးပြီး ဆဲလ်တွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
  • သွေးနီဆဲလ်တွေကို ကျန်းမာစေတာကြောင့် သွေးအားနည်းရောဂါကို လျော့ချပေးပါတယ်။

ဗီတာမင် B3

  • အာရုံကြော ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
  • မတူညီတဲ့ gland တွေ ထုတ်လုပ်တဲ့နေရာမှာ အကူအညီတွေပေးပါတယ်။
  • ကူးစက်ရောဂါနဲ့ ရောင်ရမ်းတာတွေကို လျှော့ချပေးပါတယ်။

မိခင်နို့ရည်မှာ ကလေးငယ်တွေဖွံ့ဖြိုးကြီးထွားဖို့အတွက် ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ် (Photo by BabyBjörn)

ဗီတာမင် B5

  • သွေးနီဆဲလ်နဲ့ ခန္ဓာကိုယ်က gland တွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
  • အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။
  • ဒဏ်ရာကျက်လွယ်စေပြီး ခန္ဓာကိုယ်ကို သွက်လက်စေပါတယ်။

ဗီတာမင် B6

  • ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောကနေ အချက်ပြတုန့်ပြန်တာကို သိအောင် ကူညီပေးပါတယ်။ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို လှုံဆော်ပေးပါတယ်။
  • ဦးနှောက်နဲ့ ကျောရိုးဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
  • ခန္ဓာကိုယ်နဲ့ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးပြီး ဟောမုန်းအဖွဲ့အစည်းအတွက် မရှိမဖြစ်တဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။

ဗီတာမင် B9

  • DNA နဲ့ RNA ကိုထောက်ပံ့ပေးပါတယ်။ ဆဲလ်တွေ ပွားလာတာကို မြန်ဆန်အောင် ကူညီပေးပါတယ်။
  • ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အကူအညီပေးပါတယ်။ သင်ယူတာနဲ့ စဉ်းစားတာကို အကူအညီပေးပါတယ်။
  • သွေးနီဆဲလ်ဖွဲ့စည်းတာနဲ့ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူတဲ့အခါမှာ မရှိမဖြစ် လိုအပ်ပါတယ်။

ဗီတာမင် C

  • ကော်လာဂျင်၊ ဆံပင်၊ အသားအရေနဲ့ သွေးကြောတွေ ဖွဲ့စည်းဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
  • ဒဏ်ရာနဲ့ အနာရောဂါကို အမြန်ပျောက်စေဖို့နဲ့ ဆဲလ်တွေပြုပြင်ဖို့အတွက် ဗီတာမင် C လိုအပ်ပါတယ်။
  • ရောဂါပိုးတွေကို ဆန့်ကျင်ကာ သွေးဖြူဆဲလ်ထုတ်လုပ်တာကိုလည်း အထောက်အကူပြုပါတယ်။

ဗီတာမင် D

  • မိခင်နို့ကနေလည်း ဗီတာမင်D ရရှိနိုင်ပါတယ်။ အရိုးအတွက် ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် စုပ်ယူပေးပြီး သန်စွမ်းကျန်းမာလာအောင် အကူအညီပေးပါတယ်။
  • ရောဂါပိုးတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။
  • နှင်းခူရောဂါကို ကာကွယ်ပေးပါတယ်။

ဗီတာမင် E

  • ကြွက်သားကျန်းမာရေးကို အထောက်အကူပြုပြီး လှုပ်ရှားမှုတွေကို အကူအညီပေးပါတယ်။
  • ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။
  • သွေးနီဆဲလ်တွေ ကျန်းမာဖို့အတွက် ဗီတာမင် E လိုအပ်ပါတယ်။

ဗီတာမင် B7

  • ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ပုံမှန်လုပ်ငန်းလည်ပတ်ဖို့အတွက် အကူအညီပေးပါတယ်။
  • အသားအရေကျန်းမာရေးကို အထောက်အကူပြုပါတယ်။
  • အရေပြား၊ လက်သည်းခြေသည်းနဲ့ ဆံပင်တို့ကိုလည်း ကျန်းမာစေပါတယ်။

ဗီတာမင် K

  • အရိုးကို သိပ်သည်းစေပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
  • သွေးလည်ပတ်တာကို ကောင်းမွန်စေပါတယ်။
  • သွေးခဲဖို့အတွက် အကူအညီပေးပါတယ်။

မေမေတို့ရေ မိခင်နို့က သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုတာမို့ အသက်(၆)လထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles