ကလေးလေးထွားဖို့ မေမေတို့ကျွေးပေးရမယ့် ဗီတာမင်များ

by: Nang Htwe
 1 comments  0 love

ကလေးငယ်တွေ ကျန်းမာသန်စွမ်းပြီး ကိုယ်အလေးချိန်တိုးစေဖို့အတွက် ဗီတာမင် B12 ၊ သံဓာတ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ အိုမီဂါ(၃)နဲ့ တခြားအာဟာရဓာတ်တွေ လိုအပ်ပါတယ်။

ကလေးလေးထွားဖို့ဆိုတာ ဗီတာမင်ဓာတ်တွေ စုံစုံလင်လင်လိုအပ်ပါတယ်။ အသား၊ငါး၊ နွားနို့၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှမျှတတကျွေးပေးဖို့ လိုအပ်တယ်နော်။ သားသားမီးမီးလေးတွေမှာ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်တဲ့အချိန်မှာ ကလေးငယ်အာဟာပြည့်ဝအောင် မေမေတို့က အစားမရှောင်ဖို့လိုအပ်ပါတယ်။ အသား၊ငါး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့စဉ်လုံလုံလောက်လောက်စားဖို့လိုပါတယ်။ အစားရှောင်တဲ့ မေမေတွေရဲ့ ကလေးငယ်တွေမှာ ဗီတာမင် B1 ချို့တဲ့တာကို တွေ့ရပါတယ်။ ဗီတာမင် B1 ချို့တဲ့ကလေးငယ်တွေမှာ ထွားသင့်သလောက်မထွားဘဲ သူငယ်နာရောဂါ ဖြစ်နိုင်တာကို တွေ့ရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးငယ်ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်။

ကလေးလေးထွားဖို့ဆိုတာ ဗီတာမင်ဓာတ်တွေ စုံစုံလင်လင်လိုအပ်ပါတယ် (Photo by gettyimage)

ကျန်းမာသန်စွမ်းပြီး ကိုယ်အလေးချိန်တိုးစေဖို့

ကလေးငယ်တွေ ကျန်းမာသန်စွမ်းပြီး ကိုယ်အလေးချိန်တိုးစေဖို့အတွက် ဗီတာမင် B12 ၊ သံဓာတ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ အိုမီဂါ(၃)နဲ့ တခြားအာဟာရဓာတ်တွေ လုံလုံလောက်လောက်လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေအပြင် အသားငါးတွေကိုလည်း ကျွေးဖို့ လိုအပ်ပါတယ်။ အသက်(၆)လကနေ (၁)နှစ်အတွင်းကလေးငယ်တွေကိုတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေအပြင် မိခင်နို့ကိုပါ ဆက်ပြီး တိုက်ကျွေးပေးဖို့လိုပါတယ်။ ကလေးငယ်တွေ အသက်(၆)လပြည့်ပြီဆိုရင်တော့ ဖြည့်စွက်စာကို မဖြစ်မနေ ကျွေးဖို့ လိုအပ်နေပါပြီ။ နွားနို့နဲ့ ပတ်သက်တဲ့ အစားအစာတွေကိုတော့ အသက်(၁)နှစ်ကျော်မှ ကျွေးပေးပါ။ အိုဗာတင်း၊ မိုင်လိုတို့လိုမျိုး အားဖြည့်ပေးတဲ့ အစားအစာတွေကိုတော့ အသက်(၂)နှစ်ပြည့်မှ စတင်ကျွေးပေးတာ အကောင်းဆုံးပါ။

အသား၊ငါး၊ နွားနို့၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှမျှတတကျွေးပေးဖို့ လိုအပ်တယ်နော် (Photo by gettyimage)

ကလေးများအတွက်လိုအပ်နေတဲ့ DHA

မွေးကင်းစကလေးငယ်တွေ ဦးနှောက်နဲ့ မျက်စိ(အမြင်အာရုံ) ဖွံ့ဖြိုးတိုးတက်ဖို့အတွက် DHA လိုအပ်ပါတယ်။ DHA ကို အိုမီဂါ(၃) ပါတဲ့ အစားအစာတွေကို စားပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။ အသက်(၆)လပြည့်လို့ မော်မြူလာနို့မှုန့်စတိုက်မယ်ဆိုရင်လည်း အဲဒီနို့မှုန့်ထဲမှာ DHA ပါဝင်ပြီးသားပါ။ နို့တိုက်မိခင်က အိုမီဂါ(၃)ပါဝင်တဲ့ အစားအစာတွေကို စားပေးရင်လည်း နို့စို့ကလေးငယ်တွေမှာ DHA ရနိုင်ပါတယ်။

ကလေးငယ်တွေမှာ ဗီတာမင်ဓာတ်တွေ စုံလင်စွာရရှိဖို့လိုအပ်ပါတယ်။ ဗီတာမင်ဓာတ်တစ်မျိုးမျိုးချို့တဲ့ခဲ့မယ်ဆိုရင် ကလေးငယ်တွေမှာ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်ကြောင်း Kalay ကနေ ပြောပြလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles