သားသားမီးမီးလေးတွေကို ဗီတာမင် အစုံအလင် ရရှိအောင် ကျွေးမွေးဖို့ လိုတယ်ဆိုတာ မေမေတို့ သိထားပြီး ဖြစ်မှာပါ။ ဗီတာမင်ဓါတ် မျိုးစုံဟာ သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူပြုနေတာမို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဗီတာမင်ဓါတ်တွေ ချို့တဲ့မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ ကလေးတွေမှာ ဗီတာမင်K ချို့တဲ့ရင် သွေးနဲ့ ပတ်သက်ပြီး စိတ်ပူစရာတွေ ဖြစ်လာနိုင်ပါတယ်။ သားသားမီးမီးလေးတွေ ကျန်းမာရေး ကောင်းမွန်ဖို့နဲ့ တခြားကလေးတွေ နည်းတူ အသက်ကြီးလာတာနဲ့အညီ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ် ရရှိလာဖို့ဆိုတာ ဗီတာမင်ဓါတ်တွေ အလုံအလောက် ရရှိနေမှကို ဖြစ်မှာပါ။ သားသားမီးမီးလေးတွေ မွေးကင်းစမှာ ဗီတာမင် K ပမာဏ နည်းပါးပါတယ်။
မူမမှန်သွေးယိုစီးခြင်း
ဗီတာမင် K ချို့တဲ့တာကြောင့် မူမမှန်သွေးယိုစီးတာတွေ ခံစားရနိုင်ပါတယ်။ ဒါက မွေးကင်းစလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်ရတာဟာ ကလေးတွေမှာ သွေးခဲအောင် ပြုလုပ်ပေးဖို့ လုံလောက်တဲ့ ဗီတာမင်K ပမာဏ မရှိလို့ပဲ ဖြစ်ပါတယ်။

ဗီတာမင်ကေ ချို့တဲ့တာကြောင့် မူမမှန်သွေးယိုစီးတာတွေ ခံစားရနိုင်ပါတယ်။
မွေးကင်းစကလေးငယ်နဲ့ ဗီတာမင် K ချို့တဲ့ခြင်း
မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ ဗီတာမင် K သာ ချို့တဲ့ခဲ့မယ်ဆိုင် မူမမှန်သွေးယိုစီးခြင်း ဒါမှမဟုတ် သွေးခြေဥခြင်းတွေကို ခံစားရမှာ ဖြစ်ပြီး မွေးကင်းစကနေ (၃) လအတွင်းမှာ လက္ခဏာတွေ ပြနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေလဲဆိုတော့ နှာခေါင်းသွေးလျှံခြင်း၊ ပါးစပ်ထဲက သွေးထွက်ခြင်း၊ ချက်ကြိုးဖြတ်ထားတဲ့ နေရာက သွေးထွက်ခြင်း ဒါမှမဟုတ် ဝမ်းထဲသွေးပါခြင်းတို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သားသားမီးမီးလေးတွေမှာ ဗီတာမင် K လုံလုံလောက်လောက် မရဘူးဆိုရင် သုံးလအတွင်း နှာခေါင်းသွေးလျှံခြင်း၊ ချက်ကြိုးဖြတ်ထားတဲ့ နေရာကနေ သွေးထွက်ခြင်းနဲ့ ဝမ်းထဲမှာ သွေးပါတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကြောင့်တော့ မေမေတို့ နို့တိုက်ရာကနေ နို့ဗူးပြောင်းတိုက်စရာမလိုပါဘူး။ နို့ဗူးတိုက်တဲ့မေမေတွေ မစိုးရိမ်ရဘူးလို့ ဆိုလိုတာပါ။
ဗီတာမင် K နဲ့ နိုမှုန့်
နို့မှုန့်တွေမှာတော့ ဗီတာမင် K ပိုမို ပေါကြွယ်ဝစွာ ပါဝင်တာမို့ မေမေနို့စို့ရတဲ့ ကလေးတွေထက် သွေးပြဿနာ ခံစားရနိုင်ချေ နည်းပါတယ်။ ဒီလိုဆိုရုံနဲ့တော့ နို့မှုန့်ပဲ တိုက်စရာတော့ မလိုပါဘူး။ ဝမ်းထဲက ကျွတ်ပြီးတာနဲ့ မွေးကင်းစကလေးတွေအားလုံးကို ဗီတာမင် K ထိုးထားပေးပြီးသားဖြစ်ပြီး ဒီထဲမှာ နို့ဗူးသောက်တဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။

ကလေးမှာ မူမမှန်တာ တွေ့ပြီဆိုတာနဲ့ ဆရာဝန် ပြပါ (Photo by Patheos)
ဗီတာမင် K နဲ့ ကာကွယ်ဆေး
ဆရာဝန်က မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ဗီတာမင် K နဲ့ ပတ်သက်လို့ ဂရုစိုက်တာတွေ ပြုလုပ်ပေးမှာပါ။ ကာကွယ်ဆေး စထိုးတဲ့အချိန်မှာ ကလေးကို ဆေးမထိုးဘဲ အစက်ချ တိုက်ကျွေးတာမျိုးလည်း လုပ်ပေးကောင်း လုပ်ပေးမှာမို့ မေမေတို့ ကာကွယ်ဆေးကိုသာ မပျက်မကွက် ထိုးပါ။ ဒီလိုမျိုး ဗီတာမင် K ချို့တဲ့တာဟာ ဖြစ်တောင့်ဖြစ်ခဲ့မို့လို့ မေမေတို့ အရမ်းစိတ်ပူစရာ မလိုပါဘူး။ အဓိကကတော့ ကလေးမှာ မူမမှန်တာ တွေ့ပြီဆိုတာနဲ့ ဆရာဝန် ပြပါ။
အရွက်စိမ်းစိမ်းတွေ များများကျွေးပါ။ ဒါဆိုရင် ဗီတာမင် K မလုံလောက်မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့နော်။ မေမေတို့ရဲ့ သားသားမီးမီးလေးတွေ ဗီတာမင် K ပြည့်ဝဖို့ အစားအစာတွေ ကျွေးလို့ရသလို ဆေးထိုးတာနဲ့ ဆေးအစက်ချတာတွေကိုလည်း ပြုလုပ်လို့ရနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments