သားသားမီးမီးလေးကို ကာကွယ်ဆေးစတင် ထိုးပေးတော့မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  4 love

မေမေတို့ရေ မွေးကင်းစ  သားသားမီးမီးလေးတွေရဲ့ နုနယ်လွန်းတဲ့ အသားအိအိလေးထဲကို အပ်နဲ့ ကာကွယ်ဆေးထိုးမယ်ဆိုရင် အသဲယားနေမှာပါ။ စိုးလည်း စိုးရိမ်ကြမှာပါပဲ။

 

တချို့ ကာကွယ်ဆေးတွေကတော့ ပါးစပ်ထဲ အစက်ချတာတွေလည်း ရှိကြပါတယ်။

မေမေတို့ရေ မွေးကင်းစ  သားသားမီးမီးလေးတွေရဲ့ နုနယ်လွန်းတဲ့ အသားအိအိလေးထဲကို အပ်နဲ့ ကာကွယ်ဆေးထိုးမယ်ဆိုရင်မေမေတို့ အသဲယားနေမှာပါ။ စိုးလည်း စိုးရိမ်ကြမှာပါပဲ။ တချို့ ကာကွယ်ဆေးတွေကတော့ ပါးစပ်ထဲ အစက်ချတာတွေလည်း ရှိကြပါတယ်။ သားသားမီးမီးလေးတွေကို ကာကွယ်ဆေး ထိုးပြီးတဲ့အခါမှာ ဖျားနာတာတွေ ရှိတာကြောင့် မေမေတို့ စိတ်ညစ်ကြပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးအရ ကာကွယ်ဆေး ထိုးကို ထိုးရမှာပါ။ သားသားမီးမီးလေး အသက်(၁) လလောက်ကစပြီး ကာကွယ်ဆေးတွေနဲ့ ရင်ဆိုင်ရတော့မှာပါနော်။

သားသားမီးမီးလေး အသက်(၁) လလောက်ကစပြီး ကာကွယ်ဆေးတွေနဲ့ ရင်ဆိုင်ရတော့မှာပါနော်။

ကာကွယ်ဆေးက အစက်ချဆိုရင်

ကလေးက ခါးလို့ ငိုတာကလွဲပြီး ကျန်တာ ပြဿနာ နည်းပါတယ်။ ထိုးဆေး ထိုးရတယ်ဆိုရင်တော့ ထိုးတဲ့နေရာမှာ အခဲ ဖြစ်တာ၊ ဖျားတာတွေ ရှိပါတယ်။ ကာကွယ်ဆေးထိုးပြီး ဖျားနာတာကို ကာကွယ်ဖို့အတွက်တော့ အဖျားပျောက်ဆေးရည်လေး ကြိုတိုက်ထားလို့ ရပါတယ်။ ကာကွယ်ဆေး ထိုးပြီးရင်လည်း ဆေးဆက်တိုက်ဖို့ လိုတယ်နော်။

ကာကွယ်ဆေး ထိုးပြီးရင် နောက်ထပ် ဂရုစိုက်ရမှာကတော့

ကလေးကိုယ်ပူချိန် အတက်အကျ အပြင် ဓါတ်မတည့်တာတွေ ရှိမရှိ ဆိုတာကိုပါပဲ။ သားသားမီးမီးလေးမှာ အလာ့ဂျစ် ဖြစ်လာခြင်း ရှိ မရှိနဲ့ အသက်ရှူရ ခက်ခဲတာတွေ ဖြစ်မဖြစ် သတိထား စောင့်ကြည့်ဖို့ လိုပါတယ်။ သားသားမီးမီးလေးရဲ့ ကိုယ်ခံအား စနစ် ကောင်းမကောင်းကိုလည်း သိထားဖို့ လိုပါတယ်။

ကာကွယ်ဆေး ထိုးပြီးတဲ့အခါမှာ အဖျားနည်းနည်း ဝင်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ နာကျင်ခြင်း၊ အနီရောင်တွေ ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုတွေ ဖြစ်တဲ့အခါမှာ ဆရာဝန်ဆီ ပြန်ပြဖို့ လိုပါတယ်။

 ဒီလို မွေးကင်းစ အရွယ်တွေမှာ ဖျားနာခြင်းတွေအတွက်

အကောင်းဆုံး ဆေးကတော့ မေမေ့ရဲ့ နို့ချိုပါ။ သားသားမီးမီးလေးတွေကို နို့ချို များများ မှန်မှန်တိုက်ဖို့ လိုပါတယ်။ နို့ချိုမှာ ကလေးရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေတဲ့ ဗီတာမင်ဓါတ်တွေ အများကြီး ပါဝင်တာကြောင့်ပါ။

ကလေးငယ်ကို အသက်အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ပြည့်ပြည့်စုံစုံထိုးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles