မေမေ့ကလေးလေး ကယ်လ်စီယမ်အပြည့်အဝ ရရှိစေဖို့

by: Phyo Pyae Thu
 0 comments  0 love

အရိုးအဆစ် သန်မာစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ သားသားမီးမီးလေး အပြည့်အဝ ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးလည်း မေမေတို့ သိထားသင့်ပါတယ်နော်။

ကယ်လ်စီယမ် လုံလုံလောက်လောက် မရဘူးဆိုရင် အရိုးအားနည်းခြင်း၊ ကြွပ်ဆတ်တာနဲ့၊ ပျော့တာတွေ ဖြစ်နိုင်ပါတယ်(Photo:SheKnows)

ကယ်လ်စီယမ်လို့ ဆိုလိုက်တာနဲ့ အရိုးအဆစ် သန်မာစေတဲ့ အာဟာရဓါတ်ဆိုတာ မေမေတို့ တန်းသိကြမှာပါ။ ဒီလို အရိုးအဆစ် သန်မာစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ သားသားမီးမီးလေး အပြည့်အဝ ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးလည်း မေမေတို့ သိထားသင့်ပါတယ်နော်။ အကယ်လို့များ မေမေတို့ရဲ့ ရင်သွေးလေးမှာ ကယ်လ်စီယမ် လုံလုံလောက်လောက် မရဘူးဆိုရင် အရိုးအားနည်းခြင်း၊ ကြွပ်ဆတ်တာနဲ့၊ ပျော့တာတွေ ဖြစ်နိုင်ပါတယ်။

အဆီဓါတ်နည်းတဲ့အစားအစာ၊ အဆီမပါတဲ့ နွားနို့တွေ သောက်တာဟာ

ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ်ကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။ ဒိန်ချဉ်၊ Cheese နဲ့ ဆယ်လ်မွန် ငါးတွေကလည်း ကယ်လ်စီယမ် ဓါတ်ကို ပေးစွမ်းနိုင်ပါတယ်။ ဖြည့်စွက်စာတွေထဲမှာ ထည့်သွင်းကျွေးတာမျိုးလည်း လုပ်လို့ ရပါတယ်။ Oxalate များများ ပါဝင်တဲ့ အစားအစာတွေဟာ ကယ်လ်စီယမ် ရရှိမှုကို ဟန့်တားပါတယ်။ Oxalates များတဲ့ အစားအသောက်တွေကတော့ ဘယ်ရီသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ eggplant တွေပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေပါ။  (၃) နှစ်အရွယ် သားသားမီးမီးလေးတွေကို ကော်ဖီတိုက်တာတွေ ရှိပါတယ်။ မေမေတို့ သားသားမီးမီးလေးတွေ ကယ်လ်စီယမ် ဓါတ်ရဖို့ ကြိုးစားနေတယ်ဆိုရင် ကော်ဖီတိုက်တဲ့ ပမာဏကို လျှော့ချသင့်ပါတယ်။

သားသားမီးမီးလေးတွေ ကယ်လ်စီယမ် ဓါတ်ရဖို့ ကြိုးစားနေတယ်ဆိုရင် ကော်ဖီတိုက်တဲ့ ပမာဏကို လျှော့ချသင့်ပါတယ်(Photo:SheKnows)

ဗီတာမင်ဒီဟာ ကိုယ်ခန္ဓာမှ Calcium ပို စုပ်ယူစေပါတယ်

ဗီတာမင်ဒီ လုံလောက်စွာ မရရှိခြင်းဟာ ကလေးငယ်တွေကို Calcium ပမာဏ မလုံလောက်ခြင်းကို ဖြစ်စေပြီး rickets ဖြစ်စေနိုင်ပါတယ်။ သဘာဝအတိုင်း ဗီတာမင်ဒီ ပမာဏကို မြှင့်တင်ဖို့ကတော့ တစ်နေ့ကို ၁၅ မိနစ် နေရောင်နဲ့ ထိတွေ့ဖို့ပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခြင်းဟာ Calcium နည်းပါးခြင်းသာမက အရိုးပွခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေဟာ ကြွက်သားတွေကို တည်ဆောက်ပေးရုံသာမက အရိုးတွေကိုလည်း သန်စွမ်းစေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ Calcium ပမာဏကို တိုးတက်စေပါတယ်။ လေ့ကျင့်ခန်း မဟုတ်ရင်တောင် သားသားမီးမီးလေးတို့ ကိုယ်လက် များများ လှုပ်ရှားတဲ့ ကစားနည်းတွေ ကစားခိုင်းတာမျိုး လုပ်ပေးပါ။

From Kalay with

Tag: calciumcarevitamin

Comments

0 comments
Latest video
Refer to more useful articles
x