အိမ်ထောင်ပြုပြီးသား မိန်းကလေးတစ်ယောက်အနေနဲ့ အသက် ၂၅ နှစ်ကျော်နေပြီဆိုရင်တော့ စတင်ပြီး ကလေးမွေးဖို့ ကို ပြင်ဆင်သင့်ပါပြီ။ ကလေးယူမယ်ဆိုတဲ့ အသက်ကြီးလာတာနဲ့ အမျှ မိန်းကလေးတစ်ယောက်ဟာ ကလေးမွေးဖွားတဲ့ နေရာမှာ ပိုလို့ ပိုလို့ စွန့်စားမှုတွေကို ပြုလုပ်လာရမှာ ဖြစ်ပါတယ်
ဒီလို ဖြစ်နိုင်တဲ့ အရာတွေကတော့
ကလေးမွေးပြီးလို့ ဝလာတဲ့အခါ ဝိတ်လျော့ရခက်ပြီး ကလေးမွေးပြီးတာနဲ့ ဝိတ်တက်ပြီး ဗိုက်ပူကာ ဝလို့ လာတတ်ကြပါတယ် ။ ဒီလို ဖြစ်တဲ့ အခါ အသက်ငယ်ပြီး ၂၀ ကျော်အရွယ်မှာ ဝိတ်ချရတာ မြန်ပေမယ့်လည်း အသက်အရွယ်ရလာတာနဲ့ အမျှ ဝိတ်ချရတာက ပိုလို့ ပိုလို့ ခက်ခဲလာတာ ဖြစ်ပါတယ်။ ကိုယ်တိုင်က ဝိတ်ချဖို့ကို စိတ်ပါနေပေမယ့်လည်း လိုက်ပြီး လုပ်ဆောင်နိုင်ဖို့ ခက်ခဲတဲ့ အပိုင်းတွေကို ရင်ဆိုင်ရနိုင်တာလည်း ဖြစ်ပါတယ်
နောက်တစ်ယောက်ထပ်ယူဖို့ အတွက် ခက်ခဲခြင်း
အသက်က အနည်းငယ်ရလာပြီဆိုတာနဲ့ ကလေးတစ်ယောက်ယူပြီးတော့ နောက်ထပ်တစ်ယောက်ကို ယူဖို့ ဆိုတာ အင်မတန်မှကို စဉ်းစားသွားပြီ ဖြစ်ပါတယ် ။ဒါကြောင့် အသက်အရွယ်ရှိတုန်းမှာသာ ကလေးတစ်ယောက်ကို ယူထားပြီးပြီဆိုရင်တော့ အသက် ၃၀ ကျော်လောက်မှာလည်း ကလေးတစ်ယောက်ကို ထပ်ယူဖို့ အတွက် စဉ်းစားနိုင်နေသေးတာလည်း ဖြစ်ပါတယ်
ငယ်သေးတာကြောင့် ကလေးနဲ့ အသက်ကွာဟမှုနည်းခြင်း
ကိုယ်တိုင်က အသက် ၂၅ နှစ်မှာ ကလေးတစ်ယောက်ကို ယူခဲ့ရင် မိခင်နဲ့ ကလေးရဲ့ အသက်ကွာဟမှုဟာ ၂၅ နှစ်အများဆုံး ဖြစ်မှာပါ ။ တကယ်လို့ အသက် ၃၀ ကျော်မှာ ကလေးတစ်ယောက်မွေးမယ့် မိခင်ဟာ ကလေးနဲ့ မိခင်ကြား အသက် အရွယ်ကွာဟ မှုတွေကြောင့် သူတို့လေးတွေ အသက်အရွယ်ရောက်လာမယ့် အခါမှာ အမှီလိုက်နိုင်ဖို့ ဆိုတာကလည်း လိုအပ်ပါသေးတယ်နော်
လှပအောင် နေထိုင်ဖို့ကလည်း အဓိကပါ
အသက်အရွယ် ၂၅ နှစ်ကျော်မှာ ကလေးတစ်ယောက်ယူပြီးတော့ လှပအောင် အမြန်ဆုံး ပြန်လည် နေထိုင်ချင်စိတ်ရှိဖို့ လိုပါတယ် ။ အသက် အရွယ်ကလည်း ရနေပြီ လတ်တလောကမှ ကလေးတစ်ယောက်မွေးလိုက်ရတယ် ကိုယ်တိုင်က ပင်ပန်းလိုက်တာ ကလေးတစ်ဖက်နဲ့ လှအောင်တောင် မနေချင်တော့ဘူး ဆိုတာမျိုးတွေ မဖြစ်နိုင်ဖို့ အတွက် မေမေတို့ အမြဲတွေးနိုင်ဖို့ ကို အကြံပြုဖော်ပြပေးလိုက်ပါတယ်နော်
Comments