ကိုယ်ဝန်အရမြန်စေဖို့ဆိုရင် ဆောင်ရ ရှောင်ရမှာတွေ များပါတယ်။ အကောင်းဆုံး နေထိုင်မှု ပုံစံ၊ ကျန်းမာတဲ့ အစားအစာတွေ စားသုံးခြင်းစတဲ့ နည်းလမ်းတွေကို သုံးပြီး ကြိုးစားကြည့်ရမှာပါ။ မေမေလောင်း ဖေဖေလောင်း မြန်မြန်ဖြစ်စေဖို့ ကြိုးစားရမယ့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

သားအိမ်ထဲမှာ မျိုးဥတည်လောက်မယ့် အချိန်နဲ့ ကွက်တိချစ်တင်းနှောတာက ကိုယ်ဝန်ရနိုင်ခြေကို မြင့်စေပါတယ် (photo:workingmother.com)
ကိုယ်ဝန်မြန်မြန်ရရှိစေဖို့အတွက်
အာဟာရပြည့်ဝစေတဲ့ အစားအစာတွေကို ရွေးစားရပါမယ်။ ကိုယ်ဝန်ရရှိဖို့ဆိုရင် ခန္ဓာကိုယ်အလေးချိန်ကို အထူးဂရုစိုက်ရပါမယ်။ ပိန်လွန်းရင်လည်း ကိုယ်ဝန်ရဖို့ ခက်သလို ဝလါန်ူရင်လည်း ကိုယ်ဝန်ရရှိဖို့ ခက်ခဲစေနိုင်ပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေး လုပ်ပေးပါ။ ကဖင်းဓါတ်ပါတာတွေ မစားပါနဲ့။ ကော်ဖီဆိုရင် (၁၂) အောင်စထက်ပိုပြီး မသောက်ပါနဲ့။
သားအိမ်ထဲမှာ မျိုးဥတည်လောက်မယ့် အချိန်နဲ့ ကွက်တိချစ်တင်းနှောတာက
ကိုယ်ဝန်ရနိုင်ခြေကို မြင့်စေပါတယ်။ ရာသီတစ်လတစ်ကြိမ်လာခြင်း(မမျိုးဥတစ်လုံးကြွေခြင်း) ပါ။ မျိုးဥတည်ပြီး ရက်အနည်းငယ်လောက်မှာ ရာသီလာခြင်းလို့ခေါ်တဲ့ မျိုးဥကြွေတာ ဖြစ်ပေါ်ပါတယ်။ အဲဒီရက် မတိုင်ခင်( ၅ )ရက်မှာသာ ကိုယ်ဝန်ရနိုင်တာပါ။

ကိုယ်ဝန်ရရှိနိုင်ဖို့ဆိုရင် သုတ်ကောင်အရည်အသွေးနဲ့ အရေအတွက်လည်း အရေးကြီးပါတယ် (photo:workingmother.com)
ကိုယ်ဝန်ရရှိနိုင်ဖို့ဆိုရင်
သုတ်ကောင်အရည်အသွေးနဲ့ အရေအတွက်လည်း အရေးကြီးပါတယ်။ ကျန်းမာတဲ့ သုတ်ပိုးလေးတွေ ရရှိမှသာ မမျိုးဥဆီ အရောက်သွားနိုင်ပြီး ကလေးရရှိမှာပါ။ ဒီတော့ သုတ်ပိုးတွေ အားကောင်းဖို့ လိုပါတယ်နော်။ သုတ်ပိုးအားကောင်းဖို့ဆိုတာ အစားအသောက်၊ အနေအထိုင်ပေါ်မှာ မူတည်ပါတယ်။ ဖေဖေလောင်းတို့ သုတ်ပိုးထုတ်လုပ်ဖို့ ဖောလစ်အက်ဆစ် လိုအပ်ပါတယ်။ အကယ်လို့များ ဖေဖေလောင်းမှာ ဖောလစ်အက်ဆစ်ဓါတ် လုံလုံလောက်လောက် မရှိဘူးဆိုရင် သုတ်ပိုးလေးတွေဟာ ပုံသဏ္ဍန် မမှန်တော့ပါဘူး။ ပြီးပြည့်စုံတဲ့ သုတ်ကောင်လေး မဟုတ်ရင် မမျိုးဥဆီ ရောက်အောင် မသွားနိုင်ပါဘူး။
ဒါ့အပြင် ပုံသဏ္ဍန်မမှန်တဲ့ သုတ်ပိုးလေးတွေ မျိုးအောင်ပြီး သန္ဓေတည်ခဲ့မယ်ဆိုရင်လည်း ကလေးမှာ ချို့ယွင်းတာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်ရရှိဖို့ ဟင်းနုနွယ်နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ကြက်ဥက ဖေဖေလောင်းတို့ရဲ့ သုတ်ပိုးအရေအတွက်နဲ့ သုတ်ကောင်ရွေ့လျားနိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကြက်ဥမှာ ဗီတာမင် E နဲ့ ပရိုတင်းဓါတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်တဲ့အတွက် သုတ်ပိုးအရေအတွက်ကို လျှော့ကျစေတဲ့ ဓါတ်တိုးပစ္စည်းတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
မေမေလောင်းဖြစ်ချင်တဲ့သူတွေရော၊ ဖေဖေလောင်းဖြစ်ချင်တဲ့သူတွေရော အပေါ်မှာ ပြောပြထားတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ပါနော်။ ကိုယ်ဝန်အမြန်ဆုံးရဖို့ အထောက်အကူပြုပါတယ်။
Comments