
သုတ်ပိုးမှာ သားဥနဲ့ မျိုးစပ်ဖို့အတွက် အချိန်အများကြီးတော့ မရပါဘူး(Photo:HealthyWay)
ကိုယ်ဝန်ရရှိမှုနှုန်းမြန်ဖို့ဆိုတာ ဖေဖေလောင်း မေမေလောင်းတို့ရဲ့ နေထိုင်မှု ပုံစံပေါ် အများကြီး မူတည်ပါတယ်။ မေမေလောင်းလေးရော ဖေဖေလောင်းပါ ကိုယ်ဝန်ရရှိမှုနှုန်း မြန်ဖို့အတွက် လုပ်ဆောင်ရမှာတွေ ရှိပါတယ်။
မှန်ကန်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဟာ
ကလေးရရှိမှုနှုန်းကို မြင့်တက်စေပါတယ်။ မေမေလောင်းတို့ ကိုယ်ဝန်ရရှိဖို့အတွက် ခန္ဓာကိုယ် အလေးချိန်ကို မေ့ထားလို့ မရပါဘူး။ ကိုယ်ဝန်မဆောင်ခင် BMI ၂၅-၃၉ ရှိသူတွေကို အဝလွန်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလို အခြေအနေဟာ ကိုယ်ဝန်ရရှိဖို့ အချိန်နှစ်ဆလောက် ကြာမြင့်နိုင်ပါတယ်။ သုတေသနတွေက ဆဲလ်ဖုန်းတွေမှ ဓါတ်ရောင်ခြည်ကို ကြာရှည်စွာ ထိတွေ့မိခြင်းဟာ သုတ်ပိုးတွေရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေပူနဲ့ ရေချိုးတာတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။

မျိုးစပ်နိုင်တဲ့အချိန်ဟာ သားဥမကြွေခင်( ၆ )ရက်နဲ့ သားဥကြွေတဲ့ရက်တွေပဲ ဖြစ်ပါတယ်(Photo:HealthyWay)
ဆေးလိပ်သောက်ခြင်းဟာ
သားအိမ်မှ သုတ်ပိုးကို လက်ခံနှုန်းကိုလျော့ကျစေပြီး သုတ်ပိုးထုတ်လုပ်ခြင်းနဲ့ အရည်အသွေးကိုကျဆင်းစေကာ ကလေးရရှိမှုကို နှောင့်နှေးစေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သုတ်ပိုးအရည်အတွက်နဲ့ လှုပ်ရှားမှုနည်းပါးခြင်းရဲ့ အဓိက တရားခံဖြစ်ပါတယ်။ သုတ်ပိုး ပုံသဏ္ဍာန်နဲ့ လုပ်ငန်းဆောင်တာတွေမှာ ပုံမမှန်မှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆေးလိပ်သောက်ခြင်းဟာ ကလေးပျက်ကျနှုန်းကို မြင့်တက်စေနိုင်ပါတယ်။
သုတ်ပိုးမှာ သားဥနဲ့ မျိုးစပ်ဖို့အတွက်
အချိန်အများကြီးတော့ မရပါဘူး။ မျိုးစပ်နိုင်တဲ့အချိန်ဟာ သားဥမကြွေခင်( ၆ )ရက်နဲ့ သားဥကြွေတဲ့ရက်တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ အကောင်းဆုံးအချိန်ဟာ သားဥမကြွေခင် (၃ )ရက်အကြာဖြစ်ပါတယ်။ တကယ်လို့ ဒီလိုမှန်ကန်တဲ့ အချိန်ကို သိတယ်ဆိုရင် သားဥကြွေတဲ့နေ့ရက်တွေကို ရေတွက်နေဖို့ အရေးကြီးပါတယ်။ မတူညီတာကြောင့်တော့ ကလေးရရှိဖို့ အချိန်ကွာခြားမှု ရှိပါတယ်။ ဒါကြောင့် အချိန်ကိုက် လိင်ဆက်ဆံပါ။
ဖေဖေလောင်း မေမေလောင်းတို့ အနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေလည်း စားပေးဖို့ လိုပါတယ်။ အစားအစာတွေက ကိုယ်ဝန်ရရှိနိုင်မယ်လို့ အာမမခံနိုင်ပေမယ့် ကိုယ်ဝန်ရရှိဖို့ အထောက်အကူ ပြုတဲ့အထဲမှာတော့ အစားအစာတွေ ပါဝင်ပါတယ်။
Comments