သားအိမ်မှာရေအိတ်ရှိပေမယ့် ကိုယ်ဝန်ရအောင် ဘယ်လိုလုပ်မလဲ

by: Phyo Pyae Thu
 1 comments  0 love

မေမေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့ သားအိမ်ရဲ့ ကျန်းမာရေး ကောင်းမွန်အောင် ထားရမယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ သားအိမ်မှာ ရေအိတ်လေးတွေ တန်းစီပြီး ရှိနေတတ်ပါတယ်။

တချို့မေမေလောင်းတွေမှာတော့ သားအိမ်မှာ ရေအိတ်လေးတွေ တန်းစီပြီး ရှိနေတတ်ပါတယ် (Photo by Homoeopathic Clinic)

မေမေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့ သားအိမ်ရဲ့ ကျန်းမာရေး ကောင်းမွန်အောင် ထားရမယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် တချို့မေမေလောင်းတွေမှာတော့ သားအိမ်မှာ ရေအိတ်လေးတွေ တန်းစီပြီး ရှိနေတတ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်ရဖို့က အတိုင်းအတာ တစ်ခုထိ ခက်နိုင်ပါတယ်။ ဒါပေမယ့် မေမေလောင်းတို့ ကျန်းမာအောင် နေမယ်ဆိုရင်တော့ ကိုယ်ဝန် ရနိုင်ပါတယ်။

POCS ခေါ်တဲ့ သားဥအိမ်ထဲမှာ ပုလဲပုတီးလေးလို ရေအိတ်လေးတွေ အများကြီးစီပြီး ရှိနေတဲ့ရောဂါရှိနေတယ်ဆိုရင်တော့ ကိုယ်ဝန်ရဖို့အတွက် ဝနေရင် ပိန်အောင် လုပ်ရပါမယ် (Photo by Weight Gain – blogger)

သားဥအိမ်ထဲမှာ ပုလဲပုတီးလေးလို ရေအိတ်လေးတွေ အများကြီးစီပြီး ရှိနေတဲ့ရောဂါရှိနေတယ်ဆိုရင်တော့

ကိုယ်ဝန်ရဖို့အတွက် ဝနေရင် ပိန်အောင် လုပ်ရပါမယ်။ ပိန်လွန်းရင်လည်း အစားအသောက်စား၊ လေ့ကျင့်ခန်း တွေလုပ်ပြီး ၀အောင်လုပ်ရပါမယ်။ ပိန်အောင်လုပ်တဲ့အခါ ကိုယ်စားတဲ့ အစားအသောက်က နေ့တိုင်းနေ့တိုင်း ကိုယ်တကယ်စားနိုင်တဲ့ အစားအသောက်မျိုး ဖြစ်ရပါမယ်။ စားတဲ့ အစာက ကျန်းမာရေးနဲ့ညီညွတ်မျှတပြီး အာဟာရ အစုံအလင် ပါရပါမယ်။ အမျှင်ဓာတ် များများပါပြီး နည်းနည်းနဲ့ မကြာခဏ စားပေးရပါမယ်။ ဖြည်းဖြည်းနဲ့ ကြေညက်အောင် ၀ါးစားပေးရပါမယ်။

ဗိုက်ပြည့်တဲ့ ခံစားချက်ရဖို့ 

ဦးနှောက်ထဲက စင်တာက မိနစ်( ၂၀ )အချိန်ယူပါတယ်။ (၁၀) မိနစ်တည်းနဲ့ အစာကို အတင်းစားလိုက်ရင် ဗိုက်က မပြည့်သေးဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပိန်ချင်ရင် အစားအသောက်ကို နည်းနည်းနဲ့ မကြာခဏ စားပေးရပါမယ်။  အလွယ်တကူရတဲ့ အသင့်စား အစားအစာတွေကို မစားသင့်ပါဘူး။ အစာစားတဲ့အခါ မဆာရင် မစားပါနဲ့။ အလွန်အကျွံ ပြည့်အင့်အောင် မစားပါနဲ့။ မတည့်တဲ့ အစာ မစားပါနဲ့။ အားနာလို့မစားပါနဲ့။ နှမြောလို့ မစားပါနဲ့။ အလကားရလို့ မစားပါနဲ့။ အစာကို လိုအပ်သလောက်ပဲ သတိနဲ့ စားသင့်ပါတယ်။

လေ့ကျင့်ခန်းကလည်း အရေးကြီးပါတယ်

အများကြီးစားပြီး ဘာမှမလှုပ်ရှားရင် ပိုသွားတဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ဦးနှောက်ထဲမှာ အင်ဒေါ်ဖင် ဟော်မုန်းထွက်တဲ့အတွက်နေလို့ကောင်းစေပါတယ်။ဒီလိုလေး ပုံမှန်လုပ်ပေးမယ်ဆိုရင် ကိုယ်ဝန်မြန်မြန်ရနိုင်ပါတယ်။ သားဥအိမ်မှာ အရည်အိတ်ရှိနေပေမယ့် သန္ဓေသားလေး တွယ်ကပ်ပြီး နေရာယူနိုင်တယ်ဆိုရင် ရပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles