ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်မှာ မရှိမဖြစ်လိုအပ်နေတဲ့ နားလည်မှုများ

by: Nang Htwe
 3 comments  30 love

ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်သည်းခံဖို့ အရေးကြီးလိုအပ်ပါတယ်။ တက်တက်ကြွကြွ  ဖေးမတာက ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုပါတယ်။

ကိုယ်ဝန်ရဖို့ကြိုးစားနေချိန်မှာ ဇနီးမောင်နှံ(၂)ဦးစလုံး စိတ်လှုပ်ရှားေနကြမှာပါ။ ကိုယ်ဝန်ရဖို့ ကြိုးစားချိန် ကြာလာတဲ့အခါမှာ ထင်ထားတာထက် အများကြီးခက်နေတယ်လို့ အတွေးတွေဝင်ရောက်လာပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်က လပေါင်းများစွာကြာနိုင်ပါတယ်။ ဒီလိုအချိန်မှာ အစားအသောက်နဲ့ နေထိုင်မှုပုံစံအပြောင်းအလဲတွေအများကြီး တွေ့ရသလို အကာအကွယ်မဲ့တဲ့ လိင်ဆက်ဆံတာတွေကိုလည်း ကြာရှည်စွာကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဇနီးဖြစ်သူကို စိတ်အားမငယ်အောင်နဲ့ စိတ်လုံခြုံမှုတွေရရှိအောင် ခင်ပွန်းသည်က အကာအကွယ်ပေးရပါမယ်။

ဇနီးဖြစ်သူကို စိတ်အားမငယ်အောင်နဲ့ စိတ်လုံခြုံမှုတွေရရှိအောင် ခင်ပွန်းသည်က အကာအကွယ်ပေးရပါမယ် (Photo by PropertyGuru)

ပြင်ပက အနှောင့်အယှက်များ

ကြိုးစားနေချိန်ဇနီးသည်တွေရဲ့ စိတ်ထဲမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ပျက်တာတွေ၊ အမျက်ဒေါသနဲ့ ပျင်းရိြခင်းတွေ မကြာခဏ ဝင်ရောက်လာနိုင်ပါတယ်။ သံသယတွေနဲ့ ရုန်းကန်ကြိုးစားနေချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမမှုတွေနည်းသွားမယ်ဆိုရင် အရင်ကပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဘယ်လောက်ထိ သက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်တာတွေအထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ကြင်ကြင်နာနာနဲ့ စိတ်ရှည်ရှည်ဖေးမဖို့ အရေးကြီးပါတယ်။

ကြိုးစားနေချိန်ဇနီးသည်တွေရဲ့ စိတ်ထဲမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ပျက်တာတွေ၊ အမျက်ဒေါသနဲ့ ပျင်းရိခြင်းတွေ မကြာခဏ ဝင်ရောက်လာနိုင်ပါတယ် (Photo by Alvaro Lima)

မိသားစု

မိသားစုတစ်ခုကို စတင်ထူထောင်တဲ့အခါမှာ ခင်ပွန်းသည်ရဲ့ အကာအကွယ်နဲ့ နွေးထွေးမှုတွေ လိုအပ်ပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားတာက မိသားစုတစ်ခုဖြစ်လာဖို့အတွက် စတင်ထူထောင်တာလို့လည်း သတ်မှတ်လို့ရပါတယ်။

သည်းခံခြင်းနဲ့ သံသယ

ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်သည်းခံဖို့ အရေးကြီးလိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တက်တက်ကြွကြွ  ဖေးမတာက ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုပါတယ်။ ဒီအချိန်မှာ ဇနီးသည်တွေက ခင်ပွန်းသည်တွေထက် ပိုပြီး စိတ်ထိခိုက်လွယ်ကြပါတယ်။ ကြိုးစားနေချိန်မှာ ကြောက်စိတ်တွေနဲ့ သံသယစိတ်တွေက ဇနီးသည်ကို ပိုပြီးထိခိုက်စေပါတယ်။ ဒီအချိန်မှာ ခင်ပွန်းသည်ရဲ့ ဖေးမမှုကို မရခဲ့ဘူးဆိုရင် ကြောက်စရာကိစ္စတွေအဖြစ် ပြောင်းလဲသွားနိုင်တာကြောင့် ဇနီးသည်ကို ဖိအားတွေ မပေးဖို့ လိုပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားချိန်မှာ ဇနီးမောင်နှံ(၂)ဦးစလုံး တစ်ယောက်နဲ့တစ်ယောက်ဖေးမပြီး လက်တွဲသွားကြမယ်ဆိုရင် မကြာမီမျှော်လင့်နေတဲ့ သားသားမီးမီးလေးတွေ အမြန်ရရှိစေနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles