ဒုတိယကိုယ်ဝန် အမြန်ရစေဖို့

by: Nang Htwe
 0 comments  0 love

တချို့မေမေတွေမှာ ပထမကလေးမွေးဖွားပြီး ကိုယ်အလေးချိန် ပြန်မကျတော့တာ ကြုံတွေ့ရပါတယ်။ ကိုယ်အလေးချိန်များလွန်းတာက ဒုတိယကိုယ်ဝန်ရဖို့ အခက်အခဲတွေ ဖြစ်လာစေပါတယ်။

ပထမ ကိုယ်ဝန်ရဖို့ ကြိုးစားခဲ့တဲ့ အတွေ့အကြုံနဲ့ ဒုတိယအချိန်မှာ ကြိုးစားတဲ့ အတွေ့အကြုံက နည်းနည်းကွဲပြားပါတယ်။ မျိုးပွားဖို့ ခက်ခဲတာကို ပထမကိုယ်ဝန်ရဖို့ ကြိုးစားချိန်မှာ ကြုံခဲ့ရတယ်ဆိုရင် အခုချိန်မှာလည်း ထိုနည်းတူ ကြုံနိုင်ပါတယ်။ ပထမအခြေအနေတုန်းကထက် ပိုဆိုးနိုင်တဲ့ အခြေအနေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဘာကြောင့် ဒီထက်ဆိုးနိုင်တာလဲဆိုတော့ အသက်အရွယ်၊ ပတ်ဝန်းကျင်အခြေအနေ၊ ကျန်းမာရေးနဲ့ သားအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေ အထူးသဖြင့် ဥပြွန်ပိတ်ဆို့တာတွေ ကြောင့်ပါ။ ဖေဖေတို့ဖက်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် သုတ်ပိုးအရေအတွက် နိမ့်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ပထမ ကိုယ်ဝန်ရဖို့ ကြိုးစားခဲ့တဲ့ အတွေ့အကြုံနဲ့ ဒုတိယအချိန်မှာ ကြိုးစားတဲ့ အတွေ့အကြုံက နည်းနည်းကွဲပြားပါတယ် (Photo by Mirror)

သတိထားစရာ

ဒုတိယအကြိမ် ကိုယ်ဝန်ရဖို့ ကြိုးစားတော့မယ်ဆိုရင် သတိထားစရာ ရှိပါတယ်။ အဲဒါကတော့ ရာသီ မှန်မမှန် စစ်ဆေးပေးရမှာပါ။ ပထမ ကလေးငယ်ကို နို့ချိုတိုက်ကျွေးနေတယ်ဆိုရင်လည်း နောက်ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ပထမကိုယ်ဝန်ရဖို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့သလိုပဲ ဒုတိယကိုယ်ဝန်မှာလည်း စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

ပုံမှန်လိင်ဆက်ဆံခြင်း

မေမေနဲ့ ဖေဖေကြား လိင်ဆက်ဆံမှုတွေ အပုံမှန်ပြန်ဖြစ်ဖို့ လိုအပ်ပါတယ်။ ပထမကလေးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံတဲ့ အရေအတွက်ဟာ အရင်ကထက် နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ပြန်ဖြစ်အောင် ပြုလုပ်ဖို့လိုပါတယ်။ မမျိုးဥကြွေချိန်မှာ လိင်ဆက်ဆံပေးတာက ကိုယ်ဝန်ရဖို့ အခွင့်အရေးများစေပါတယ်။

Image result for asian family

ဒုတိယကိုယ်ဝန်ယူမယ့်အချိန်က အသက်(၃၅)နှစ်ကျော်နေပြီဆိုရင် မေမေရောဖေဖေပါ ဆရာဝန်ရဲ့ အကြံဥာဏ်တွေကို ရယူသင့်ပါတယ် (Photo by Freepik)

ကျန်းမာရေး

ကိုယ်ဝန်ရဖို့ အတွက် ကျန်းမာရေးကောင်းနေဖို့ လိုအပ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အသုံးပြုတာတွေ ရှောင်ရှားရပါမယ်။ မေမေရော ဖေဖေပါ အရက်လျှော့သောက်ရပါမယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ တစ်ရက်တစ်နာရီ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။ အချိန်မရတဲ့ မေမေဖေဖေတို့အနေနဲ့ တစ်ရက်ခြား လေ့ကျင့်ခန်းပြုလုပ်ပေးနိုင်ပါတယ်။ တချို့မေမေတွေမှာ ပထမကလေးမွေးဖွားပြီး ကိုယ်အလေးချိန် ပြန်မကျတော့တာ ကြုံတွေ့ရပါတယ်။ ဒီလိုကိုယ်အလေးချိန်များလွန်းတာက ဒုတိယကိုယ်ဝန်ရဖို့ အခက်အခဲတွေ ဖြစ်လာစေပါတယ်။ ဒုတိယကိုယ်ဝန်မှာ မေမေတို့ အများဆုံးကြုံတွေ့ရနိုင်တဲ့ အတားအဆီးတစ်ခုပါ။

အသက်အရွယ်

ဒုတိယကိုယ်ဝန်ယူမယ့်အချိန်က အသက်(၃၅)နှစ်ကျော်နေပြီဆိုရင် မေမေရောဖေဖေပါ ဆရာဝန်ရဲ့ အကြံဥာဏ်တွေကို ရယူသင့်ပါတယ်။ ဒုတိယ ကိုယ်ဝန်ရနိုင်မယ့် ကြာချိန်က (၆)လအထက် ဖြစ်လာနိုင်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာသင့်ပါတယ်။

မေမေဖေဖေတို့အနေနဲ့ ဒုတိယကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် စနစ်တကျ ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

From Kalay with

Tag: Number TwoTrying

Comments

0 comments
Latest video