
ဟော်မုန်းပြောင်းတာတွေကြောင့် အမြွှာရနိုင်ချေကို မြှင့်တင်ပေးနိုင်ပါတယ် (photo: FirstCry Parenting)
အမြွှာကိုယ်ဝန် ရချင်တဲ့သူတွေရှိလား၊ အမြွှာကိုယ်ဝန် ရရှိခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး အကြောင်းအရာတွေလည်း အရမ်းများ ပါတယ်။ အမြွှာကိုယ်ဝန် ရရှိဖို့ တသီးတသန့် လုပ်ယူလို့ မရဘူး၊ ရတယ် ဆိုတာလည်း ပြောနေကြဆဲပါပဲ။ ဒီတော့ အမြွှာကိုယ်ဝန် လိုချင်တဲ့ ဖေဖေ မေမေတွေအနေနဲ့ အမြွှာကိုယ်ဝန် ရရှိခြင်းအကြောင်းလေး သိထားဖို့ လိုပါတယ်နော်။

အမြွှာကိုယ်ဝန် ရရှိဖို့ မျိုးရိုးရှိဖို့ လိုပါတယ် (photo: FirstCry Parenting)
အမြွှာကိုယ်ဝန်ရရှိဖို့ မျိုးရိုးရှိဖို့ လိုလား
အမြွှာကိုယ်ဝန် ရရှိဖို့ မျိုးရိုးရှိဖို့ လိုပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ ဆွေမျိုးသားချင်းထဲမှာ အမြွှာမွေးဖူးတဲ့သူရှိရင် ကိုယ်လဲ အမြွှာကိုယ်ဝန် ရရှိနိုင်ပါတယ်။ မေမေ့ဘက်ကပဲ မျိုးရိုးရှိရင် ရပါပြီ။ မေမေလောင်းရဲ့ သားဥပေါ်မှာပဲ မူတည်ပါတယ်။
အစားအစာ
မေမေလောင်းတို့ရေ အစားအစာကလည်း အမြွှာကိုယ်ဝန်ရရှိဖို့ အထောက်အကူ ပြုပါတယ်။ ဟော်မုန်းပြောင်းတာတွေကြောင့် အမြွှာရနိုင်ချေကို မြှင့်တင်ပေးနိုင်ပါတယ်။ မေမေလောင်း ဖေဖေလောင်းတို့ အဆီနည်းနည်း စားသောက်တတ်သူဆိုရင် အမြွှာကိုယ်ဝန် ရနိုင်ချေ နည်းပါတယ်။ ဒါကြောင့် အမြွှာကိုယ်ဝန် ရချင်တယ်ဆိုရင် သတ်သတ်လွတ်ပဲစားမယ်ဆိုတဲ့ စိတ်လေး နည်းနည်းပြင်ပါနော်။
မေမေရဲ့ အသက်အရွယ်
မေမေတို့ရေ အမြွှာလေး မွေးနိုင်တဲ့ အသက်အရွယ်ကတော့ ပုံမှန်အားဖြင့် အသက်(၃၀) နဲ့ အထက်ပါ။ ဒီအသက်အရွယ်မှာ သားဥကြွေခြင်းကလည်း ပုံမှန်ဖြစ်နေပါတယ်။ ဒီအချိန်မှာ မေမေလောင်းတို့ သားဥကြွေတာက တစ်လုံးထက်ပိုပြီး ကြွေနိုင်ခြေ ပိုများပါတယ်။
ပြင်ဆင်ယူခြင်း
မေမေလောင်း ဖေဖေလောင်းတို့ အမြွှာကိုယ်ဝန်ရရှိနိုင်ဖို့အတွက် IVF လိုမျိုး မျိုးပွားကုထုံးတွေ ပြုလုပ်တာပါ။ IVF ဆိုတာကတော့ သုတ်ပိုးတွေကို ဥဆီရောက်အောင် သဘာဝ နည်းလမ်းအတိုင်း ပို့မယ့်အစား စမ်းသပ်ခန်းထဲမှာပဲ ဥထဲကို သုတ်ပိုးတွေထိုးထည့်လိုက်တာပါ။ မျိုးအောင်ပြီး ဥကိုတော့ အမျိုးသမီးရဲ့ သားအိမ်ထဲကိုထည့်လိုက်ပါတယ်။ အပြင်မှာ မျိုးအောင်လိုက်တဲ့ သဘောပါ။ ဒီနည်းလမ်းရဲ့ကောင်းကျိုးကတော့ သုတ်ပိုးက မမျိုးဥဆီ ထိုးဖောက်ဝင်ရောက်နိုင်ပါ့မလား စိတ်ပူစရာ မလိုတော့ဘဲ မျိုးအောင်နိုင်ဖို့ တစ်ခုတည်းကိုသာ စောင့်ရတော့မှာမျိုးပါ။
မေမေလောင်း ဖေဖေလောင်းလေးတို့ရေ အမြွှာကိုယ်ဝန်ဆောင်နိုင်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိထားပြီးပြီဆိုတော့ ကြိုးစားကြည့်ပါနော်။
Comments