ကိုယ်ဝန်ဆောင်နိုင်ရန် ကော်ဖီတွေအများကြီး မသောက်ဖို့လိုအပ်တဲ့အကြောင်း

by: Swe Mar
 0 comments  3 love

လေ့လာသူအများစုကတော့ ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေစဉ်မှာ ကော်ဖီပမာဏ၂၀၀ မီလီဂရမ်နဲ့၃၀၀ မီလီဂရမ်ကြားသာသောက်သုံးသင့်တယ်လို့ဆိုပါတယ်။

ကိုယ်ဝန်လိုချင်တဲ့ မေမေတို့နောက်တစ်ခု သတိထားရမှာက ကော်ဖီတွေ အများကြီး မသောက်မိကြဖို့ပါ။ ဘာလို့လဲဆိုတော့ ကော်ဖီထဲမှာ ကဖီးဓာတ်တွေအများကြီးပါဝင်နေတာဖြစ်ပြီး ကဖီးဓာတ်တွေအများကြီးစားသုံးတာကလည်း မျိုးအောင်ခြင်းကို အဟန့်အတားဖြစ်စေနိုင်တာကြောင့် ကလေးမြန်မြန်လိုချင်တဲ့ သူတွေအနေနဲ့ သတိထားသောက်သုံးသင့်ပါတယ်။

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ယူတာက ကဖီးဓာတ်စားသုံးမှုကြား ဆက်စပ်နေတဲ့အချက်ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ကဖီးဓာတ် ဘယ်လောက်ပမာဏသောက်သုံးရင် မျိုးအောင်တဲ့ကိစ္စမှာ ပြဿနာရှိတယ် ဆိုတဲ့အချက်ကို လုံလောက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပေမယ့် လေ့လာသူ အများစုကတော့ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေစဉ်မှာ ၂၀၀ မီလီဂရမ်နဲ့၃၀၀ မီလီဂရမ်ကြားသာ သောက်သုံးသင့်တယ်လို့ဆိုပါတယ်။ မနက်ခင်း နို့များများနဲ့ ကော်ဖီခွက်ကြီးတစ်ခွက်စာလောက်ဆိုရင် အဆင်ပြေပါတယ်။ တနေ့ကို ၃ ခွက်၊ ၄ ခွက်လောက်သောက်ချင်တဲ့ သူတွေအတွက် ပမာဏကို လျော့ချသောက်ဖို့ စစချင်း နဲနဲ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရဖို့ကြိုးစားနေတဲ့အချိန်မှာတော့ ကဖီးဓာတ် များတာကို ရှောင်ကို ရှောင်ရမှာပါ။

ကော်ဖီအပြင် တခြားလက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေမှာလည်း ကဖီးဓာတ်ပါတယ်ဆိုပေမယ့် ကော်ဖီမှာ ကဖီးဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ကော်ဖီစေ့အပေါ်မှာလည်းမူတည်ပြီးတော့ နွားနို့၊ သကြား စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဘယ်လို ဖျော်သလဲဆိုတာကလည်း ကဖီးဓာတ်ပမာဏ အပေါ်သက်ရောက်မှုရှိပါတယ်။  ဥပမာ –  အက်ပရက်ဆိုကော်ဖီဆိုရင် ခွက်သေးပေမယ့် ကဖီးဓာတ်ပါတာကတော့ တခြားကော်ဖီတွေမှာ ပါသလို အတူတူပဲ ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာလည်း ကဖိန်းဓာတ်လွန်ကဲတာဟာ သွေးအားနည်းခြင်းကို ဖြစ်စေပါတယ်။ ကိုယ်ဝန်သည်တွေအတွက် ကဖီးဓာတ်က ဘယ်လောက်ပမာဏသောက်ရင် စိတ်ချရတယ်ဆိုတာမျိုးလည်း မတွေ့သေးတာကြောင့် လျော့ချဖို့တိုက်တွန်းပါတယ်။ နောက်ပြီး ကဖီးဓာတ်က သန္ဓေသားဆီကို ရောက်ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ လျော့သောက်ဖို့လိုအပ်ပါတယ်။

ကဖီးဓာတ်ပါဝင်တဲ့ သောက်စရာတွေကတော့ လက်ဘက်ရည်၊ သောက်စရာအဖျော်ယမကာ၊ အားဖြည့်အချိုရည်၊ ကိုလာ၊ ကုတ်၊ ချောကလက်တွေ ဖြစ်ပါတယ်။ ကဖီးဓာတ်က ခေါင်းကိုက်တာ၊ အအေးမိတာ၊ ဓာတ်မတည့်တာကို ကုတဲ့ဆေးတွေမှာလည်း ပါဝင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x