ကိုယ်ဝန်ရဖို့ကြိုးစားချိန်မှာ ရှောင်ရှားသင့်တဲ့ အဆိပ်အတောက် (၃)မျိုး

by: Swe Mar
 0 comments  4 love

ကိုယ်ဝန်အမြန်ရဖို့ အတားအဆီးတွေ ဖြစ်လာနိုင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို သုံးစွဲတာ လျော့ချဖို့ အရေးကြီးပါတယ်

ကိုယ်ဝန်ရဖို့ ကြိုးစားနေစဉ်မှာတော့ ခန္ဓာကိုယ်ကျန်းမာရေးကိုထိခိုက်စေမယ့် အဆိပ်အတောက်တွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ အဆိပ်အတောက်တွေဟာ ဘယ်ကလာသလဲဆိုရင်

  • ရှုတဲ့လေ
  • သောက်တဲ့ရေ
  • စားတဲ့ အစားအစာနဲ့
  • ထိတွေ့ရတဲ့ ပတ်ဝန်းကျင်ကနေ ရပါတယ်။

သဘာဝ အစားအစာများ

အစားအသောက်တွေကို သဘာဝကရတဲ့ အစားအသောက်တွေကိုသာ စားပါ။ ကိုယ့်နယ်က ဒေသထွက်ကုန်သီးနှံတွေကို စားသုံးတာက လတ်ဆတ်ဖို့သေချာစေတယ်။ အခုအကြံပြုချင်တာကတော့ ဓာတ်မြေသြဇာမသုံးပဲ သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ စားသောက်စရာတွေကို စားသုံးပါ။ ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်ခြင်းနဲ့ ရေရှည်ခံအောင်ထုတ်ပိုးတဲ့ နေရာမှာသုံးတဲ့ ဓာတုပစ္စည်းရဲ့ အန္တရာယ်ကလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ ထုတ်ပိုးမှုတွေနဲ့ ရောင်းချတဲ့ စီးတီးမတ်တွေက စားသောက်ကုန်တွေထက် ဈေးထဲက ရောင်းတဲ့ အသီးအရွက်၊ သားငါးတွေက ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။

သန့်ရှင်းရေသုံး ပစ္စည်းများ

သန့်ရှင်းရေးအတွက် သုံးစွဲမယ့် ပစ္စည်းတွေကို အတတ်နိုင်ဆုံး မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုပါ။ အိမ်မှာအသုံးပြုတဲ့ အိမ်သန့်ရှင်းရေးဆေးတွေက ဓာတုဓာတ်တွေများစွာပါဝင်ပါတယ်။ ဥပမာ အိမ်သာဆေးတဲ့အခါ ဆားကို အရည်ဖျော်ပြီးတော့ သန့်ရှင်းရေးလုပ်ဆောင်လို့ ရပါတယ်။ တခြားမီးဖိုချောင်သုံးပစ္စည်းတွေလည်း သုံးလို့ရပါတယ်။ ဥပမာ ရှာလကာရည်၊ မုန့်ဖုတ်ဆော်ဒါ စတာတွေကလည်း သန့်ရှင်းရေးလုပ်ဆောင်ရာမှာ အသုံးဝင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

အိမ်သန့်ရှင်းရေးလုပ်ဆောင်တဲ့အခါ ဓာတုပစ္စည်းတွေသုံးစွဲခြင်းကို တတ်နိုင်သမျှလျော့ချပါ

ပလတ်စတစ် ပစ္စည်းများ

ပလတ်စတစ်ရေဗူးတွေ၊ ခွက်တွေကို မသုံးပါနဲ့။ ပလတ်စတစ်အသုံးပြုတဲ့အခါ ဆိုးဝါးတဲ့ ဓာတုဓာတ်တွေ ထွက်လာနိုင်ပါတယ်။ ကိုယ်သောက်တဲ့ရေ၊ ဒါမှမဟုတ် အစားအသောက်ထဲကနေ ခန္ဓာကိုယ်ဆီဝင်ရောက်မှာပါ။ ပလတ်စတစ်ကထွက်တဲ့ ဓာတုဓာတ်တွေက ခန္ဓာကိုယ်ထဲက မျိုးအောင်စေတဲ့ ဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ပြုနိုင်တာကြောင့် ပလတ်စတစ်ကိုရှောင်ရှားပါ။

ကိုယ်ဝန်အမြန်ရဖို့ အတားအဆီးတွေ ဖြစ်လာနိုင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို သုံးစွဲတာ လျော့ချဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles