ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေ မမေ့သင့်တဲ့နည်းလမ်းများ

by: Nang Htwe
 1 comments  45 love

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေမှာ တွေ့ကြုံရနိုင်တဲ့ စိတ်ဖိစီးမှုတွေနဲ့ မမှန်ကန်တဲ့ နည်းလမ်းတွေက ကိုယ်ဝန်ရဖို့ နှောင့်နှေးစေပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေက သာမန်စုံတွဲတွေနဲ့ မတူတဲ့ လိင်ဆက်ဆံနည်းေတွရှိပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ အိပ်ရာထဲက လိင်ဆက်ဆံနည်းတွေက ပုံစံမှန်ကန်ပါရဲ့လား။ ပုံစံမမှန်တဲ့ နည်းလမ်းတွေက ကိုယ်ဝန်ရဖို့ အခွင့်အရေးနည်းစေပါတယ်။ သာမန်လိင်ကိစ္စတွေမှာတော့ ကလေးယူဖို့ မကြိုးစားသေးဘူးဆိုရင် ကွန်ဒုံးကို အသုံးပြုနိုင်ပြီး ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကွန်ဒုံးအသုံးမပြုဖို့ လိုပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေ မမေ့ထားသင့်တဲ့ လိင်ဆက်ဆံနည်းတွေရှိပါတယ်

ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ လိုအပ်နေတဲ့ အထောက်အကူပြု နည်းလမ်းလေးတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

ဖြည့်စွက်ဗီတာမင်

ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေ အားလုံးသိကြတဲ့ folic acid ပါပဲ။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေမှာ တစ်ရက်ကို ဖော့လိတ်(၄၀၀)မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ ဖော့လိတ်က ကိုယ်ဝန်ရရှိဖို့ အထောက်အကူပြုသလို သန္ဓေသားဖွံ့ဖြိုးမှုကိုလည်း အကျိုးပြုပါတယ်။

လိင်ကိစ္စ

အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတဲ့အခါ စိုးရိမ်စိတ်တွေကို ဖျောက်ထားပါ။ စိုးရိမ်စိတ်တွေက ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။

စိုးရိမ်စိတ်

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေအနေနဲ့ ကိုယ်ဝန်မရမှာကြောက်တဲ့ စိုးရိမ်စိတ်တွေကို လျော့ချထားဖို့ လိုပါတယ်။ စိုးရိမ်စိတ်တွေက လိင်ဆက်ဆံတဲ့အခါမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဖိအား

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေ အနေနဲ့ လိင်ဆက်ဆံတဲ့အခါမှာ အိမ်ထောင်ဖက်ကို ဖိအားမပေးဖို့ လိုပါတယ်။ စိတ်တွေကို ဖြေလျော့စေပြီး ပျော်ရွင်တဲ့ ခံစားချက်ရဖို့ လိုအပ်ပါတယ်။

စိတ်ဖိစီးမှုတွေ အရမ်းများနေပါက ဇနီးမောင်နှံတွေအနေနဲ့ ခရီးထွက်ခြင်း၊ ချိန်းတွေ့ခြင်း တို့ကို ပြုလုပ်ပေးပါ

ရာသီစက်ဝန်း

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေအနေနဲ့ ရာသီစက်ဝန်းရဲ့ မမျိုးဥကြွေမယ့်နေ့မတိုင်မီ တစ်ရက်၊နှစ်ရက် အလိုကတည်းက အတူတူနေသင့်ပါတယ်။

ကျန်းမာတဲ့ သုတ်ပိုး

အိမ်ထောင်ဖက်မှာ ကျန်းမာတဲ့ သုတ်ပိုးအရေအတွက်များစေဖို့အတွက် ရှောင်ရှားရမှာကတော့

  • မူးယစ်ဆေးဝါး
  • ဆေးလိပ်
  • အရက်
  • အဝလွန်ခြင်း တို့ပါ။

စိတ်ဖိစီးမှု

ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့အခါမှာ စိတ်ဖိစီးမှုတွေ အရမ်းများနေပါက ဇနီးမောင်နှံတွေအနေနဲ့ ခရီးထွက်ခြင်း၊ ချိန်းတွေ့ခြင်း၊ အချစ်ဇာတ်လမ်းဖန်တီးပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles