ပဲပုပ်စေ့ပါတဲ့ အစားအစာတွေက ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြု

by: Nang Htwe
 1 comments  0 love

ပဲတွေမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာတော့ ပဲပုပ်စေ့ပဲကို ရွေးချယ်စားသုံးပေးဖို့ လိုပါတယ်

ကိုယ်ဝန်ယူဖို့ ကြိုးစားချိန်မှာ အာဟာပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ အရေးကြီးပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှသာ ကိုယ်ဝန်အမြန်ရရှိစေမှာပါ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေထဲကမှ ပဲအမျိုးမျိုးကိုတော့ ကိုယ်ဝန်ရဖို့ ကြိုးစားချိန်မှာ မရှိမဖြစ် စားသုံးပေးဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားချိန်မှာ အာဟာပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ အရေးကြီးပါတယ် (Photo by gettyimage)

ပဲပုပ်စေ့ပဲရဲ့ အကျိုးကျေးဇူးများ

ပဲတွေမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာတော့ ပဲပုပ်စေ့ပဲကို ရွေးချယ်စားသုံးပေးဖို့ ကျွမ်းကျင်သူတွေက ညွှန်ကြားကြပါတယ်။ ပဲပုပ်စေ့ပဲက အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်တာကို အားပေးတဲ့အပြင် ကျန်းမာတဲ့ မမျိုးဥတွေဖြစ်ပေါ်လာဖို့ အကူအညီတွေပေးပါတယ်။ ပဲပုပ်စေ့ပဲစားခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးကတော့ DNA ပျက်စီးတာနဲ့ ပြောင်းလဲတာတွေကို ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာတော့ ပဲပုပ်စေ့ပဲကို ရွေးချယ်စားသုံးပေးဖို့ ကျွမ်းကျင်သူတွေက ညွှန်ကြားကြပါတယ် (Photo by gettyimage)

ပဲပုပ်စေ့ပဲနဲ့ ကျန်းမာရေး

ပဲပုပ်စေ့ပဲ ပါဝင်တဲ့ အစားအစာတွေကို နေ့တိုင်းစားဖို့မလိုပါဘူး။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေအနေနဲ့ နှစ်ရက်တစ်ခါ သို့မဟုတ် သုံးရက်တစ်ခါခန့် ပုံမှန်စားပေးရင် ပြည့်စုံပါပြီ။ ပဲပုပ်စေ့ပဲက သန္ဓေသားလောင်းလေးရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ သဘာဝအလျှောက် လိင်စိတ်ကိုလည်း တိုးပွားလာစေပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပြီး စိုးရိမ်ပူပန်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ်။

ပဲပုပ်စေ့ပဲပါဝင်တဲ့ အစားအစာများ

တိုဟူးဖြူနဲ့ ပဲနို့ကတော့ လူသိများတဲ့ ပဲပုပ်စေ့ပဲပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။ ပဲပုပ်စေ့ပဲကို ဟင်းလျာအမျိုးမျိုးပုံစံဖြင့် ချက်ပြုတ်စားကြပါတယ်။ ကိုလက်စထရော ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်နှုန်းများပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားချိန်မှာ လိုအပ်နေတဲ့ အိုမီဂါ(၃)ပါဝင်တဲ့အပြင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ပဲပုပ်စေ့ပဲက အသီးအနှံတွေထဲမှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာလည်းဖြစ်ပါတယ်။

ကိုယ်ဝန်ရဖို့ကြိုးစားနေချိန်မှာ အာဟာရပြည့်ဝတဲ့အစားအစာတွေက ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ကိုယ်ဝန်ရဖို့အထောက်အကူပြုနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles