သုက်ပိုးဆိုပေမယ့် ကလေးမရနိုင်တဲ့ သုက်ပိုးဖြစ်နေပြီလား

by: Khin Nyein Lwin
 0 comments  2 love

သုက်ပိုးဆိုပေမယ့် ကိုယ်ဝန်မရနိုင်တဲ့သုက်ပိုးမဖြစ်ချင်ဘူးဆိုရင်တော့ အခုပြောပြထားတဲ့အချက်တွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှသာသုက်ပိုးတွေ အားကောင်းလာပြီး ကိုယ်ဝန်မြန်မြန်ရနိုင်မှာပါ။

ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးတွေ အားကောင်းမှ ဖြစ်မှာပါ။ အကယ်လို့များ ဖေဖေလောင်းမှာ အားနည်းတဲ့ သုတ်ပိုးတွေ ရှိနေပြီဆိုရင် ကလေးရနိုင်ချေနဲ့ မျိုးအောင်နိုင်ခြင်းဖြစ်ဖို့ အတော်လေး ခက်ခဲသွားပါပြီ။ ဒါကြောင့် သုတ်ပိုးတွေ အားလုံး အားကောင်းအောင် ကြိုးစားထားရပါမယ်။ ဒါမှ မျိုးအောင်နိုင်ချေ မြင့်တက်မှာပါ။

ဖေဖေလောင်းတို့အနေနဲ့ တစ်ခါတစ်လေမှာ တကိုယ်တည်း လိင်စိတ်ဖြေဖျောက်တာတွေ ရှိမှာပါ။ သုတ်ပိုးအားကောင်းဖို့ ဆိုရင်တော့ တစ်ကိုယ်တည်း လိင်စိတ်ဖြေဖျောက်တာကို လျှော့ချဖို့ လိုပါတယ်။ သုတ်ကောင်အရေအတွက် များများ လိုချင်တယ်ဆိုရင်တော့ လိင်စိတ်ဖြေဖျောက်ပြီးတဲ့အခါမှာ သုတ်ရည်ထွက်တာကို ထိန်းထားရပါမယ်။ ဒီလိုမျိုး သုတ်ကောင်တွေကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်တယ်ဆိုရင်တော့ မျိုးပွားနိုင်စွမ်း မြင့်တက်လာမှာ သေချာပါတယ်။

သုတ်ကောင် အရေအတွက်များလာဖို့နဲ့ သုတ်ပိုးအားကောင်းလာဖို့

လုပ်ဆောင်လို့ ရတာတွေလည်း ရှိပါတယ်။ သုတ်ကောင်အရေအတွက် များချင်တယ်ဆိုရင်တော့ ဖေဖေလောင်းတို့ရဲ့ လိင်အင်္ဂါကို အေးအောင် ထားရပါမယ်။ ရေနွေးပူနဲ့ ရေချိုးတာ၊ အတွင်းခံကို ခပ်ကျပ်ကျပ် ဝတ်ဆင်ခြင်း၊ အရက်သောက်ခြင်းနဲ့ ဆေးလိပ်များများ သောက်ခြင်းတွေ မလုပ်ဖို့ လိုပါတယ်။

ဖေဖေလောင်းတို့အနေနဲ့ ကိုယ့်ဆီက ထွက်တဲ့ သုတ်ရည်ပမာဏကို စစ်ဆေးနိုင်ပါတယ်။ အပေါ်ယံအားဖြင်တော့ သုတ်ရည်ထွက်တာ နည်းလား၊ များလားဆိုတာ သိနိုင်ပါတယ်။ အကယ်လို့ နည်းနေပြီး မျိုးမအောင်နိုင်ဘူး ထင်ရင်တော့ သုတ်ကောင်အရေအတွက် စစ်ဆေးမှုတွေ လုပ်လို့ ရပါတယ်။

သုတ်ပိုးလေးတွေ အားကောင်းစေဖို့အတွက်

တကိုယ်တည်း လိင်စိတ်ဖြေခြင်းကို လျှော့ချပါ။ ဖေဖေလောင်းတို့ အနေနဲ့ အစားအသောက်တွေ စားပြီး ကလေးမရနိုင်တဲ့ သုတ်ပိုးတွေ မရှိအောင် လုပ်နိုင်ပါတယ်။ အာဟာရပြည့်ပြည့်ဝဝ စားသောက်ခြင်းက သုတ်ပိုးတွေ သန်စွမ်းစေပါတယ်။ ဖေဖေလောင်းတို့ ဖောလစ်အက်ဆစ်ပါတဲ့ အစားအစာတွေကလည်း မေမေလောင်းတို့အတွက်တင် မဟုတ်ဘဲ မျိုးအောင်စေဖို့ သုတ်ပိုးတွေကိုပါ အားကောင်းစေပါတယ်။ အားကောင်းတဲ့ သုတ်ပိုးလေးတွေကို သိမ်းထားဖို့ လိုပါတယ်။ ဖေဖေလောင်းတို့ ကလေးမရနိုင်လောက်အောင် သုတ်ပိုးတွေ အားနည်းနေပြီဆိုရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။ ဒါဆိုရင်တော့ မျိုးအောင်နိုင်မှာပါ။

သုက်ပိုးဆိုပေမယ့် ကိုယ်ဝန်မရနိုင်တဲ့သုက်ပိုးမဖြစ်ချင်ဘူးဆိုရင်တော့ အခုပြောပြထားတဲ့အချက်တွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှသာသုက်ပိုးတွေ အားကောင်းလာပြီး ကိုယ်ဝန်မြန်မြန်ရနိုင်မှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles