ကိုယ်ဝန်ရဖို့ လိင်ဆက်ဆံရမယ့်အချိန်

by: Phyo Pyae Thu
 1 comments  206 love

ဖေဖေတို့ သုတ်ပိုးရဲ့ အရည်အချင်းကို ကျစေမယ့် ဆေးလိပ်၊ အရက်၊ ကဖင်းတွေမှာ အဲဒီရက်တွေမှာ ရှောင်ပြီး လိင်ဆက်ဆံပါ။ အချိန်ကိုက်ဖြစ်လေကိုယ်ဝန်ရဖို့လွယ်လေပါပဲ။

ဖေဖေ မေမေတို့ ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင်တော့ လိင်ဆက်ဆံခြင်းတွေမှာ မှန်ကန်တိကျဖို့ လိုပါတယ်။ လိင်ဆက်ဆံချိန်မှာ ဖေဖေ့ဆီက ထွက်တဲ့ သုတ်ပိုးနဲ့ မေမေ့ဆီက ထွက်တဲ့ မမျိုးဥတို့ အချိန်ကိုက်တွေ့ပြီး ဆုံနိုင်မှသာ ကိုယ်ဝန်ရနိုင်မှာပါ။ ဒါကြောင့် မမျိုးဥကြွေတဲ့အချိန်နဲ့ သုတ်ပိုးအံကိုက်စေဖို့ ကြိုးစားရပါမယ်။

မမျိုးဥကြွေတဲ့အချိန်နဲ့ သုတ်ပိုးအံကိုက်စေဖို့ ကြိုးစားရပါမယ်(photo: Mumsnet)

ကိုယ်ဝန်ရရှိဖို့ဆိုတာ လတစ်လမှာ ရက်ပိုင်းအတောအတွင်းပဲ ကြိုးစားဖို့ လိုတာပါ။ ဒါကြောင့် ဖေဖေလောင်း မေမေလောင်းတို့က ကြိုးစားရမယ့် ရက်သိဖို့ လိုသလို ကြိုးစားရမယ့် နည်းလမ်းလည်း အသုံးပြုရပါမယ်။ ဘာကြောင့် လတစ်လရဲ့ ရက်အတွင်းပဲ ကြိုးစားသင့်တာလည်း ဆိုတော့ လတစ်လမှာ မမျိုးဥက တစ်ကြိမ်ပဲ ကြွေတာကြောင့်ပါ။

မေမေလောင်း တော်တော်များများကတော့ မမျိုးဥကြွေတဲ့ရက်ကို သုတ်ပိုးလေးနဲ့ ထိတွေ့အောင် ကြိုးစားရမယ်ဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ မမျိုးဥကြွေတဲ့ရက်ကို သိထားဖို့တော့ လိုပါတယ်။ မေမေတို့ရေ ရာသီလာတယ်ဆို မမျိုးဥကြွေတာပါ။ အကယ်လို့များ မမျိုးဥကြွေတဲ့ရက်မှာ သုတ်ပိုးလေးနဲ့ ထိတွေ့ပြီး မျိုးအောင်မယ်ဆိုရင်တော့ ကိုယ်ဝန်ရပြီပေါ့နော်။ ဒါကြောင့် လတစ်လမှာ ကြိုးစားရမယ့် ရက်ဆိုပြီး သီးသန့်လေး တွက်ထားရပါမယ်။

 ရာသီလာရက်ကို မှတ်ထားပါ

ကိုယ်ဝန် ရရှိနိုင်ချေတွေက မမျိုးဥကြွေတဲ့ရက်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ဝန်ရရှိနိုင်နှုန်း အမြင့်ဆုံး ရက်တွေကတော့ မမျိုးဥ မကြွေခင် (၁) ရက်၊ (၂) ရက်တွေပါ။ ပုံမှန်ရက်ကတော့ မမျိုးဥကြွေတဲ့ရက်နဲ့ မကြွေခင် (၄) ရက်မြောက်နေ့တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရက်တွက်တဲ့ နည်းလမ်းကတော့ ရာသီစက်ဝန်း ပုံမှန်ဖြစ်နေမှသာ မှန်ကန်နိုင်မှာ ဖြစ်ပါတယ်။

ဆေးလိပ်၊ အရက်၊ ကဖင်းတွေမှာ အဲဒီရက်တွေမှာ ရှောင်ပြီး လိင်ဆက်ဆံပါ(photo: Mumsnet)

မေမေတို့ကတော့ မမျိုးဥကြွေတာ အသင့်ဖြစ်နေပါပြီတဲ့ သုတ်ပိုးက ကျန်းမာရေး မကောင်းရင်လည်း မရသေးပါဘူး။ ဒီတော မေမေ့ဘက်က မမျိုးဥကြွေတဲ့ ရက်တွေမှ ဖေဖေရဲ့ သုတ်ပိုးတွေက ပမာဏနဲ့ စွမ်းရည် ကောင်းဖို့ လိုပါတယ်။ သုတ်ပိုးရဲ့ အရည်အချင်းကို ကျစေမယ့် ဆေးလိပ်၊ အရက်၊ ကဖင်းတွေမှာ အဲဒီရက်တွေမှာ ရှောင်ပြီး လိင်ဆက်ဆံပါ။ ဒါဆိုရင်တော့ မေမေလောင်းရော ဖေဖေလောင်းလေးရော ကိုယ်ဝန်ရရှိနိုင်ပါပြီနော်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x