အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့ သိသင့်တဲ့အချက်များ

by: Khin Nyein Lwin
 1 comments  551 love

Kalay ကနေ အမြွာကိုယ်ဝန်ဆောင်ချင်တဲ့ မေမေများအတွက်  သိသင့်တဲ့ အချက်အလက်များကို ပြောပြသွားချင်ပါတယ်

တစ်ချို့မိခင်လောင်းတွေထဲမှာ အမြွာရင်သွေးလိုချင်တဲ့မေမေတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ပါတယ်။ မိသားစု စီမံကိန်းအရ တစ်ခါတည်းနဲ့ ကိုယ်ဝန်ဆောင်နိုင်ရင် ပြီးကောဆိုတဲ့ သူမျိုးတွေ ရှိမှာပါ။ တစ်ချို့ အမြွာကိုမှ ယောကျာ်းလေးတစ်ေ်ယာက်၊ မိန်းကလေးတစ်ယောက် ဖြစ်လိုက်ရင် ဘယ်လောက်များကောင်းမလဲနော်။ ဒီတော့ အခု Kalay ကနေ အမြွာကိုယ်ဝန်ဆောင်ချင်တဲ့ မေမေများအတွက်  သိသင့်တဲ့ အချက်အလက်များကို ပြောပြသွားချင်ပါတယ်။

အမြွာရင်သွေးလိုချင်တဲ့မေမေတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ပါတယ်

အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့ ဘယ်လိုအစားအစာတွေ စားသင့်လဲ ?

သဘာဝအတိုင်း အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံးအထောက်အကူပြုနိုင်တဲ့ အစားအစာထဲမှာ အာလူးနဲ့ကန်စွန်းဥ တို့က အရေးကြီးတဲ့အစိတ်အပိုင်း အစားအစာများဖြစ်ပါတယ်။ ကန်စွန်းဥက အမျိုးသမီးရဲ့ မ မျိုးဥ နဲ့ မ မျိုးဥ ကြွေမယ့်လမ်းစဉ်ကို အရမ်းအားကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်းကို ပိုမိုများစေပါတယ်။

ကိုယ်ဝန်ဆောင်နိုင်ဖို့ Folic Acid ကအထောက်အပံ့ကောင်းဖြစ်ပါတယ် (Photo: Getty Image)

အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် Folic Acid က ကူညီပေးနိုင်လား ?

Folic Acid ကတော့ အမျိုးသမီးတိုင်းလိုလို ကိုယ်ဝန်ဆောင်နိုင်ဖို့ တကယ့်ကို သောက်သုံးသင့်တဲ့ ဆေးဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်ပါတယ်။ ဒီဆေးကို ကိုယ်ဝန်မဆောင်ခင် တစ်လလောက်အလိုထဲက သောက်သုံးနိုင်ရင်လည်း အကောင်းဆုံး ဖြစ်ပါတယ်။

ယောကျာ်းဖြစ်သူက အမြွာကိုယ်ဝန်ဆောင်နိုင်တဲ့ အခွင့်အလမ်းများစေဖို့ ဘာတွေ စားသုံးပေးသင့်လဲ ?

Zinc ဓါတ်ကြွယ်ဝတဲ့ အစားအစာများနဲ့အတူ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ ပေါင်မုန့်ကြွပ်ခြောက်များကဲ့သို့သော အစားအစာများက အမျိုးသားများရဲ့ သုတ်ပိုး ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။

ကလေးတစ်ယောက်မွေးပြီးထားရင် နောက်ကိုယ်ဝန်က အမြွာကိုယ်ဝန် ဖြစ်နိုင်လား ?

ရနိုင်ပါတယ်။ လေ့လာချက်များအရ ကလေးတစ်ဦး ဒါမှမဟုတ် နှစ်ဦးမွေးထားတဲ့ အမျိုးသမီးများကလည်း အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်းများ ပိုမိုများပြားတာ တွေ့ရပါတယ်။

အမြွာလေးတွေဘယ်လောက်များ ချစ်ဖို့ကောင်းလဲနော် (Photo: Getty Image)

ကိုယ်တိုင်က အမြွာဆိုရင် ကိုယ်ဝန်ဆောင်တဲ့အခါ အမြွာကိုယ်ဝန်ဆောင်နိုင်လား ?

တကယ့်ကို သေချာမှုအများဆုံးအချက်ပါ။ မေမေတို့ ကိုယ်တိုင်က အမြွာများအဖြစ် မွေးဖွားလာတယ်ဆိုရင် ကိုယ်တိုင်အတွက် အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်းအများဆုံးဖြစ်ပါတယ်။

ပထမကလေးကိုနို့တိုက်နေတုန်း နောက်ထပ်ကိုယ်ဝန်ရှိလာတဲ့အခါ အမြွာကိုယ်ဝန်ဖြစ်နိုင်လား ?

အချက်အလက်တစ်ခုထဲကတစ်ခုပါပဲ။ မေမေတို့ ကလေးကိုနို့တိုက်နေတုန်း နောက်ကိုယ်ဝန်ထပ်ရှိလာတယ်ဆိုရင် အမြွာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x