သဘာဝအတိုင်း အရည်အသွေးကောင်းတဲ့ သုတ်ပိုးတွေရစေဖို့

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်ဖို့ဆိုတာ ကောင်းမွန်တဲ့ သုတ်ပိုး အရေအတွက် များများရှိဖို့ လိုအပ်တာကြောင့် သဘာဝနည်းအတိုင်း တိုးပွားစေမယ့် နည်းလမ်းလေးတွေကို လိုက်နာသင့်ပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာ မမျိုးဥ အောင်ဖို့သာမက သုတ်ပိုးအရည်အသွေး ကောင်းဖို့လည်း လိုပါတယ်။ သုတ်ပိုး အရည်အသွေးကောင်းမှသာ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ သုတ်ပိုး ကျန်းမာမှသာ မွေးဖွားလာမယ့် သန္ဓေသားလောင်းလေးကလည်း ကျန်းမာသန်စွမ်းမှာပါ။

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာ မမျိုးဥအောင်ဖို့သာမက သုတ်ပိုးအရည်အသွေး ကောင်းဖို့လည်း လိုပါတယ်

စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေ များနေတဲ့ ခင်ပွန်းသည်တွေမှာ ကျန်းမာတဲ့ သုတ်ပိုး အရေအတွက် နည်းနေတာကို တွေ့ရပါတယ်။ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာ ကျန်းမာတဲ့ သုတ်ပိုးတွေ အရေအတွက် များများရစေမယ့် သဘာဝနည်းလမ်းတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

အဆင်သင့် အစားအစာ

အပြင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အစားအစာတွေမှာ အာဟာရ ပြည့်ဝစွာ မပါဝင်ပါဘူး

အပြင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အစားအစာတွေမှာ အာဟာရ ပြည့်ဝစွာ မပါဝင်ပါဘူး။ ဒီအစားအစာတွေမှာ ကြာရှည်ခံအောင် ထည့်သွင်းထားတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တာကြောင့် ရေရှည်စားသုံးတဲ့အခါမှာ ကျန်းမာတဲ့ သုတ်ပိုးတွေ လျော့နည်းစေပါတယ်။ အာဟာရပြည့်ဝမှသာ ကျန်းမာတဲ့ သုတ်ပိုးတွေ ပမာဏများများ ထုတ်ပေးနိုင်မှာပါ။

လေ့ကျင့်ခန်း

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးတာက ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်ပေးပါတယ်

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးတာက testosterone ဟော်မုန်းတွေကို ထုတ်ပေးတာကြောင့် ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်ပေးပါတယ်။ တချို့လေ့ကျင့်ခန်းတွေက ဝှေ့စေ့အပေါ်ဖိအားတွေ သက်ရောက်မှု ရှိတာကြောင့် ပြင်းပြင်းထန်ထန် မပြုလုပ်ဖို့ လိုပါတယ်။

ပလပ်စတစ်

ပလပ်စတစ် ထိတွေ့နှုန်းများတဲ့အခါမှာ ကိုယ်ဝန်ရဖို့ အခက်အခဲ ဖြစ်စေနိုင်သလို မြုံတာတွေလည်း ဖြစ်နိုင်ပါတယ်

ပလပ်စတစ် အသုံးပြုနှုန်း လျော့ချပေးပါ။ ပလပ်စတစ် ထိတွေ့နှုန်းများတဲ့အခါမှာ ကိုယ်ဝန်ရဖို့ အခက်အခဲ ဖြစ်စေနိုင်သလို မြုံတာတွေလည်း ဖြစ်နိုင်ပါတယ်။

အစေ့အဆံ

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင် တစ်ရက်ကို အခွံမာသီး (၂.၅)အောင်စ စားပေးသင့်ပါတယ်

အခွံမာသီးတွေနဲ့ အစေ့အဆံတွေမှာ ဆယ်လီနီယမ်၊ သံဓာတ်နဲ့ copper တို့ ပါဝင်တာကြောင့် ကျန်းမာတဲ့ သုတ်ပိုးတွေကို  ထုတ်လုပ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင် တစ်ရက်ကို အခွံမာသီး (၂.၅)အောင်စ စားပေးသင့်ပါတယ်။

မှို

မှိုဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာတာတွေကို ကာကွယ်ပေးပါတယ်

မှိုဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာတာတွေကို ကာကွယ်ပေးပါတယ်။ မှိုထဲမှာ yeast ပါဝင်တာကြောင့် ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်လုပ်ပေးပါတယ်။

အမိုင်နိုအက်ဆစ်

အမိုင်နိုအက်ဆစ် ပါဝင်တဲ့ အစားအစာတွေက ကျန်းမာတဲ့ သုတ်ပိုးတွေကိုလည်း ထုတ်လုပ်ပေးပါတယ်

အမိုင်နိုအက်ဆစ် ပါဝင်တဲ့ အစားအစာတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းကို ထောက်ပံ့ပေးတဲ့အပြင် ကျန်းမာတဲ့ သုတ်ပိုးတွေကိုလည်း ထုတ်လုပ်ပေးပါတယ်။

ဆေးလိပ်

ဆေးလိပ်နဲ့ ဆေးရွက်ကြီး တွေက စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေပြီး သုတ်ပိုးအရေအတွက်ကိုလည်း လျော့နည်းစေပါတယ်

ဆေးလိပ်နဲ့ ဆေးရွက်ကြီး တွေက စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေပြီး သုတ်ပိုးအရေအတွက်ကိုလည်း လျော့နည်းစေပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင် သုတ်ပိုး အရေအတွက်ကို လျော့နည်းစေတဲ့ ဆေးလိပ်သောက်တာကို လျော့ချပေးပါ။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x