ဇနီးကိုယ်ဝန်မဆောင်ခင်မှာ ခင်ပွန်းကပြင်ဆင်ထားရယ့်အရာ

by: Phyo Pyae Thu
 0 comments  1 love

 မေမေလောင်းလေးမှာပဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပြင်ဆင်ရမှာ မဟုတ်ပါဘူးနော်။ ဖေဖေလောင်းလေးလည်း ပြင်ဆင်ရမှာပါနော်။

အရင်ကထက် ပိုချစ်ပြဖို့နဲ့ ကြင်နာ ယုယဖို့ပါ (Photo: Working Mother)

ဖေဖေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ရင်သွေးလေး မရှိလာခင်မှာ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ အများကြီးရှိပါတယ်နော်။ မေမေလောင်းလေးမှာပဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပြင်ဆင်ရမှာ မဟုတ်ပါဘူးနော်။ ဖေဖေလောင်းလေးလည်း ပြင်ဆင်ရမှာပါ။

ဖေဖေလောင်းတို့ရေ မေမေလောင်းတွေဟာ ကိုယ်ဝန်စရှိပြီဆိုကတည်းကတော့ အဖြစ်သည်းတဲ့ ကိစ္စလေးတွေက အရင်ကထက် ပိုလာမှာ ဖြစ်ပြီးအရင်ကထက်လည်း ပိုပြီးတော့ အားငယ်စိတ်တွေလည်း ရှိလာမှာပါ။ ဖေဖေလောင်းတို့ ပြင်ဆင်ထားရမယ့် စိတ်ပိုင်းဆိုင်ရာတွေထဲမှာ မေမေလောင်းလေးတွေကို အရင်ကထက် ပိုချစ်ပြဖို့နဲ့ ကြင်နာ ယုယဖို့ပါ။ ဖေဖေလောင်းတို့မှာလည်း  သန္ဓေသားနဲ့ ပတ်သက်ပြီး ချစ်စိတ်တွေ၊ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေ ရှိနေမှာပါ။ နောက်ပြီးတော့လည်း ကိုယ်ဝန်မရခင်တည်းက ကိုယ်ဝန်ယူတဲ့အခါ အရလွယ်အောင် စိတ်ဖိစီးမှုတွေ လျော့ချထားဖို့ လိုပါသေးတယ်နော်။

မီးဖိုချောင် ဝင်ချင်စိတ်လေးလည်း ပြင်ဆင်ထားဖို့လည်း လိုပါတယ်နော် (Photo: Working Mother)

 ကိုယ်ဝန်မဆောင်ခင်တည်းက သားလေးပဲ လိုချင်တယ် သမီးလေးပဲ လိုချင်တယ်ဆိုတာမျိုး

ရှိကောင်းရှိမှာပါ။ သားလေးပဲ ဖြစ်ဖြစ် သမီးလေးပဲ ဖြစ်ဖြစ် ချစ်ကြမှာပါ။ ဖေဖေလောင်းတို့ သားလေး မွေးလာရင် ဘယ်လို ဆုံးမ ပျိုးထောင်မှုတွေ လုပ်မယ် သမီးလေးမွေးရင် ဘယ်လို ပြုစုပျိုးထောင်တာတွေ လုပ်မယ်ဆိုတာမျိုးလေးပါ ကြိုတင် တွေးထားနော်။

ဖေဖေလောင်းတို့ရေ မေမေလောင်းတို့ကို သိပ်မကြာခင် ကိုယ်ဝန်ဆောင်ခိုင်းတော့မယ်လို့ စဉ်းစားထားရင်တော့ မီးဖိုချောင် ဝင်ချင်စိတ်လေးလည်း ပြင်ဆင်ထားဖို့လည်း လိုပါတယ်နော်။ မေမေလောင်းတို့တွေက ကိုယ်ဝန်ဆောင်ချိန်မှာ မီးဖိုချောင် ဝင်နိုင်ဖို့ နည်းနည်းတော့ ခက်ပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့ ဇနီးကို ဘာလေးတွေ ချက်ကျွေးမယ်ဆိုတာလည်း စိတ်ကူးထဲက ပြင်ဆင်ထားပါနော်။ ဖေဖေလောင်းတို့ရေ  ဇနီးကို စိတ်ခွန်အား မျှဝေပေးနိုင်ဖို့လည်း ပြင်ဆင်ထားရပါမယ်နော်။ ကိုယ်ဝန်ဆောင်တဲ့အခါမှာ မေမေလောင်းတစ်ယောက်တည်း မဟုတ်ဘဲ ဖေဖေကပါ ပါဝင်တာမျိုး ပြုလုပ်ပေးနိုင်ဖို့ စိတ်ဆုံးဖြတ်ထားပါ။

ဖေဖေလောင်းတို့ အနေနဲ့ အဓိက ပြင်ဆင်ရမှာက ကိုယ်ဝန်ရှိတဲ့အခါမှာ ပြောင်းလဲသွားမယ့် ဟော်မုန်းပါ။ ဒီဟော်မုန်းက မေမေလောင်းဆီမှာ ပြောင်းလဲပြီး စိတ်တိုတာတွေ၊ စိတ်ဆတ်တာတွေ ရှိလာမှာပါ။ ဒီလိုအခြေအနေတွေကို နားလည်ပေးနိုင်ဖို့ ဖေဖေလောင်းတို့ ပြင်ဆင်ထားပေးပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles