ကိုယ်ဝန်ဆောင်နိုင်တာနဲ့ပတ်သက်ပြီး အမှားများတဲ့ အချက်(၁၀)ချက်

by: Editor
 1 comments  40 love

ကျားအဂါင်္ကြီးတိုင်း အမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်းမြင့်တာမဟုတ်ပါဘူး။ ကျားအဂါင်္ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ သုတ်ကောင်ဟာသူသွားရမယ့်လမ်းကြောင်းကိုသွားပါတယ်။

မေမေတို့အနေနဲ့ အရမ်း ကိုယ်ဝန်လိုချင်နေတယ်ဆိုရင်  တစ်စုံတစ်ယောက်က ပြောတဲ့အထဲမှာ ဒီလိုအချက်(၁၀)ချက်နဲ့ပတ်သက်ြပီး ပါနေမယ်ဆိုရင်တော့ နားမထောင်မိတာ အကောင်းဆုံးပါဘဲ။

အစပ်စားခြင်းကကိုယ်ဝန်ရနိုင်စွမ်းကိုမြှင့်တင်ပေးတယ်

သွေးတိုးပြီး နှလုံးခုန်မြန်တာကို လိင်ဆက်ဆံနိုင်စွမ်းမြင့်လာတာနဲ့ မရောစေချင်ပါဘူး။ စပ်တဲ့အစားအသောက်တွေဟာ ပူပြီးစပ်တာကြောင့် လျှာကို ပျားတုပ်ထားသလိုဖြစ်စေပြီး ချွေးပြန်စေရုံဘဲရှိမှာပါ။

မနက်ခင်းမှာ လိင်ဆက်ဆံတာက ကိုယ်ဝန်ရနိုင်စွမ်းကို မြှင့်တင်ပေးတယ်

မနက်ခင်းမှာ သုတ်ကောင်အရေအတွက်က အမြင့်ဆုံးဖြစ်မယ်လို့ အများစုကထင်ကြပေမယ့် ဒါဟာတကယ်တော့ သိပ်မမှန်ပါဘူး။

အမျိုးသားရဲ့ဝှေးစေ့ဟာ ယောကျာ်းလေးကိုယ်ဝန်လိုချင်တယ်ဆိုရင် အေးနေသင့်ပြီး မိန်းကလေးလိုချင်တယ် ဆိုရင် ပူသင့်တယ်

 သ​န္ဓေသားရဲ့လိင်ကို ဒါနဲ့ဆုံးဖြတ်လို့မရပါဘူး။

ဖန်ပြွန်သန္ဓေသားရယူတဲ့ နည်းလမ်းကကိုယ်ဝန်ရဖို့ ၁၀၀ ရာနှုန်းအထိသေချာတယ်

လူအများစုက ဒီနည်းလမ်းကို အလွန်ကောင်းတယ်လို့ ထင်ကြပေမဲ့ ဒီနည်းလမ်းအောင်မြင်ဖို့ရာခိုင်နှုန်းကလည်း တချို့ အချက်တွေအပေါ်မူတည်ပါတယ်။ (ဥပမာ-ကိုယ်ဝန်ယူမည့်အမျိုးသမီးရဲ့အသက် ၃၅ နှစ်ရောက်ပြီဆိုရင် အောင်မြင်မှု ရာခိုင်နှုန်းကျလာပါပြီ)

 

ကန်ဇွန်းဥစားရင် မိခင်လောင်းကို အမြွှာကိုယ်ဝန်ရစေတယ်။

ကန်ဇွန်းဥနဲ့ ကိုယ်ဝန်ရနိုင်စွမ်းဆက်စပ်မှုကို လေ့လာချက်တွေ အများကြီးရှိပေမယ့်လည်း အထောက်အထား ပြနိုင်ခြင်းတော့ မရှိသေးပါဘူး။

ချောင်းဆိုးပျောက်ဆေးရည်သောက်တာကအမျိုးသမီးတွေကိုယ်ဝန်ရအောင်ကူညီပေးတယ်

လူတော်တော်များများက အဲ့လိုသောက်တာဟာ သုတ်ကောင်တွေကို သားအိမ်ခေါင်းဆီ ကူးခတ်ရလွယ်အောင် ကူညီပေးတယ် လို့ထင်တယ်။ အဲဒါတွေကိုမယုံပါနဲ့။ ချောင်းဆိုးပျောက်ဆေးရည်ကို သင်ချောင်းဆိုးနေတဲ့အချိန်မှာသာ သောက်သင့်ပါတယ်။

ကိုယ်ဝန် အရမ်းလိုချင်ပြီးရကိုရရမယ်လို့ ယုံကြည်နေရင် ကိုယ်ဝန်ရှိနိုင်တယ်

ခန္ဓာကိုယ်အစိတ်အပိုင်းတွေမဟုတ်တဲ့အတွက်ကြောင့် ကိုယ်ဝန်မရှိတာကိုရှိအောင် အတင်းလုပ်ယူလို့မရပါဘူး။ ဒါပေမယ့်အမျိုးသမီးတွေကိုယ်ဝနှ်ရှိနိုင်စွမ်းကိုမြင့်တက်စေတဲ့ ကုထုံးတွေတော့ရှိလာပါပြီ။

စားသောက်နေထိုင်မှုပုံစံတစ်ခုသတ်မှတ်ပြီးနေတာကိုယ်ဝန်ရဖို့ပိုအခွင့်အရေးများစေတယ်

ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ဖို့လိုအပ်ပေမဲ့ စားသောက်နေထိုင်မှုပုံစံတစ်ခုသတ်မှတ်ပီး စားတာက အမျိုးသမီးတွေ သ​န္ဓေအောင်နိုင်စွမ်းကို မြင့်တက်စေပါတယ် လို့တော့အထောက်အထားတွေမရှိပါဘူး။ (ဥပမာ- နာနတ်သီးနေ့တိုင်းစားတာ သို့မဟုတ် ဂလူတန်ပါတဲ့အစားအစာတွေမစားတာ)

အပေါ်ကနေအောက်ကျနေတဲ့အနေအထားက သုတ်ကောင်တွေ ကူးခတ်မယ့်လမ်းကိုရှာရပိုလွယ်စေတယ်

သုတ်ကောင်ကသူသွားမယ့်လမ်းသူရှိတာမို့ ကျားအဂါင်္ကဘယ်အနေအထားမှာဘဲရှိရှိ ဒါကမပြောင်းလဲပါဘူး။

ကျားအဂါင်္အရွယ်အစားကအမျိုးသားတွေရဲ့သ​န္ဓေအောင်နိုင်စွမ်းအပေါ်အကျိုးသက်ရောက်မှုရှိတယ်

ကျားအဂါင်္ကြီးတိုင်း အမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်းမြင့်တာမဟုတ်ပါဘူး။ ကျားအဂါင်္ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ သုတ်ကောင်ဟာသူသွားရမယ့်လမ်းကြောင်းကိုသွားပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: kalaypregnancy

Comments

0 comments
Latest video
Refer to more useful articles
x