ဆရာဝန်တွေကတော့ ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာပဲ Folic Acid သောက်သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ ဘာကြောင့် Folic Acid ကို သောက်စေချင်သလဲဆိုတော့ Folic Acid က သားသားမီးမီးတို့ရဲ့ ဦးနှောက်၊ အာရုံကြောနဲ့ ကျောရိုးချို့ယွင်းချက်တွေ မဖြစ်ပေါ်အောင် ကူညီပေးလို့ ဖြစ်ပါတယ်။ သန္ဓေသားမှာ ဦးနှောက်၊ ကျောရိုးနဲ့ အာရုံကြောပြွန်တွေရဲ့ ဖွံ့ဖြိုးမှုကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာဖြစ်ပါတယ်။
ပုံမှာ ပြထားတာကတော့ မေမေတို့ဗိုက်ထဲမှာ ရှိနေတဲ့ ၈ ပတ်ခန့်ရှိပြီဖြစ်တဲ့ သန္ဓေသားလောင်းဖြစ်ပါတယ်။ ကိုယ်ဝန်ရှိကာစ သန္ဓေသားလောင်းရဲ့ ကြီးထွားနေပုံပါ။ လက်ကလေးတွေနဲ့ခြေချောင်းလေးတွေလည်း ထွက်ပေါ်နေပါပြီ။ ဒါပေမယ့် အရမ်းကြီးကြီးမားမားကြီး မဟုတ်လို့ မေမေတို့ဟာ အပြင်ကကြည့်ရင် ကိုယ်ဝန်ဆောင်ထားမှန်းတောင်မသိရသေးပါဘူး။
ကိုယ်ဝန်ယူဖို့စစဉ်းစားပြီဆိုတာနဲ့ Folic Acid ကိုသောက်သုံးပေးသင့်ပါတယ်။ အာရုံကြောပြွန် ထိခိုက်မှုက ဘယ်အချိန်မှာ ဖြစ်တတ်သလဲဆိုရင် မိခင်ဖြစ်မယ့်သူက ကိုယ့်ကိုယ်ကိုယ် ကိုယ်ဝန်ရှိမှန်းမသိခင် သန္ဓေတည်စ အစောပိုင်းကာလေတွေမှာ ဖြစ်တတ်တာဖြစ်ပါတယ်။ မေမေတို့ Folic Acid သောက်သုံးပေးခြင်းအားဖြင့် သားသားမီးမီးလေးတို့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနဲ့ နှလုံးချို့ယွင်းချက်တွေကိုပါ မဖြစ်ပွားအောင် လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်သည်တွေမှာ ဖြစ်တတ်တဲ့ သွေးပေါင်ချိန်မမှန်တာတွေကိုပါ ကာကွယ်ပေးတယ်။ ကလေးကြီးထွားမှုအတွက်လည်း အရေးကြီးပါတယ်။ Folic Acid လို နောက်ထပ် သောက်သုံးပေးသင့်တာကတော့ ကိုယ်ဝန်ဆောင်စဉ်သောက်သုံးပေးသင့်တဲ့ ဗီတာမင်အားဆေးတွေဖြစ်ပါတယ်။
Comments