သဘာဝအတိုင်း ကိုယ်ဝန်မြန်မြန်ရစေဖို့

by: Phyo Pyae Thu
 0 comments  0 love

တားဆေးဖြတ်ပြီးနောက်ပိုင်းမှာ သဘာဝအတိုင်း ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိပါတယ်။

သဘာဝအတိုင်း ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိပါတယ် (Photo by Baby Center from monhuiledecoco.)

ဖေဖေလောင်း မေမေလောာင်းတို့ တားဆေးဖြတ်ပြီးနောက်ပိုင်းမှာ သဘာဝအတိုင်း ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိပါတယ်။ ဒီနည်းလမ်းလေးတွေ လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ်ဝန်မြန်မြန်ရစေနိုင်မှာပါ။

အိပ်ရေးပျက်တာတွေ ဂရုစိုက်ပါ

အိပ်ရေးဝဝ အိပ်တာက စွမ်းအင်တွေကို မြှင့်တက်စေပါတယ်။ အိပ်ရေးပျက်တာတွေ များပြီး ပင်ပန်းနေမယ်ဆိုရင်တော့ မေမေလောင်းတို့ဆီမှာ ဟော်မုန်းထွက်တာတွေ နောက်ကျနိုင်ပါတယ်။ ဒီအခါမှာ သားဥကြွေတာတွေလည်း မရှိတော့ဘဲ ကိုယ်ဝန်ရဖို့ ခက်နိုင်ပါတယ်။

စိတ်ဖိစီးမှုတွေ လျှော့ချပါ

စိတ်ဖိစီးမှုတွေ ရှိနေမယ်ဆိုရင်တော့ သုတ်ရည်ထုတ်တဲ့အခါမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ အတတ်နိုင်ဆုံး လျှော့ချပါ။ သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ယောဂကျင့်ခြင်း ရေကူးခြင်း၊ နဲ့ အနှိပ်နယ်ခံခြင်းတွေ ပြုလုပ်ပါ။

ကျန်းမာအောင် နေပါ (Photo by Reddit)

ကိုယ်အလေးချိန် ထိန်းပါ

ကိုယ်အလေးချိန်ဟာ ကိုယ်ဝန်မြန်မြန်ရဖို့အတွက် အကူညီဆုံးပါ။ ပုံမှန်ကိုယ်အလေးချိန်ဆိုတာဟာ BMI လို့ခေါ်တဲ့ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (၁၈.၅) နဲ့( ၂၅ )ကြား ရှိနေခြင်းပါ။ ပိန်လွန်းရင် ဒါမှမဟုတ် ဝလွန်းရင် ဟော်မုန်းပမာဏနဲ့ သားဥကြွေခြင်းကို ထိခိုက်စေမှာဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါလိမ့်မယ်။ အဝလွန်တဲ့ အမျိုးသားတွေရဲ့ သုတ်ကောင်တွေဟာလည်း ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသားရဲ့ သုတ်ကောင်တွေလောက် အရည်အချင်း မပြည့်မှီပါဘူး။

အချိန်ကိုက် လိင်ဆက်ဆံခြင်း

ဖေဖေလောင်းရော မေမေလောင်းရော တစ်လလုံး လိင်ဆက်ဆံနိုင်တယ်ဆိုပေမယ့် ရာသီလာချိန်ကို သတိထားသင့်ပါတယ်။ မမျိုးဥနဲ့ အဖိုသုတ်ပိုးတို့ ပေါင်းစုံပြီး မျိုးအောင်မှသာ ကိုယ်ဝန်ရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်  သားဥကြွေတဲ့ အချိန်တွေမှာ လိင်ဆက်ဆံပါ။  သားဥကြွေချိန်ကို ဆုံးဖြတ်နိုင်ဖို့ ကိရိယာလေးတမျိုးကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။

အစားအစာ စားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကနေ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ trans fats နဲ့ ပြည့်ဝဆီလို့ခေါ်တဲ့ အဆီတွေကို ရှောင်သင့်ပြီး monounsaturated fat ပါဝင်တဲ့ အစားအစာတွေကို ပိုစားရပါမယ်။ပရိုတင်းဓာတ်တွေ ကြွယ်ဝတဲ့ အသီးအရွက်တွေ များများစားပေးပြီး အသားကရတဲ့ ပရိုတင်းဓာတ်ကို အနည်းငယ်ပဲ စားရမှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေလည်း များများစားပါ။ အချိုနဲ့ အငန်တွေကို လည်းလျှော့စားဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။

 

 

From Kalay with


Comments

0 comments
Latest video