ယောကျာ်းတွေမှာ စိတ်ဖိစီးနေရင် မျိုးမအောင်နိုင်ဘူးလား

by: Khin Nyein Lwin
 0 comments  0 love

မျိုးအောင်ဖို့ဆိုတာ ဖေဖေလောင်းရဲ့ သုတ်ပိုးအားကောင်းဖို့နဲ့ သုတ်အရေအတွက် ကောင်းဖို့ လိုပါတယ်။ ဒါမှ မမျိုးဥလေးနဲ့ လျင်မြန်စွာတွေ့ပြီး မျိုးအောင်နိုင်မှာပါ။

ဖေဖေလောင်းတို့ရေ ဖေဖေတစ်ဦးဖြစ်ချင်တယ်ဆိုရင်တော့ မျိုးမအောင်ခြင်းတွေကို ဖြတ်ကျော်ဖို့ လိုပါတယ်။ မျိုးအောင်ဖို့ဆိုတာ ဖေဖေလောင်းရဲ့ သုတ်ပိုးအားကောင်းဖို့နဲ့ သုတ်အရေအတွက် ကောင်းဖို့ လိုပါတယ်။ ဒါမှ မမျိုးဥလေးနဲ့ လျင်မြန်စွာတွေ့ပြီး မျိုးအောင်နိုင်မှာပါ။ စိတ်ဖိစီးမှုတွေ များနေတယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ဖို့ ကြန့်ကြာနေမှာပါ။

ဖေဖေလောင်းတို့ရေ စိတ်ဖိစီးမှု‌‌ေတွကတော့ အမျိုးမျိုး ကြုံတွေ့ရတာပါပဲနော်။ အလုပ်ခွင်၊ စီးပွားရေး၊ မိသားစုနဲ့ လူမှုရေးကိစ္စတွေမှာ ဖေဖေလောင်းတို့မှာ စိတ်ဖိစီးမှု အနည်းငယ်တော့ ရှိနေမှာပါပဲ။ စိတ်ဖိစီးမှု ဟာ မျိုးမအောင်ခြင်းကို ထိခိုက်စေနိုင်တဲ့ အကြောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဖေဖေလောင်းတို့မှာ စိတ်ဖိစီးမှုတွေ များနေမယ်ဆိုရင် လိင်ဆက်ဆံခြင်းမှာ အဆင်ပြေနိုင်မှာမဟုတ်သလို သုတ်ကောင်လေးတွေရဲ့ စွမ်းရည်နဲ့ သုတ်ကောင်ပမာဏကို တိုးတက်စေမယ့် ဟော်မုန်းတွေကို လျော့ကျစေပြီး မမျိုးဥလေးတွေဆီ ရောက်အောင်မသွားနိုင်တဲ့ စွမ်းရည်ကျ သုတ်ကောင်လေးတွေ ဖြစ်သွားနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် နည်းလမ်းကောင်းလေးတွေကိုလည်း မျှဝေပေးချင်ပါတယ်

  •  ဖေဖေလောင်းတို့ရေ တရားထိုင်တာမျိုးလေး လုပ်ကြည့်ပါ။ တရားထိုင်တာ မဟုတ်ရင်တောင် စိတ်ကို ငြိမ်ငြိမ်လေး ထားပြီး သိစိတ်ကိုမှတ်တာမျိုးလေး လုပ်ကြည့်ပါနော်။
  •  ကိုယ်ဝါသနာပါတဲ့ အားကစားတွေ လုပ်ကြည့်ပါ။ ရေကူးတာ၊ ကြက်တောင်ရိုက်တာ အစရှိသလို ကိုယ်ဝါသနာပါတာလေးတွေ လုပ်ပါ။ အရမ်းစိတ်ညစ်တဲ့အခါ သီချင်းဆိုတာလည်း လုပ်ပါ။

  •  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။ အာဟာရ မျှတစုံလင်တဲ့ အစားအစာတွေ စားပါ။ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်တာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲနော်။
  •  အရင်ပုံစံလေးတွေကို နည်းနည်းလေးပြောင်းပါ။ အရင်က အလုပ်ကို ကားစီနေကျဆိုရင် လမ်းလျှောက်တာမျိုး၊ လမ်းဖြည်းဖြည်းလျှောက်နေကျဆိုရင် ခပ်မြန်မြန်လျှောက်တာမျိုးလေး ပြောင်းလဲ လုပ်ဆောင်ပါ။
  •  ဖေဖေလောင်းတို့ရေ စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့ ကိုယ့်ရဲ့ ဘယ်လိုကိစ္စမျိုးမဆို ရင်ဖွင့်တိုင်ပင်လို့ရမယ့် သူငယ်ချင်းကောင်းတစ်ယောက်လောက်တော့ ထားရှိပါ။

ဒါက ဖေဖေလောင်းတို့ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles