အခုနောက်ပိုင်း အမြွှာကလေးငယ် မွေးတဲ့ အရေအတွက် များလာတာကို မေမေတို့ သတိထားမိမှာပါ။ အရင်တုန်းက အမြွှာမွေးဖို့ အခွင့်အရေး နည်းခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ နည်းပညာသုံးပြီး အမြွှာကိုယ်ဝန်ဆောင်နိုင်ပါပြီ။ နိုင်ငံကျော်အနုပညာရှင်စုံတွဲတွေ၊ ကမ္ဘာကျော်အနုပညာရှင်နဲ့ ဆယ်လီစုံတွဲတွေ အမြွှာကိုယ်ဝန်ဆောင်ကြတာ အများစုက နည်းပညာသုံးပြီး ရယူထားတာပါ။ သူတို့ ဘယ်နည်းလမ်းတွေ သုံးခဲ့ကြလဲ။

အခုနောက်ပိုင်းမှာတော့ နည်းပညာသုံးပြီး အမြွှာကိုယ်ဝန်ဆောင်နိုင်ပါပြီ (Photo by Mother & Baby)
IVF
သူရဲ့အဓိပ္ပါယ်အပြည့်အစုံကတော့ In Vitro Fertilisation လို့ခေါ်ပါတယ်။ ကလေးရဖို့ ခက်တဲ့ စုံတွဲတွေ ဒီနည်းပညာကို အသုံးပြုကြသလို အမြွှာကိုယ်ဝန်ယူလိုသူတွေလည်း အသုံးများပါတယ်။ မေမေတို့ဆီက မမျိုးဥနဲ့ ဖေဖေတို့ဆီက သုတ်ပိုးကို ဓါတ်ခွဲခန်းထဲမှာ ပေါင်းစည်းခိုင်းပါတယ်။ အပြင်မှာ သန္ဓေအောင်ခိုင်းတာပါ။ သန္ဓေသားလောင်း ဖွဲ့စည်းပြီဆိုတာနဲ့ မေမေတို့ရဲ့ သားအိမ်ထဲ ပြောင်းထည့်ပေးပါတယ်။ ဒီ IVF နည်းနဲ့ အမြွှာကိုယ်ဝန်ယူလို့ရပါတယ်။ အမြွှာကိုယ်ဝန်ယူတဲ့သူတွေ ဒီနည်းလမ်းကို အသုံးပြုတာ များပါတယ်။

IVF နည်းနဲ့ အမြွှာကိုယ်ဝန်ယူတဲ့သူတွေ အသုံးပြုတာ များပါတယ် (Photo by Captured Joy Photography)
Fertility Medication (ဆေးသုံးပြီး သန္ဓေအောင်ခြင်း)
ဒီနည်းပညာကတော့ ပြင်ပမှာ သန္ဓေအောင်တာမဟုတ်ဘဲ မေမေတို့ရဲ့ သားအိမ်ထဲက မမျိုးဥ နှစ်ခု ထွက်လာအောင် လှုံ့ဆော်ပေးတာပါ။ သာမန်အချိန်မှာ သားအိမ်က မမျိုးဥတစ်လုံးကိုသာ ထုတ်ပေးပါတယ်။ မမျိုးဥ နှစ်ခု ထွက်လာမယ်ဆိုရင် အမွှာရမယ့် အခွင့်အရေးက များနေပါပြီ။ ဆေးဝါးပိုင်းဖြစ်တာကြောင့် မေမေတို့ရဲ့ ကျန်းမာရေးအပေါ် မူတည်ပါတယ်။ ဆရာဝန် လမ်းညွှန်တဲ့အတိုင်း အတိအကျ သောက်ရပါတယ်။
မေမေတို့အနေနဲ့ အမြွှာကိုယ်ဝန်ရချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဘယ်နည်းလမ်းကို အသုံးပြုသင့်တယ်ဆိုတာ ဆုံးဖြတ်သင့်ပါတယ်။
Comments