ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ အိမ်ထောင်ဖက်ကို ဘယ်လိုပံ့ပိုးပေးရမလဲ

by: Nang Htwe
 0 comments  1 love

ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်လိုက်ပြီလား။ ဒါဆိုရင်တော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံလေးတွေကို ဇနီးမောင်နှံ(၂)နှစ်ဦးစလုံး တွေ့ကြုံရတော့မှာပေါ့။

ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အခက်အခဲတွေ အများကြီးကြုံတွေ့ရမယ်လို့ အထင်မှားနေ တတ်ကြပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားတာက တစ်ခါတစ်ရံမှာ လနဲ့ချီပြီး ကြာတတ်ပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့သူတွေ ပြောင်းလဲရမှာကတော့ သာမန်မှုနေထိုင်တဲ့ ပုံစံတွေကနေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှု ပုံစံတွေ နဲ့ လိင်ပညာပေးတွေကိုပါ လေ့လာထားရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ အချိန်မှာ အိမ်ထောင်ဖက်အချင်းချင်း မကြာခဏ စိတ်ဖိစီးတာတွေ၊ စိတ်ပျက်တာတွေ၊ သံသယဝင်တာတွေကို တွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားတာက တစ်ခါတစ်ရံမှာ လနဲ့ချီပြီး ကြာတတ်ပါတယ် (Photo by

ကိုယ်ဝန်ယူတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့

အိမ်ထောင်ဖက်ဖြစ်တဲ့ ခင်ပွန်းသည် အနေနဲ့ ဇနီးအပေါ်မှာ လုံခြုံစိတ်ချမှု အပြည့်နဲ့ ထောက်ပံ့ပေးဖို့ လိုပါတယ်။ ဒီလိုကြိုးစားနေတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ပျက်တာတွေ စိတ်မရှည်တာတွေ ကြုံရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင်လည်း အပြစ်တင်စရာမလိုပါဘူး။ ဖြစ်တတ်တဲ့သဘာဝမို့ပါ။ ပုံစံမှန်ကန်တဲ့ လိင်ပညာပေးတွေကို လေ့လာဖို့ လိုပါတယ်။ အတူတူ နေတဲ့အချိန်မှာ စိတ်မရှည်တာတွေက ကိုယ်ဝန်ရဖို့ ခက်ခဲစေတတ်ပါတယ်။

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံ(၂)ဦးစလုံး

ဆရာဝန်တွေဆီကို သွားရောက်ဆွေးနွေးသင့်ပါတယ်။ မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးမြန်းဆွေးနွေးနိုင်ပြီး ဆရာဝန်တွေရဲ့ ညွန်ကြားချက်တွေကို လိုက်နာတာက ကိုယ်ဝန်ရဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။

Image result for pregnancy test couple

ပုံစံတွေ ပြောင်းလဲလိုက်တာက မျိုးအောင်တဲ့ သုတ်ပိုးတွေကို ရရှိစေပြီး မမျိုးဥကြွေတာကိုလည်း ထောက်ပံ့ပေးပါတယ် (Photo by Pinterest)

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ အိမ်ထောင်ဖက်

ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေ စားပေးဖို့ နဲ့ လေ့ကျင့်ခန်းပြုလုပ်ဖို့ တိုက်တွန်းပေးရပါမယ်။ ဒီလိုပြောင်းလဲမှုကို ဇနီမောင်နှံ(၂)ဦးစလုံး အတူတူပြောင်းလဲတာက ပိုပြီး ကောင်းမွန်ပါတယ်။ ဒီလိုပုံစံတွေ ပြောင်းလဲလိုက်တာက မျိုးအောင်တဲ့ သုတ်ပိုးတွေကို ရရှိစေပြီး မမျိုးဥကြွေတာကိုလည်း ထောက်ပံ့ပေးပါတယ်။

ခင်ပွန်းသည်အနေနဲ့ ဇနီးသည်ဟာ ကိုယ်ဝန်ဆောင်နိုင်ခြင်း ရှိမရှိ သိထားဖို့လည်း လိုပါတယ်။ စိတ်မပါတဲ့ ဇနီးသည်ကို ဖိအား မပေးသင့်ပါဘူး။ ဒါကြောင့် ဇနီးမောင်နှံ(၂)ဦးစလုံး သေသေချာချာ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

From Kalay with

Tag: conceiveSupportTryingWife

Comments

0 comments
Latest video