ကိုယ်ဝန်ရှိမရှိ စစ်ဆေးတော့မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  2 love

ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင် ကိုယ်ဝန်ရှိမရှိ အရင်စစ်ကြည့်ဖို့ စိတ်အားထက်သန်နေမှာပါပဲ။ ဒီလိုစစ်တဲ့အချိန်အခိုက်အတန့်လေးဟာ ကြည်နူးစရာအချိန်အခါလေးပါပဲ။

ဖေဖေလောင်း မေမေလောင်းတို့ ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင် ကိုယ်ဝန်ရှိမရှိ အိမ်မှာ အရင်စစ်ကြည့်ဖို့ စိတ်အားထက်သန်နေမှာပါပဲ။ ဒါဟာ ဖေဖေလောင်း မေမေလောင်းဖြစ်ချင်တဲ့သူတွေအတွက်တော့ ဒီလိုစစ်တဲ့အချိန်အခိုက်အတန့်လေးဟာ ကြည်နူးစရာအချိန်အခါလေးပါပဲ။ ကိုယ်ဝန်ရှိမရှိ စစ်တဲ့အခါမှာ တိကျသေချာစေဖို့အတွက် သိသင့်တာလေးတွေ ဖော်ပြလိုက်ပါတယ်နော်။

ကိုယ်ဝန်ရှိမရှိစစ်ဆေးနိုင်တဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်(photo: Naturally Daily)

ကိုယ်ဝန်ရှိမရှိစစ်ဆေးနိုင်တဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်

အိမ်မှာ ဆီးစစ်တံနဲ့ စစ်တာ ဒါမှမဟုတ် ဆေးရုံမှာ သွေးစစ်တာတို့ လုပ်လို့ရပါတယ်။ ဆီးစစ်တာဟာ (၉၉)ရာခိုင်နှုန်း တိကျမှန်ကန်ပြီး သွေးစစ်တာက ပိုပြီးမှန်ပါသေးတယ်။  ပုံမှန် ဓမ္မတာလာချိန်ထက် အနည်းဆုံး တပတ်လောက် နောက်ကျနေပြီဆိုရင် စစ်ဆေးကြည့်သင့်ပြီး  အတိကျဆုံးရလာဒ်ကို ရရှိမှာဖြစ်ပါတယ်။အရမ်းကြီး စောစစ်မိမယ်ဆိုရင် ကိုယ်ဝန်ရှိနေပေမယ့် စစ်ဆေးမှုမှာ ကိုယ်ဝန်မရှိဖူးလို့ အဖြေထွက်လာနိုင်ပါတယ်။ စစ်မယ်ဆိုရင်လည်း ဆီးထဲမှာ ဟော်မုန်းပါဝင်မှု အများဆုံးအချိန်ဖြစ်တဲ့ မနက်စောစော အချိန်မှာ စစ်ဆေးသင့်ပါတယ်။

ဆီးထဲမှာ ဟော်မုန်းပါဝင်မှု အများဆုံးအချိန်ဖြစ်တဲ့ မနက်စောစော အချိန်မှာ စစ်ဆေးသင့်ပါတယ်(photo: Naturally Daily)

မနက်စောစော သွားတဲ့ ဆီးကို

ခွက်တခုထဲမှာ ထည့်ပြီး ဆီးစစ်တံကို ဆီးထဲ နှစ်ပါ။ ဆီးစစ်တံကို ဆီးသွားရာ လမ်းကြောင်းအောက်မှာ တိုက်ရိုက်ခံပါ။ နောက်တစ်နည်းကတော့ ဆီးကို ခွက်တခုထဲထည့်ပါ။ အစက်ချတဲ့ dropper လေးကို သုံးပြီး ဆီးစက်လေးတွေကို ဆီးစစ်တံပေါ် ချပေးပါ။  ရလာဒ်ပေါ်လာချိန်ထိ မိနစ် အနည်းငယ် စောင့်ဆိုင်းပါ။ အဖြေကို ဖတ်ပါ။ ဆီးစစ်တဲ့ပစ္စည်းပေါ် မူတည်ပြီး အဖြေပြတဲ့ ပုံစံကတော့ ကွဲပါတယ်။

 ကိုယ်ဝန် ရှိနေတယ်ဆိုရင်တော့ မျဉ်းနှစ်ကြောင်းပေါ်ပါလိမ့်မယ်

အရောင် ဖော်ပြပါလိမ့်မယ်။ “ +” လက္ခဏာလေး ပေါ်ပါလိမ့်မယ်။လက်ကို သုံးပြီး စမ်းသပ်စစ်ဆေးတယ်ဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း အတူတူပဲ လုပ်ပါ။ဒါပေမယ့် နောက်ဆုံးအဆင့်မှာတော့ ဆီးစစ်ပစ္စည်းကနေ “ ကိုယ်ဝန်ရှိပါတယ်” ဒါမှမဟုတ် “ ကိုယ်ဝန်မရှိပါ” ဆိုတဲ့ ရလာဒ်တခုခုကို ခပ်ကျယ်ကျယ် အော်ပြောပါလိမ့်မယ်။

အကယ်လို့များ ကိုယ်ဝန်ရှိခဲ့တယ်ဆိုရင်တော့ ပိုပြီးသေချာသွားအောင် ဆရာဝန်ဆီ သွားလိုက်ပါ။ နောက်တစ်ခုက ကိုယ်ဝန်မရှိဘူးလို့ ပြောပေမယ့် ကိုယ်ဝန်ရှိတယ်လို့ ခံစားနေရရင်လည်း ဆရာဝန်ဆီ သွားဖို့ လိုပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x