ကိုယ်ဝန်ယူမယ့်စုံတွဲတွေ သိထားသင့်တဲ့ မမျိုးဥကြွေတဲ့လက္ခဏာများနဲ့ သုတ်ပိုးအားကောင်းအောင်

by: Editor
 15 comments  534 love

အသက်အရွယ်၊ ပတ်ဝန်းကျင်က စိတ်ဖိစီးမှုနဲ့ အစားအသောက်မှာပါတဲ့ ဟော်မုန်းတွေက မမျိုးဥတွေရဲ့အရည်အသွေးအပေါ် အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။

 မနက်ခင်းအပူချိန်က မြင့်တက်နေပြီ ဆိုရင်တော့ မမျိုးဥကြွေနေတာဖြစ်ဖို့များပါတယ်။ ယေဘုယျအားဖြင့် မမျိုးဥကြွေတဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်ဟာ (၃၆- ၃၇) ဆဲလ်စီးယပ်ကြား ရှိပါတယ်။ မနက်ခင်း အပူချိန်တိုင်းတာချက်က မှန်မမှန်ဘယ်လိုသိနိုင်မလဲ။ မနက်ခင်း အပူချိန်ကို မြင့်တက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

သ​န္ဓေအောင်ပြီး ကိုယ်ဝန်ရှိဖို့ မမျိုးဥရဲ့ ကျန်းမာရေးက အဆုံးအဖြတ်ပေးပါတယ် (Photo by gettyimage)

အဲဒီအချက်တွေဟာ မနက်ခင်းကိုယ်အပူချိန်ကို အတိအကျတိုင်းတာနိုင်ဖို့ ခဲယဉ်းစေပါတယ်

  • အိပ်ရေးမဝခြင်း၊အိပ်မပျော်ခြင်း
  • ဖျားနာခြင်း၊မူးဝေမောပန်းခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အရက်၊ဆေးလိပ်သောက်ခြင်း
  • လျှပ်စစ်စောင်နှင့်အိပ်စက်ခြင်းတို့ပါဝင်ပါတယ်။

ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ ပိုပြီးတိကျတဲ့ မမျိုးဥကြွေရက်ကို ရဖို့အတွက် အရင်ဓမ္မတာစက်ဝန်းတွေကိုပါ ပြန်ကြည့်ဖို့လိုပါလိမ့်မယ်။ ဒါကြောင့် မနက်ခင်းအပူချိန်တိုင်းတာချက်အပြင် သားအိမ်ခေါင်းအကျိအချွဲ အပြောင်းအလဲတွေ၊ မဥကြွေချိန်ဖြစ်တဲ့ ပြင်ပရုပ်လက္ခဏာပြောင်းလဲမှုတွေ ဥပမာ-ရင်သားနာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း စသဖြင့်ဖြစ်တာဟာ အကောင်းဆုံးပါပဲ။ ပိုပြီးတိကျသေချာချင်ရင်တော့ မမျိုးဥကြွေတဲ့ရက်ကို မနက်ခင်း ကိုယ်ပူချိန်ပြဇယား သုံးပြီး ဘယ်လိုတွက်ချက်ရမလဲဆိုတာကို အထူးကုတစ်ဦးဦးရဲ့ အကြံဥာဏ်ယူပြီးစောင့်ကြည့်သင့်ပါတယ်။ 

မနက်ခင်းအပူချိန်က မြင့်တက်နေပြီ ဆိုရင်တော့ မမျိုးဥကြွေနေတာဖြစ်ဖို့များပါတယ် (Photo by gettyimage)

 မမျိုးဥရဲ့အရည်အသွေးမြှင့်တင်ခြင်း

မမျိုးဥရဲ့အရည်အသွေးက သန္ဓေအောင်ဖို့အတွက် အခြေခံဖြစ်ပါတယ်။ သ​န္ဓေအောင်ပြီး ကိုယ်ဝန်ရှိဖို့ မမျိုးဥရဲ့ ကျန်းမာရေးက အဆုံးအဖြတ်ပေးပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မမျိုးဥတွေကိုကာကွယ်ဖို့နဲ့ မမျိုးဥအိမ်တွေကို ပိုပြီး ရှည်လျားစေဖို့ စားသောက်နေထိုင်မှုပုံစံတွေကနေတဆင့် ကျန်းကျန်းမာမာ နေထိုင်သင့်ပါတယ်။ အသက်အရွယ်၊ ပတ်ဝန်းကျင်၊အစားအသောက်မှာပါတဲ့ ဟော်မုန်း၊စိတ်ဖိစီးမှုစသဖြင့် မမျိုးဥတွေရဲ့အရည်အသွေးအပေါ် အကျိုးသက်ရောက် တဲ့အရာတွေအများကြီးရှိပါတယ်။

မမျိုးဥရဲ့စက်ဝန်း

မမျိုးဥ အရည်အသွေးကို မြှင့်တင်ပေးဖို့လိုပါတယ်။ ဒီလိုမြင့်တင်ရာမှာ အောက်ပါအချက်တွေက မမျိုးဥအပေါ် ကောင်းကျိုး ရော ဆိုးကျိုးပါ သက်ရောက်နိုင်ပါတယ်။

  • သွေးပမာဏ
  • အောက်ဆီဂျင်ပမာဏ
  • ဟော်မုန်းထိန်းညှိမှု
  • အစာအာဟာရ
  • စိတ်အခြေအနေ

ဒါတွေကလည်း မမျိုးဥအရည်အသွေးကို မြှင့်တင်ဖို့  အာရုံစိုက်သင့်တဲ့ အရာတွေဘဲဖြစ်ပါတယ်။

ဖေဖေလောင်း သုတ်ပိုးအားကောင်းစေဖို့ ဒါတွေစားပါ

ဖေဖေလောင်းတို့ရေ ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးနဲ့ မမျိုးတွေဆုံမှပါ။ သုတ်ပိုးတွေ အရည်အသွေးရော ၊ အရေအတွက်ပါ ပြည့်မီမှသာ မမျိုးဥလေးဆီ ရောက်အောင်သွားနိုင်မှာပါ။ဖေဖေလောင်းတို့ရေ ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးနဲ့ မမျိုးတွေဆုံမှပါ။ သုတ်ပိုးတွေ အရည်အသွေးရော ၊ အရေအတွက်ပါ ပြည့်မီမှသာ မမျိုးဥလေးဆီ ရောက်အောင်သွားနိုင်မှာပါ။ ဒီတော့ သုတ်ပိုးတွေ အားကောင်းဖို့ လိုပါတယ်နော်။ သုတ်ပိုးအားကောင်းဖို့ဆိုတာ အစားအသောက်၊ အနေအထိုင်ပေါ်မှာ မူတည်ပါတယ်။ သုတ်ပိုးအားကောင်းဖို့ အစားအစာတွေ စားပေးလို့ ရတယ်ဆိုတော့ ဖေဖေတို့ ဘာတွေစားရမလဲ ပြောပြမယ်နော်။

ဟင်းနုနွယ်

ဖေဖေလောင်းတို့ သုတ်ပိုးထုတ်လုပ်ဖို့ ဖောလစ်အက်ဆစ် လိုအပ်ပါတယ်။ အကယ်လို့များ ဖေဖေလောင်းမှာ ဖောလစ်အက်ဆစ်ဓါတ် လုံလုံလောက်လောက် မရှိဘူးဆိုရင် သုတ်ပိုးလေးတွေဟာ ပုံသဏ္ဍန် မမှန်တော့ပါဘူး။ ပြီးပြည့်စုံတဲ့ သုတ်ကောင်လေး မဟုတ်ရင် မမျိုးဥဆီ ရောက်အောင် မသွားနိုင်ပါဘူး။ ဒါ့အပြင် ပုံသဏ္ဍန်မမှန်တဲ့ သုတ်ပိုးလေးတွေ မျိုးအောင်ပြီး သန္ဓေတည်ခဲ့မယ်ဆိုရင်လည်း ကလေးမှာ ချို့ယွင်းတာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်ရရှိဖို့ ဟင်းနုနွယ်နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

ကြက်ဥ

ကြက်ဥက ဖေဖေလောင်းတို့ရဲ့ သုတ္ပိုးအရေအတွက်နဲ့ သုတ်ကောင်ရွေ့လျားနိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကြက်ဥမှာ ဗီတာမင် E နဲ့ ပရိုတင်းဓါတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်တဲ့အတွက် သုတ်ပိုးအရေအတွက်ကို လျှော့ကျစေတဲ့ ဓါတ်တိုးပစ္စည်းတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကလည်း ဖေဖေလောင်းတို့ရဲ့ သုတ်ပိုးအရေအတွက် ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးပါပဲ။ ငှက်ပျောသီးမှာ သုတ်ပိုး ထုတ်လွှတ်မှုနဲ့ သုတ်ပိုး ကျန်းမာဖို့ မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် အေ ပါဝင်ပါတယ်။ ပြီးတော့ ငှက်ပျောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းလည်း သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသေးတယ်။

အမည်းရောင် ချောကလက်

ဖေဖေလောင်းတို့ရေ အချစ်ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ချောကလက် အမည်းမှာ သုတ်ရည်ပမာဏနဲ့ သုတ်ပိုးအရေအတွက် မြင့်မားစေတဲ့ အမီနိုအက်စစ်တစ်မျိုးဖြစ်တဲ့ အယ်လ်အာဂျနင်းအိတ်ချ်စီအယ် ပါဝင်ပါတယ်။ ဒါဟာ လိင္ဆက္ဆံတဲ့အခါ ဆန္ဒပြီးမြောက်ခြင်းတွေ အပေါ်မှာလည်း အကျိုးသက်ရောက်စေပါတယ်။

အဝလွန်တဲ့ အမျိုးသားတွေရဲ့ သုတ်ကောင်တွေဟာလည်း ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသားရဲ့ သုတ်ကောင်တွေလောက် အရည်အချင်းမပြည့်မှီတာကို တွေ့ရှိရပါတယ်။ အမျိုးသားတွေမှာဆိုရင်တော့ စိတ်ဖိစီးမှုဟာ သုတ်ရည်ထုတ်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်သီချင်းနားထောင်ခြင်း၊စာအုပ်ဖတ်ခြင်း၊ယောဂကျင့်ခြင်း၊ရေကူးခြင်း၊အနှိပ်နယ်ခံခြင်း ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားပြောခြင်းကလည်း စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

အိပ်ရေးဝဝအိပ်ခြင်းဟာ စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ မျိုးအောင်နိုင်စွမ်းအားနည်းတဲ့ အမျိုးသမီးတွေမှာ leptin ဆိုတဲ့ ဟော်မုန်းပမာဏ နည်းပါးနေတယ်ဆိုတာကို လေ့လာချက်တွေအရ တွေ့ရှိရပါတယ်။ ပင်ပန်းနွမ်းနယ်တဲ့ ခန္ဓာကိုယ်ကနေ leptin ဟော်မုန်းထွက်ရှိမှု နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ညကို အနည်းဆုံး ခုနှစ်နာရီလောက် ရအောင် အိပ်ပါ။ ဆရာဝန်ဆီမှာ သွားမပြခင် ဖော်ပြထားတဲ့အချက်လေးတွေကို အရင်လုပ်ကြည့်နော်။

 သုတ်ပိုးအားကောင်းစေဖို့ စားရမယ့် အစားအစာတွေကို သိရှိပြီးပြီဆိုတော့ ကိုယ်ဝန်ရနိုင်ဖို့ စားဖို့ လိုအပ်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles