တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရစေမယ့် နည်းလမ်းများ

by: Editor
 0 comments  1 love

တားဆေးဖြတ်ပြီး ကိုယ်ဝန်မြန်မြန် ရချင်ရင်တော့ သားအိမ်အားကောင်းဖို့ လိုတယ်နော်။ သားအိမ်အားကောင်းဖို့ ဒါလေးတွေ လိုက်နာကြည့်ပါ။

တားဆေး သောက်ထားတာကို ဖြတ်လိုက်ပြီး မေမေဖြစ်ချင်တဲ့သူတွေရှိလား။ တားဆေးဖြတ်ပြီးတဲ့အခါမှာ တချို့မေမေလောင်းတွေက ကိုယ်ဝန်ရရှိဖို့ ကြာသွားတယ်၊ နှောင့်နှေးတယ်၊ ခက်တယ်လို့ ဆိုကြပါတယ်။ တားဆေးတွေဟာ ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေတာကြောင့် မမျိုးဥ ကြွေခြင်းကိုလည်း အနှောင့်အယှက် ပေးပါတယ်။

တားဆေးဖြတ်ပြီး ကိုယ်ဝန်ရရှိဖို့ ခက်ခဲနေတယ်ဆိုရင် ဟော်မုန်းတွေ ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့နဲ့ သားအိမ် အားကောင်းဖို့ လုပ်ဆောင်သင့်ပါတယ် (Photo by gettyimage)

ကိုယ်ဝန်မြန်မြန်ရဖို့ လုပ်ဆောင်ရမှာက

၁။ သားအိမ်အားကောင်းစေဖို့ လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ဖို့ လိုပါတယ်။ ဆောင့်ကြောင့်ထိုင်တာတွေ ရှောင်ပါ။ လေ့ကျင့်ခန်းအနေနဲ့ တင်ပါးလေ့ကျင့်ခန်း၊ ရေကူးတာနဲ့ ပြေးတာတွေ လုပ်ပါ။

၂။ သားအိမ်ကြွက်သားအားကောင်းစေဖို့ဆိုတာ ကိုယ့်ရဲ့လက်တွဲဖော်နဲ့လည်း ဆိုင်ပါတယ်။ အမျိုးသားအင်္ဂါမှာ ရှိနေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေဟာ သားအိမ်ထဲကို ရောက်သွားမယ်ဆိုရင် ကြွက်သားတွေ အားလျော့စေတဲ့အပြင် မမျိုးဥ ကြွေခြင်းကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။

တားဆေးဖြတ်ပြီးတဲ့အခါမှာ တချို့မေမေလောင်းတွေက ကိုယ်ဝန်ရရှိဖို့ ကြာသွားတယ်၊ နှောင့်နှေးတယ်၊ ခက်တယ်လို့ ဆိုကြပါတယ် (Photo by The Cheat Sheet)

၃။ မေမေဖြစ်ချင်တဲ့သူတွေ ဖောလစ်အက်ဆစ်လေး ကြိုသောက်နော်။ ဒီဆေးတွေက သံဓါတ်အားဖြည့်ပေးပြီး မေမေလောင်းတွေ ကျန်းမာရေးအတွက် အထောက်အကူပြုလွန်းတဲ့ဆေးပါ။

၎။ မေမေလောင်းတို့ရေ ဆီးသွားချင်စိတ်ကို ထိန်းချုပ်မထားပါနဲ့။ ဆီးသွားတာကို ထိန်းချုပ်ထားမယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်နိုင်ပြီး ဆီးလမ်းကြောင်းကနေ တဆင့် မိန်းမကိုယ်ထဲ ဝင်ရောက်ကာ သားအိမ်ကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

၅။ မေမေလောင်းတို့ ကိုယ်တိုင် ဆေးလိပ်သောက်ခြင်းနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းတွေကို ရှောင်ရပါမယ်။ ဆေးလိပ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အချိန်ကြာလာတဲ့အခါ သားအိမ်ကို နာကျင်လာစေနိုင်ပါတယ်။

၆။ သားအိမ် အားကောင်းခြင်းဆိုတာ ရာသီ ပုံမှန်လာတဲ့ ဖြစ်စဉ်နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ရာသီလာတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေး နေပေးပါ။ သားအိမ်မှာ အအေးဓါတ်တွေ ခံစားမိနေရင် နာကျင်မှုကိုပါ ခံစားရနိုင်ပြီး မျိုးမအောင်ခြင်းကိုပါ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အအေးစာတွေ နည်းနည်းရှောင်ပေးနော်။ သားအိမ်အားကောင်းဖို့ အတွက်ပါ။

၇။ မနက်စာဆိုတာ တစ်နေ့လုံးအတွက် အားအဖြည့်နိုင်ဆုံး အစားအစာပါ။ မနက်စာ ပုံမှန်စားပါ။ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ အာဟာရဓါတ်တွေ  ပြည့်နေမှ ကျန်းမာပြီး သားအိမ်လည်း ကောင်းမွန်မှာပါ။ ဒါမှလည်း ကိုယ်ဝန်ဆောင်နိုင်မှာပါနော်။

ဒီလို အခြေအနေတွေကြောင့် တားဆေးဖြတ်ပြီး ကိုယ်ဝန်ရရှိဖို့ ခက်ခဲနေတယ်ဆိုရင် ဟော်မုန်းတွေ ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့နဲ့ သားအိမ် အားကောင်းဖို့အတွက လုပ်ဆောင်သင့်တာတွေ ရှိပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicecaringhealthsafe


Comments

0 comments
Latest video
Refer to more useful articles