ဖောလစ်အက်စစ်ပါဝင်တဲ့ အစားအစာတွေက ကိုယ်ဝန်ယူမယ့်စုံတွဲတွေအတွက် မရှိမဖြစ်လိုအပ်သလို အိုမီဂါ(3)ပါဝင်တဲ့ အစားအစာတွေကလည်း ကြိုးစားနေတဲ့ စုံတွဲတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ အာဟာရပြည့်ဝဖို့ အရေးကြီးတာကြောင့် စုံတွဲတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ အရေးကြီးတယ်နော်။

အိုမီဂါ(၃)က မမျိုးဥထွက်ဖို့ မြင့်တင်လှုံ့ဆော်ပေးပြီး ရာသီစက်ဝန်းမှန်စေကာ ကိုယ်ဝန်အမြန်ရဖို့ အကူအညီပေးပါတယ် (Photo by livestrong)
ဖြေရှင်းပေးနိုင်တဲ့ ပြဿနာများ
ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ မထင်ထားတဲ့ ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ အိုမီဂါ(3)က ပြဿနာအကုန်လုံးကို မဖြေရှင်းပေးနိုင်ပေမယ့်လည်း ပြဿနာတော်တော်များများကို ဖြေရှင်းပေးပါတယ်။ အများဆုံးဖြေရှင်းပေးတဲ့ ပြဿနာတွေကတော့ အမျိုးသားတွေမှာ သုတ်ပိုးအရေအတွက် နည်းတာနဲ့ အမျိုးသမီးတွေမှာ ဖြစ်နိုင်တဲ့ ဥပြွန် ပိတ်ဆို့တာကို ကာကွယ်ပေးပါတယ်။ အိုမီဂါ(3)က မမျိုးဥထွက်ဖို့ မြင့်တင်လှုံ့ဆော်ပေးပြီး ရာသီစက်ဝန်းမှန်စေကာ ကိုယ်ဝန်အမြန်ရဖို့ အကူအညီပေးပါတယ်။ အိုမီဂါ(3)ပါဝင်တဲ့ အစားအစာတွေက ကိုယ်ဝန်ယူဖို့ကြိုးစားနေချိန်မှာ အထောက်အကူပြုရုံသာမက ကိုယ်ဝန်ဆောင်ချိန်မှာလည်း သန္ဓေသားလောင်းအတွက် အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ့် အမျိုးသမီးတွေ အဓိကထား စားသုံးပေးသင့်ပါတယ်။

အိုမီဂါ(၃)အစားအစာတွေက ကိုယ်ဝန်ယူဖို့ကြိုးစားနေချိန်မှာ အထောက်အကူပြုရုံသာမက သန္ဓေသားလောင်းအတွက် အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ် (Photo by Hindustan time)
အစားအစာများ
ပဲပိစပ်၊ သစ်ချသီး၊ ဆော်လမွန်ငါး၊ ငါးသေတ္တာ၊ ကန်နိုလာဆီ၊ Chia Seeds၊ ငါးကြီးဆီ၊ Flaxseeds၊ ထောပတ်သီး၊ ကြက်ဥ စတဲ့ အစားအစာတွေမှာ အိုမီဂါ(၃)ကြွယ်ဝစွာပါဝင်ပါတယ်။
ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ ဘာပြဿနာတွေကို ကြုံတွေ့ရမယ်ဆိုတာ အလိုအလျှောက်သိနိုင်မှာမဟုတ်ပါဘူး။ ဇနီးမောင်နှံ(၂)ဦးစလုံး ကျန်းမာရေးစစ်ဆေးပေးမှသာ လိုအပ်ချက်တွေကို သိလာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေအနေနဲ့ ဗီတာမင်ဓာတ်ပြည့်စုံလုံလောက်အောင် စားပေးတာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေက ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့စုံတွဲတွေအတွက် အထူးသက်ရောက်မှု ရှိတာကြောင့် ဗီတာမင်ဓာတ်စုံလင်အောင် စားသုံးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
Comments