ဘယ်လိုအစားအစာတွေက ကိုယ်ဝန်ရရှိဖို့ အထောက်အကူပြုသလဲ

by: Phyo Pyae Thu
 0 comments  0 love

သုတ်ပိုးလေးတွေ အားကောင်းအောင်၊ မမျိုးဥ ပုံမှန်ကြွေအောင်၊ မျိုးအောင်ခြင်းကို ထိခိုက်စေတဲ့ နေထိုင်မှုပုံစံတွေကို ရှောင်ရှားတာတွေလည်း လုပ်ရမှာပါ။

မေမေလောင်း ဖြစ်ချင်တဲ့သူရော ဖေဖေလောင်း ဖြစ်ချင်တဲ့သူရော ကိုယ်ဝန်ရရှိနိုင်ဖို့ဆိုတာ အဖက်ဖက်ကနေ ကြိုးစားဖို့ လိုတယ်နော်။ သုတ်ပိုးလေးတွေ အားကောင်းအောင်၊ မမျိုးဥ ပုံမှန်ကြွေအောင်၊ မျိုးအောင်ခြင်းကို ထိခိုက်စေတဲ့ နေထိုင်မှုပုံစံတွေကို ရှောင်ရှားတာတွေလည်း လုပ်ရမှာပါ။ ကိုယ်ဝန်ရရှိဖို့ အထောက်အကူပြုတဲ့ နည်းလမ်းလေးတွေလည်း ကြိုးစားကြည့်သင့်ပါတယ်။ ကိုယ်ဝန်ရရှိစေဖို့ အစားအစာတွေကလည်း အထောက်အကူပြုပါတယ်။ ဘာတွေ စားသင့်တယ်ဆိုတာ ကြည့်ကြည့်ဦးနော်။

ဒိန်ချဥ်

နို့ထွက် အစားအစာတွေလည်း နည်းနည်းတော့ စားသုံးပေးဖို့ မမေ့ပါနဲ့ (Photo by Healthline)

ဟော်မုန်း

မေမေလောင်းလေးတို့ ကိုယ်ဝန်ရရှိဖို့ သက်ရောက်မှုရှိတဲ့ မဟော်မုန်းတွေကို မျိုးဥအိမ်နဲ့ အဆီဆဲလ်တွေက စနစ်တကျ ဖြစ်စေပါတယ်။ အရမ်းပိန်ရင်လည်း ဟော်မုန်း ပမာဏ ထုတ်ဖို့ မလုံလောက်တာမို့ ကိုယ်ဝန် မရရှိနိုင်ပါဘူး။ ဝလွန်းရင်လည်း အဆင်မပြေပါဘူး။ trans fat ၊ အသားဓာတ်၊ ကစီဓာတ် ပမာဏများများ စားသုံးတဲ့ မေမေလောင်းလေးတွေမှာ မျိုးဥအိမ် မူမမှန်တာတွေ ဖြစ်နိုင်ပြီး ကိုယ်ဝန်မရနိုင်တာက (၂၀%) လောက် ဖြစ်နိုင်ပါတယ်။

မေမေလောင်းလေးတွေမှာ မျိုးဥအိမ် မူမမှန်တာတွေ ဖြစ်နိုင်ပြီး ကိုယ်ဝန်မရနိုင်တာက (၂၀%) လောက် ဖြစ်နိုင်ပါတယ် (Photo by Academy of Nutrition and Dietetics)

အသားဓါတ်

မေမေလောင်းတို့ အသားဓါတ်လည်း လိုတော့ လိုပါတယ်။ အမဲသား၊ ဝက်သားများများ စားမယ့်အစား ပဲအမျိုးမျိုး၊ အခွံမာသီးတွေ စားပါ။ ဟင်းသီးဟင်းရွက်ကရတဲ့ အသားဓာတ်က စားသောက်တဲ့ ကယ်လိုရီပမာဏရဲ့ ၅% လောက် ရှိမယ်ဆိုရင် ကိုယ်ဝန်ရမယ်လို့ အတိအကျ မဟုတ်ပေမယ့် မရမယ့် အခြေအနေတွေကိုတော့ လျှော့ချပေးပါတယ်။

နို့ထွက်ပစ္စည်း

နို့ထွက် အစားအစာတွေလည်း နည်းနည်းတော့ စားသုံးပေးဖို့ မမေ့ပါနဲ့။  ဗီတာမင် ဖြည့်စွက်စာ စားသုံးပါ။ ရှာဖွေတွေ့ရှိချက်တွေမှာ သံဓာတ်၊ folic acid နဲ့ တခြား ဗီတာမင်တွေ လုံလုံလောက်လောက်ရှိတဲ့ မေေမေလောင်းတွေမှာ ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါးတာမျိုး သိပ်မရှိပါဘူး။ မေမေလောင်းဖြစ်ချင်သူတို့ choline စားပါ။ choline က ကလေးမွေးဖွားတာကို ထိခိုက်စေတဲ့ ဗီဇသက်ရောက်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ holine ကို ဥအနှစ်၊ အမဲအသည်းနဲ့ ပန်းဂေါ်ဖီတို့ကနေ ရရှိနိုင်ပါတယ်။

မေမေလောင်းတို့ရေ ကဖင်းဓါတ်ကိုတော့ ရှောင်ပါ။ ကဖင်းဓါတ် များများ စားသုံးတာက ကိုယ်ဝန်ရရှိစေဖို့ ခက်ခဲစေပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာတောင် ကဖင်းဟာ  အန္တရာယ်များပါတယ်။ ကဖင်းက အချင်းကနေ သန္ဓေသားအထိ ရောက်သွားနိုင်ပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်စေနိုင်လို့ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles