ကိုယ်ဝန်ရဖို့ကြိုးစားနေတယ်ဆိုရင် ဒါတွေစားပါ

by: Phyo Pyae Thu
 0 comments  178 love

ပိန်လွန်းတဲ့သူတွေမှာ ကိုယ်ဝန်ရဖို့ခက်တာကြောင့် ခန္ဓာကိုယ် အားအင်ပြည့်နေဖို့လည်း လိုအပ်ပါတယ်။ ဒီလိုဆိုရင်တော့ ပရိုတင်းဓါတ်တွေ မဖြစ်မနေ ရရှိရမှာပါ။

မေမေလောင်းဖြစ်ချင်တဲ့သူတို့ရေ အစားအစာတွေက ကိုယ်ဝန်ရနိုင်တယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် ကိုယ်ဝန်ရရှိနိုင်ဖို့အတွက်တော့ အစားအစာတွေ လိုအပ်ပါတယ်နော်။ ဘယ်လို အစားအစာတွေ စားရမလဲဆိုတာတော့ ရွေးချယ်ဖို့  လိုတာပေါ့။ ဒီတော့ မေမေလောင်းလျာလေးတို့ ကိုယ်ဝန်မြန်မြန် ရအောင် အထောက်အပံ့ပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုး (Photo by 네이버 블로그)

မေမေလောင်းလေး ဖြစ်ချင်တဲ့သူတို့ရေ ပဲအမျိုးမျိုးကို မေ့ထားလို့ မရဘူးနော်။ ပဲအမျိုးမျိုးမှာ မျိုးအောင်ခြင်းကို အထောက်အကူပြုတဲ့ အာဟာရဓါတ်တွေ အများကြီးပါပဲ။ ပိန်လွန်းတဲ့သူတွေမှာ ကိုယ်ဝန်ရဖို့ခက်တာကြောင့် ခန္ဓာကိုယ် အားအင်ပြည့်နေဖို့လည်း လိုအပ်ပါတယ်။ ဒီလိုဆိုရင်တော့ ပရိုတင်းဓါတ်တွေ မဖြစ်မနေ ရရှိရမှာပါ။ ပရိုတင်းဓါတ်တွေကို ပဲအမျိုးမျိုးကနေ ရယူလို့ ရတယ်နော်။ အကယ်လို့ မေမေလောင်းလျာတို့ ပဲမကြိုက်ဘူးဆိုရင်တော့ တို့ဟူး စားလို့ ရပါသေးတယ်။

စိမ်းစိမ်းစိုစိုအရွက်များ

စိမ်းစိမ်းစိုစိုအရွက်များ (Photo by Форум)

မေမေလောင်းလျာလေးတို့ ကိုယ်ဝန်ရဖို့ကြိုးစားနေတယ်ဆိုရင်တော့ စိမ်းစိမ်းစိုစို အရွက်တွေကို စားရပါမယ်။ လတ်ဆတ်ပြီး သန့်ရှင်းတဲ့ အရွက်ဆိုရင် ဘယ်လို အရွက်ပဲ ဖြစ်ဖြစ်စားပါ။ ဆူးပုပ်ရွက်လိုမျိုးတော့ သတိထားစားနော်။ အရွက်တွေက မေမေလောင်းတို့မှာ လိုတဲ့ သံဓါတ်တွေကို အပြည့်အဝ ပေးနိုင်ပါတယ်။

ငါးအမျိုးမျိုး

ငါးအမျိုးမျိုး (Photo by Dreamstime图库)

ငါးမစားချင်ဘူး၊ ငါးမကြိုက်ဘူး ဘယ်လောက်ပဲငြင်းငြင်း ကိုယ်ဝန်ရရှိဖို့အတွက်တော့ ငါးစားရပါမယ်။ ငါးတွေမှာ ပါဝင်တဲ့ omega-3 fatty acids ဟာ မျိုးပွားတဲ့ ဟော်မုန်းတွေကို ကောင်းမွန်စေတဲ့အပြင် မျိုးပွားအင်္ဂါတွေဆီကို သွေးကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက်လည်း အထောက်အကူ ပြုပါတယ်။

သံလွင်ဆီ

သံလွင်ဆီ (Photo by Dr.OH)

မေမေလောင်းလေးတို့ရေ ဟင်းချက်တဲ့အခါ ပဲဆီကိုပဲ သုံးနေလား။ ဒါဆိုရင် သံလွင်ဆီလေး ပြောင်းသုံးကြည့်ပါ။ မေမေလောင်းတို့ စားမယ့် ဟင်းလျာထဲမှာ သံလွင်ဆီ ထည့်ချက်ပါ။ သံလွင်ဆီက သားအိမ်ကို အားကောင်းစေတာကြောင့်ပါ။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင်တော့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ များများစားပေးဖို့ မမေ့နဲ့နော်…

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles