နို့တိုက်နေချိန်မှာ နောက်ထပ်ကိုယ်ဝန် ထပ်ရနိုင်လား

by: Phyo Pyae Thu
 1 comments  10 love

မေမေတို့ရေ တချို့ သားသားမီးမီးလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အသက်အရမ်းမကွာဘဲ တစ်နှစ်လောက်ပဲ ခြားတာကို တွေ့ဖူးကြမယ်ထင်ပါနော်။ ဒါက

မေမေတို့ရေ တချို့ သားသားမီးမီးလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အသက်အရမ်းမကွာဘဲ တစ်နှစ်လောက်ပဲ ခြားတာကို တွေ့ဖူးကြမယ်ထင်ပါနော်။ ဒါက မေမေတို့ ပထမ ကလေးကို နို့တိုက်နေချိန်မှာ ဒုတိယ ကိုယ်ဝန်ရတာကြောင့်ပါ။ ဒါကြောင့် ပထမကလေးကို နို့တိုက်နေချိန်မှာ ဒုတိယ ကိုယ်ဝန် ရနိုင်ပါတယ်။

နောက်ထပ် ကိုယ်ဝန်ရနိုင်ပါတယ် (Photo by Live Science)

လိင်ဆက်ဆံခြင်း

မေမေတို့ နို့တိုက်နေတဲ့အချိန်အတောအတွင်းမှာ သန္ဓေတားဆေး တစ်ခုခု မသုံးဘဲ လိင်ဆက်ဆံမယ်ဆိုရင် ကလေးရနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေတော့ နည်းပါတယ်။ ဘာလို့လဲဆိုတော့ နို့တိုက်နေတဲ့အချိန်မှာ မျိုးပွားနိုင်စွမ်းကတော့ နည်းပါတယ်။ နို့တိုက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က နို့ထွက်စေတဲ့ ဟော်မုန်းတွေ အများကြီး ထုတ်ပေးနေရလို့ သားဥကြွေစေမယ့် ဟော်မုန်းတွေ ထွက်ဖို့ကိုတော့ တားဆီးပေးပါတယ်။ ဒါကြောင့် ကလေးကိုနို့တိုက်တာများလေလေ၊ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်ဖို့ ကြာလေလေပါပဲ။

ကလေးကိုနို့တိုက်တာများလေလေ၊ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်ဖို့ ကြာလေလေပါပဲ (Photo by Mumsnet)

ဟော်မုန်းကျဆင်းနေခြင်း

မေမေတို့ရေ ကလေးနို့စို့နားနေတဲ့အချိန်မှာဆိုရင်တော့ ဟော်မုန်းကျဆင်းနေတတ်ပြီး မေမေ့ရဲ့ ခန္ဓာကိုယ်ကို အနားပေးထားပြီးသား ဖြစ်ပါတယ်။ မေမေ့နို့အစား ဖြည့်စွက်စာ အစားထိုးကျွေးမယ်ဆိုရင်တော့ မျိုးပွားနိုင်စွမ်းက ပုံမှန်ပြန်ဖြစ်ပြီး ကလေးရနိုင်ပါတယ်။ သားဥကြွေခြင်း ပုံမှန်ပြန်ဖြစ်ဖို့အတွက် (၃) လကနေ (၈) အထိတော့ ကြာမြင့်ပါတယ်။

သားဥကြွေခြင်း*

နို့တိုက်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်ဖို့ နည်းနည်းခက်နိုင်တာ သားဥကြွေခြင်း မမှန်လို့ပါ။ တချို့ကတော့ ကလေးမွေးပြီး လအနည်းငယ်ကြာတဲ့အထိ ရာသီပြန်မလာတာတွေလည်း ရှိပါတယ်။ ကလေးမွေးပြီးပထမဆုံးသွေးမပေါ်ခင်တင်ပဲ ခန္ဓာကိုယ်က သားဥကြွေပါတယ်။ ဒါကြောင့် မျိုးပွားနိုင်မှုရဲ့လက္ခဏာတွေကိုသတိပြုထားဖို့တော့လိုအပ်တယ်။ မိန်းမကိုယ်ကနေ အချွဲတွေ ဆင်းတာဟာ သားဥကြွေခြင်းရဲ့ ပထမဆုံး လက္ခဏာပါနော်။ မိန်းမကိုယ်ကနေ ဆင်းတဲ့ အရည်တွေဟာ မျိုးပွားနိုင်စွမ်း ပြန်လည်တက်လာမယ့် သဘောပါ။ ကိုယ်အပူချိန် အနည်းငယ် တက်လာမယ်ဆိုရင်လည်း သားဥကြွေခြင်း လက္ခဏာပါ။ ပုံမှန်အရောင်မဟုတ်တဲ့ အရည်တွေ ဆင်းတာကလည်း မျိုးပွားနိုင်ခြင်းကို သက်ရောက်ပါတယ်။ ဒါဆိုရင်တော့ သားအိမ်က ပုံမှန်ပြန်ဖြစ်ပြီး ကလေးရနိုင်ပါပြီ။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles