အရမ်းပိန်လွန်းတဲ့မေမေတွေ ကိုယ်ဝန်ရဖို့ အရမ်းခက်သလား

by: Phyo Pyae Thu
 1 comments  7 love

ပုံမှန်သားမျိုးဥကြွေဖို့အတွက် အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်အဆီ (၁၇) ရာခိုင်နှုန်း လိုအပ်ပါတယ်

ကိုယ်ဝန်ရရှိဖို့ဆိုတာ ချစ်တင်းနှောတဲ့ ကိစ္စတစ်ခုတည်းနဲ့တင် လုံလောက်တော့ အရာတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ရဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတာကလည်း အလွန်အရေးကြီးပါတယ်။ ပိန်လွန်းတဲ့ မေမေတွေမှာလည်း ကိုယ်ဝန်ရဖို့ အခက်အခဲရှိသလို ဝလွန်းတဲ့သူတွေမှာလည်း ကိုယ်ဝန်ရဖို့ဆိုတာ အရမ်းတော့ မလွယ်ကူပါဘူး။ ဒီတော့ မေမေတို့ ကိုယ်ဝန်ရရှိဖို့ လွယ်တဲ့ ကိုယ်အလေးချိန်က ဘယ်လောက်လဲဆိုတာ သိထားဖို့တော့ လိုပါတယ်နော်။ ဒါမှလည်း မေမေတို့ ချိန်ဆပြီးတော့ ဆင်ခြင်နိုင်မှာပါနော်။

Related image

မေမေတို့ ကိုယ်ဝန်ရရှိဖို့ လွယ်တဲ့ ကိုယ်အလေးချိန်က ဘယ်လောက်လဲဆိုတာ သိထားဖို့တော့ လိုပါတယ်နော် (Photo by sfhost.net)

ပိန်လွန်းတဲ့ အမျိုးသမီးတွေရဲ့ ပြဿနာများ

The Advanced Fertility Center of Chicago မှ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း(BMI) နည်းတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရရှိဖို့ ခက်ခဲကြောင်းပြောထားပါတယ်။ BMI ၁၈.၅ အောက် နည်းမယ်ဆိုရင် မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။ ကိုယ်အလေးချိန်ကျဆင်းတာက အရမ်းကြီးမားတဲ့ပြသာနာမဟုတ်ဘူးဆိုပေမယ့် ကလေးရဖို့ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ပုံမှန်သားမျိုးဥကြွေဖို့အတွက် အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်အဆီ (၁၇) ရာခိုင်နှုန်း လိုအပ်ပါတယ်။

သားဥကြွေခြင်းဖြစ်စဉ်ဆိုတာဟာ သားဥအိမ်ထဲက သားအိမ်ထဲကို သားဥ လွှတ်ထုတ်လိုက်တာဖြစ်ပြီး သားအိမ်ထဲက သုတ်ပိုးနဲ့ ပေါင်းစပ်ကာ သန္ဓေအောင်မှာ ဖြစ်ပါတယ်။ အကယ်လို့များ ခန္ဓာကိုယ်မှာ အဆီနည်းနေမယ်ဆိုရင် ဦးနှောက်က ပစ်ကျုထရီဂလင်းကို လှုံ့ဆောင်မယ့် ဟော်မုန်းများ မထွက်တော့ဘဲ သားဥကြွေနိုင်ဖို့ အနှောင့်အယှက် ဖြစ်သွားစေပါတယ်။ ဒီအခါမှာ ပုံမှန်သားဥ မကြွေတာတွေနဲ့ လုံးဝမကြွေတာတွေ ဖြစ်ပြီး ကိုယ်ဝန်မရ ဖြစ်စေနိုင်ပါတယ်။ ရာသီလာမယ်ဆိုရင်တောင်မှ မျိုးမအောင်တဲ့ သွေးဆင်းခြင်း အခြေအနေတွေ ရှိတတ်တာကြောင့် ကိုယ်ဝန်ရဖို့ မသေချာနိုင်ပါဘူး။ လစဉ်ရာသီလာရုံနဲ့ ကိုယ်ဝန်ရရှိနိုင်ဖို့ အရမ်းမျှော်လင့်လို့ မရပါဘူး။

ရောဂါကြီးကြီးမားမားမရှိပါဘဲ ကိုယ်အလေးချိန်နည်းရုံ သက်သက်ပဲဆိုရင် ပုံမှန် BMI ကို ပြန်လည်ရရှိနိုင်ပါတယ် (Photo by Verywell Family)

ကိုယ်အလေးချိန်

ရောဂါကြီးကြီးမားမားမရှိပါဘဲ ကိုယ်အလေးချိန်နည်းရုံ သက်သက်ပဲဆိုရင် ပုံမှန် BMI ကို ပြန်လည်ရရှိနိုင်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တဲ့သူတွေဆိုရင် ခန္ဓာကိုယ်မှာ ရှိသင့်ရှိထိုက်တဲ့ အဆီတွေကို ထိန်းသိမ်းထားဖို့တော့ လိုပါတယ်။ သားဥမကြွေပါက ကိုယ်အလေးချိန်ပုံမှန်ထိန်းထားရင်း သားဥပြန်ကြွေအောင်လုပ်သည့် နည်းလမ်းများ ရှိကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

From Kalay with

Tag: advice

Comments

0 comments
Latest video
Refer to more useful articles
x