ကိုယ်ဝန်ရဖို့ လင်မယားတွေ ကြိုးစားတတ်ကြတဲ့ လိင်မှုအမှား(၂)ချက်

by: Swe Mar
 1 comments  8 love

မေမေလောင်း၊ ဖေဖေလောင်းတို့အနေနဲ့ ကလေးယူဖို့အတွက်တော့ ကိုယ့်ရဲ့ ပုံမှန်လိင်ဆက်ဆံလိုစိတ်နဲ့ လိင်ဆက်ဆံခြင်းကိုတော့ အပျက်မခံလိုက်ပါနဲ့နော်။

လင်မယားတွေကြား လိင်ဆက်ဆံတဲ့အခါ ကလေးရဖို့ထက် ကိုယ်အဆင်ပြေသလိုသာ လိင်ဆက်ဆံပါ

ကလေးရဖို့ လိင်ဆက်ဆံမှုလုပ်ဆောင်တယ်ဆိုတဲ့ကိစ္စဟာ ဒီအချက်ကိုပဲဦးတည်ပြီး လုပ်ဆောင်တာက မကောင်းဘူးလို့တော့ ပြောပြီးပါပြီနော်။ ဟုတ်ပါတယ်။ အခုလည်း ကလေးရဖို့ ကြိုးစားတဲ့ လိင်မှုအမှား(၂)ချက်ကို ပြောပြပါ့မယ်။ ဒီ(၂)ချက်ကို မေမေလောင်းတို့အနေနဲ့ လုပ်မိပြီးသားဖြစ်ကောင်းဖြစ်နေမှာပါ။

လုံလောက်တဲ့ လိင်ဆက်ဆံမှုမရှိတာ

ကိုယ်ဝန်လိုချင်တဲ့ စုံတွဲတွေ ထင်နေတာက လိင်ဆက်ဆံတဲ့ အကြိမ်ရေနည်းပါးခြင်းက အမျိုးသားရဲ့သုတ်ကောင် အရည်အသွေးကို ကောင်းမွန်စေတယ်ဆိုတာကတစ်မျိုး၊ နောက်တစ်ခုက မ ဥကြွေတဲ့အချိန်မှာပဲ လိင်ဆက်ဆံသင့်တယ်ဆိုတာက တစ်ဖုံ တွေးထင်တတ်ကြပါတယ်။ အဲလိုလုပ်ဆောင်ခြင်းက ကိုယ်ဝန်ကို လွယ်လွယ်ရစေတယ်လို့ စုံတွဲတွေက ထင်နေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်တာက မျိုးအောင်စေတဲ့ အချိန်ကို လွဲချော်စေပါတယ်။  တချို့အမျိုးသမီးတွေက မ မျိုးဥမကြွေဘဲနဲ့ ကြွေတယ်လို့ ထင်နေကြတာလည်း ရှိလို့ပါ။ သိတဲ့အတိုင်းပဲ ရာသီစက်ဝန်းက ပုံမှန်မဟုတ်ရင် မ မျိုးဥကြွေချိန်ကို ရေတွက်ဖို့က မမှန်ကန်နိုင်ဘူးလေ။  ဒါကြောင့် ကိုယ်ကြိုက်သလိုသာ လိင်ဆက်ဆံပါ။ ဒါပေမယ့် မ ဥကြွေမယ့် ရက်ကလေးကိုတော့ ကိုယ့်ဟာကိုယ်တွက်ချက်၊ အာရုံလေးနဲနဲစိုက်ပြီး လိင်ဆက်ဆံပေးပေါ့။

အကြိမ်ရေ များများလိင်ဆက်ဆံတာ

ကလေးလိုချင်ဇောနဲ့ တစ်နေ့တည်း အကြိမ်များများလိင်ဆက်ဆံတာမကောင်းပါဘူး။ လိင်များများဆက်ဆံလေ၊ ကိုယ်ဝန်ရဖို့ လွယ်လေလို့ တွေးကြသူတွေရှိပါတယ်။ အများယုံကြည်ထားသလို မကြာခဏလိင်ဆက်ဆံတာက သုတ်ကောင်ရဲ့ အာနိသင်ကို မလျော့ကျစေနိုင်ပေမယ့်လို့ မကြာခဏ ပြသနာဖြစ်မယ့်အလားအလာတွေလည်း ရှိပါတယ်။ ပြောပြီးသားမို့လား လိင်ဆက်ဆံတယ်ဆိုတာက ကိုယ့်ဆန္ဒသဘောအရပဲ ကောင်းတယ်ဆိုတာကိုလေ။

ကလေးရဖို့အတွက်က လိင်ဆက်ဆံမှုနဲတာ၊ များတာနဲ့ အများကြီးသက်ဆိုင်လှတာမဟုတ်ပါဘူး။ ဒါကြောင့် မေမေလောင်း၊ ဖေဖေလောင်းတို့အနေနဲ့ ကလေးယူဖို့အတွက်တော့ ကိုယ့်ရဲ့ ပုံမှန်လိင်ဆက်ဆံလိုစိတ်နဲ့ လိင်ဆက်ဆံခြင်းကိုတော့ အပျက်မခံလိုက်ပါနဲ့နော်။

From Kalay with

Tag: preparesexwellness

Comments

0 comments
Latest video