ခွဲမွေးပြီးနောက် ကိုယ်ဝန်ရနိုင်ဖို့

by: Phyo Pyae Thu
 4 comments  129 love

ဗိုက်ခွဲမွေးပြီး နောက်ပိုင်းမှာ ဘယ်အချိန်မှာ ကိုယ်ဝန်ပြန်ဆောင်လို့ ရနိုင်မလဲ ကိုယ်ဝန်ရဖို့ ဘာတွေ လုပ်ရမလဲဆိုတာ မေမေတိုင်း သိချင်ကြမှာပါ။

ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်းမှာ ရိုးရိုးမွေးတာက အကောင်းဆုံးဆိုပေမယ့် ကျန်းမာရေး အမျိုးမျိုးကြောင့်တော့ ခွဲမွေးကြရတာတွေ ရှိပါတယ်။

ဗိုက်ခွဲမွေးပြီး နောက်ပိုင်းမှာ ဘယ်အချိန်မှာ ကိုယ်ဝန်ပြန်ဆောင်လို့ ရနိုင်မလဲ၊ ကိုယ်ဝန်ရဖို့ ဘာတွေ လုပ်ရမလဲဆိုတာ မေမေတိုင်း သိချင်ကြမှာပါ။ ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်းမှာ ရိုးရိုးမွေးတာက အကောင်းဆုံးဆိုပေမယ့် ကျန်းမာရေး အမျိုးမျိုးကြောင့်တော့ ခွဲမွေးကြရတာတွေ ရှိပါတယ်။

ခွဲမွေးတယ်ဆိုတာကတော့ ကလေးမွေးတဲ့အချိန်မှ မေမေလောင်းရဲ့ ဝမ်းဗိုက်နဲ့ သားအိမ်ကို အပေါက်လေး ခွဲပြီး ကလေးကို ထုတ်တာပါ။ ဒီလိုခွဲမွေးတာမျိုးက သဘာဝမွေးဖွားမယ့်အချိန်ထက် ပိုစောမွေးလို့ရပြီး မေမေလောင်းမှာ အန္တရာယ်များနေတဲ့ အခြေအနေတွေ ရှိနေတယ်ဆိုရင်လည်း အန္တရာယ်ကင်းစေနိုင်ပါတယ်။

ခွဲမွေးထားဖူးတဲ့ မေမေတို့ အနေနဲ့ နောက်ထပ် ကိုယ်ဝန်ရဖို့ဆိုရင်တော့

ကျန်းမာရေး အခြေအနေကို ဂရုစိုက်ရပါမယ်။ ခွဲမွေးထားပြီး ဖြစ်တဲ့အတွက် နောက်ထပ်ကိုယ်ဝန်ရလို့ မွေးရင်လည်း ခွဲမွေးရမှာမို့ ခန္ဓာကိုယ်က ကျန်းမာဖို့ လိုပါတယ်။ မေမေလောင်းတို့ သက်ဦးကိုယ်ဝန် ယူသလိုပဲ ပြင်ဆင်ထားရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရမယ်။ လေ့ကျင့်ခန်း နည်းနည်း လုပ်ရမယ်။ ခန္ဓာကိုယ် အလေးချိန်ကိုလည်း ထိန်းထားရမယ်။ ကိုယ့်ရဲ့ သားအိမ်ကို အထူး ဂရုစိုက်ရပါမယ်။ ဒါမှ နောက်တစ်ကြိမ် ကိုယ်ဝန် ပြန်ရနိုင်မှာပါ။

စောင့်ရတဲ့ ကာလကတော့ ရိုးရိုးမွေးထားတဲ့ မေမေတွေလိုပဲ (၆) လကနေ (၂) နှစ်လောက်အထိ ဖြစ်နိုင်ပါတယ်။

စောင့်ရတဲ့ ကာလကတော့

ရိုးရိုးမွေးထားတဲ့ မေမေတွေလိုပဲ (၆) လကနေ (၂) နှစ်လောက်အထိ ဖြစ်နိုင်ပါတယ်။ မေမေလောင်းတို့ ခန္ဓာကိုယ်က ပုံမှန်အတိုင်း အသားကျသွားပြီဆိုမှ ကလေးပြန်ယူတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် မေမေက ကလေး တစ်ယောက်နဲ့ တစ်ယောက်ကြား အချိန်အကြာကြီး မခြားလိုဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

 ဗိုက်က အနာကျက်ဖို့နဲ့ အတွင်းက သားအိမ် အဆင်ပြေမှသာ

နောက်ထပ် ကိုယ်ဝန်ပြန်ရနိုင်မှာပါ။ နှစ်လေး နည်းနည်းလောက် ခြားနိုင်ရင် အကောင်းဆုံးပါ။ မေမေက ဗိုက်က အနာကလည်း မကျက်သေးဘူး၊ ပြီးတော့ နို့လည်း တိုက်နေသေးတယ်ဆိုရင်တော့ အာဟာရပြည့်ဖို့လိုပြီး နောက်ကိုယ်ဝန် ရဖို့ နည်းနည်းတော့ အချိန်ယူရမယ်နော်။

ဘယ်လိုပဲ ဖြစ်ဖြစ် မေမေတို့ အနေနဲ့ ခွဲမွေးပြီးနောက်ပိုင်းမှာ နောက်ထပ် ကိုယ်ဝန်ရဖို့ဆိုရင်တော့ ခန္ဓာကိုယ်ကျန်းမာဖို့ ဂရုစိုက်ရမှာ ဖြစ်ပြီး အနည်းဆုံးတော့ ပထမကလေး နို့ပြတ်မှသာ ယူသင့်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x